CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
“အနုပညာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ပံ့ပိုးမှုအကြောင်းပြောသူ ဟိန်းဝေယံ”
ဒါရိုက်တာကျော်ဇရိုက်ကူးထားပြီး
ဟိန်းဝေယံ၊စွမ်း၊ရဲအောင်၊ ခန့်စည်သူ၊ မင်းရာဇာ၊စွမ်းရည်၊
ထွန်းထွန်းဝင်း၊ဇော်ဦး၊ ချိုပြုံး၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊
စိုးပြည့်သဇင်၊ မေသက်ခိုင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့
'အမုန်းမီးတောက်'ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသတော့မှာဖြစ် ပါတယ်။
ဒီဇာတ်ကားကြီးက အချစ် မေတ္တာဘွဲ့ဇာတ်လမ်းလည်းဖြစ်ပြီး ဟိန်းဝေယံက ခန့်စည်သူ၊မြတ်ကေသီအောင်တို့ရဲ့
သားတစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့
ပတ်သက်ပြီး ဟိန်းဝေယံက "ဒီဇာတ် ကားလေးက မိသားစုနှစ်စု အမုန်းအာဃာတတွေ
ထားကြတယ်။ ဒရာမာကား လေးပေါ့။ ဒီကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ကတော့
အများကြီးပါပဲ။ အနုပညာရှင်တွေအားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ကြိုးစားထားတဲ့
ကားလေးပါ။ ရိုက်ကူးတုန်းကလည်း တအားပျော်စရာ ကောင်းပါတယ်"လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ပရိသတ်တွေကြိုက်တဲ့ ဇာတ်လမ်းမျိုးကို ပိုရိုက်ဖြစ်ကြောင်း
ပြောတဲ့ ဟိန်းဝေယံက ကိုယ့်တစ်ဦးတစ်ယောက်တည်း ဇာတ်ကိုကြည့်ပြီး ရိုက်တာမျိုး
မဟုတ်ဘဲ ထုတ်လုပ်သူ၊ ဒါရိုက်တာတွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး
ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးဖြစ်ကြောင်းပြောပါတယ်။
အနုပညာလောကမှာ မိဘပံ့ပိုးမှုက ရာခိုင်နှုန်း တော်တော်များများပါကြောင်း
ဆိုလာသူ ဟိန်းဝေယံက "ကျွန်တော့်မိဘရဲ့ ပံ့ပိုးမှုက ရာခိုင်နှုန်း တော်တော်
များများပါပါတယ်။ အနုပညာစလုပ်ခါစက ကျွန်တော်ဒီအလုပ်ကို ဝါသနာပါ တယ်။
ကြိုးစားချင်တာနဲ့ မိဘတွေက ကျွန်တော့်ကို ပံ့ပိုးပေးကြတယ်။
မိဘရဲ့ပံ့ပိုးမှုကြောင့် ဒီအလုပ်ကို သေသေချာချာ လုပ်ဖြစ် လာတယ်။ အခု
ကျွန်တော်လုပ်နေတဲ့ ကာလတစ်လျှောက်မှာလည်း ကျွန်တော့်မိဘတွေက ပံ့ပိုးပေးတယ်။
တိုင်ပေးတယ်။ ဘာပဲပြောပြော ကျွန်တော့် မိဘတွေရဲ့ပံ့ပိုးမှု က အနု
ပညာအလုပ်မှာ ရာခိုင်နှုန်း တော်တော် များများပါ ပါတယ်" လို့ပြောပါ တယ်။
တွယ်တာ
Popular Journal
<<Thank
“အနုပညာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ပံ့ပိုးမှုအကြောင်းပြောသူ ဟိန်းဝေယံ”
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
April 23, 2013
Rating:
5
No comments:
Post a Comment