Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 23, 2013

“သေနတ်ပစ်အားကစားနည်းနဲ့အေးမြတ်သူ”

အခု တစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် အားကစား နည်း ၃၃ နည်းထဲက သေနတ်ပစ် အားကစားနည်းကို သရုပ်ဆောင် အေးမြတ်သူနဲ့ အတူ မြောက်ဒဂုံမြို့ နယ် သေနတ်ပစ်အဖွဲ့ချုပ်မှာ စီစဉ် ရိုက်ကူးဖြစ်ခဲ့
ပါတယ်။ အေးမြတ်သူက "ဆီးဂိမ်းဆိုတာ တကယ့်အထင် ကရ ပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ပွဲပါ။ ၂ဝ၁၃ မှာ မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောမပြတတ်အောင် ဝမ်းသာဂုဏ်ယူပါတယ်။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီးလာမယ့် နိုင်ငံခြားသားဧည့်သည် တွေ ကလည်း အများကြီးပဲ။ အကုန်လုံးကမြန်မာနိုင်ငံကို လေ့လာ ရေးအတွက်ရော၊ စီးပွားရေးအတွက်ရော နိုင်ငံတွေ အကုန်လုံးက စူးစမ်းနေကြတယ်။ မြန်မာနိုင်ငံအတွက် ၂ဝ၁၃ ဆီးဂိမ်းကြောင့် Travellingကနေ ဝင်ငွေတွေ အများကြီး တိုး နိုင်မယ်။ ကိုယ့်နိုင်ငံကို စိတ်ဝင်စားတဲ့ လူတွေ အများကြီး လာကြမယ် ဆိုတော့ အဘက်ဘက်က ကောင်းတဲ့ လက္ခဏာတွေပါပဲ"လို့ပြော ပါတယ်။

မိန်းကလေးဖြစ်ပေမယ့် သိပ်နွဲ့နွဲ့ လျလျ မနေတတ်တဲ့အတွက် ငယ်စဉ် ကတည်းက ခပ်ကြမ်းကြမ်း အားကစားနည်းတွေကို ကစားခဲ့တဲ့ အေးမြတ်သူ က "ငယ်ငယ်တုန်းက ၇ တန်း၊ ၈ တန်းလောက်က ဘော်လီဘော တအား သဘောကျတယ်။ ကျောင်းမှာ ကစားဖူးတယ်။ ကစားရင်းနဲ့ အခန့်မသင့်တော့ လက်မှာ အကြောထုံးသွားတယ်။ နောက်ပိုင်းတော့ သိပ်မကစားဖြစ်တော့ဘူး။ အခုရိုက်တဲ့ သေနတ်ပစ် အားကစားနည်းကိုလည်း သဘောကျတယ်။ မိန်းမဖြစ်ပေမယ့် နွဲ့နွဲ့လျလျ သိပ်မနေတတ်တော့၊ ခပ်မာမာ ခပ်ကြမ်းကြမ်း တွေ သဘောကျတာများတော့ သေနတ်ပစ်အားကစားနည်းကို သဘောကျ တယ်"လို့ ပြောပြခဲ့ ပါတယ်။

ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ ဆုတွေအများကြီးရစေချင်တဲ့ အေးမြတ်သူက "အခါအခွင့်ကြုံမယ်ဆိုရင် ဆီးဂိမ်းပြိုင်ပွဲက နေပြည်တော်မှာပဲဖြစ်စေ၊ ရန်ကုန်မှာ ဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ အားပေးချင်ပါတယ်။ ကိုယ့်မြန်မာ နိုင်ငံသားတွေ မြန်မာ့မြေမှာ နိုင်တာတွေပဲ မြင်ချင်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာ နိုင်ရတဲ့ အနိုင်က ကိုယ်ချစ်တဲ့ ပရိသတ် တွေအများကြီး၊ ကိုယ့်ကို အားပေးတဲ့ မိသားစုတွေ တစ်စုတစ်ဝေးတည်းရှိတဲ့ မြန်မာနိုင်ငံ ဆိုတော့ ကိုယ်က တစ်ပန်းပိုသာပါတယ်။ ဆုတွေ အများကြီးရအောင် ကြိုးစားစေချင် ပါတယ်။ နိုင်ငံ့ဂုဏ်ကို ဆောင် နိုင်တာ အားကစားသမား တွေပါပဲ။ ၂ဝ၁၃ ဆီးဂိမ်းမှာ အားကစားသမားတွေက မြန်မာ နိုင်ငံရဲ့ဂုဏ်ကို အများကြီး မြှင့် တင်နိုင်မယ်လို့ ယုံကြည်ပါတယ်"လို့ ပြောပါတယ်။

သေနတ်ပစ် အားကစားနည်းအတွက် ချီးမြှင့်မယ့် ဆု တံဆိပ်အရေအတွက်က ရွှေ ၁ဝ ခု၊ ငွေ ၁ဝ ခု၊ ကြေး ၁ဝ ခု၊ စုစုပေါင်း အခု ၃ဝ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်
 Popular Journal
 






No comments:

Post a Comment