လာမည့် မေလတွင် အင်တာနက်အား စွဲစွဲလမ်းလမ်း အသုံး ပြုခြင်းကို စိတ်ရောဂါ အခြေအနေ တစ်ခုအဖြစ် သတ်မှတ်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်ကို နိုင်ငံတကာ စိတ်ကျန်းမာရေး စောင့်ကြည့်ရေး အဖွဲ့မှ ဆုံးဖြတ်ခြင်း ဖြစ်ပြီး အင်တာနက် အသုံးပြုမှု လွန်ကဲခြင်းကြောင့် မဖြစ်သင့်သည့် အခင်း ကိစ္စများ ဖြစ်ပေါ် လာခြင်းကြောင့် ယခုလို သတ်မှတ် လာရခြင်း ဖြစ်ကြောင်း၊ ဂိမ်းစွဲလမ်းစွာ ကစားခြင်းအား စိတ်ရောဂါ အခြေအနေ တစ်ခုအဖြစ် စိတ်ပညာရှင် များက လက်ခံထား ကြပြီး ဂိမ်းစွဲနေသူ လူကြီး၊ လူငယ် မရွေး အသက် အန္တရာယ် စိုးရိမ်ရသည့် အနေ အထားတွင် ရှိကြောင်း သိရသည်။
အထူးသဖြင့် ယနေ့ခေတ် လူငယ်များမှာ ဂိမ်းစွဲစွဲ လမ်းလမ်း ဆော့ကစား ခြင်းကြောင့် သေဆုံးသူ အရေအတွက် များလာကြောင်း၊ သြစတြေးလျ နိုင်ငံမှ ဂိမ်းစွဲသူ များအား ဂိမ်းဖြတ် ရန် ၀န်ဆောင်မှု ပေးမည့် ကျန်းမာရေး အဖွဲ့ တရားဝင် ထားရှိကြောင်း၊ အင်တာနက် စွဲစွဲလမ်းလမ်း အသုံးပြုမှု ကိုလည်း လာမည့် မေလတွင် အတည်ပြု၍ စိတ်ရောဂါ အခြေအနေ တစ်ခုအဖြစ် ကြေညာရန် အလားအလာများ ရှိကြောင်း သိရသည်။
http://bit.ly/ZesK52
မြ၀တီ

No comments:
Post a Comment