Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 2, 2013

ကမ္ဘာ့အကြီးဆုံး ဆားပြင်ကျယ်


နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ Uyuni ဆားပြင်ကျယ်ဟာ ကမ္ဘာ့အကြီးဆုံးဆားပြင်ကျယ်ကြီးဖြစ်ပါတယ်...

အကျယ်အဝန်းအားဖြင့် 10852 စတုရန်းကီလိုမီတာ (4086 စတုရန်းမိုင်) ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် 3656 မီတာ (11995 ပေ) အမြင့်မှာတည်ရှိပါတယ်...

သူ့ရဲ့ကျယ်ပြန့်လှတဲ့ အဖြူရောင်မြင်ကွင်းနဲ့ မိုးရာသီမှာတွေ့မြင်ရတဲ့ တညီတညာတည်းအရောင်ပြန်နေတဲ့ မျက်နှာပြင်တွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဓာတ်ပုံဝါသနာရှင်တွေအကြားမှာ ထင်ရှားပါတယ်...

ဒီဆားပြင်ကျယ်ကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၀၀၀ လောက်က ဒီနေရာကိုဖုံးလွှမ်းတည်ရှိတဲ့ ရေကန်ကြီးခြောက်ခန်းသွားရာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်

No comments:

Post a Comment