Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 3, 2013

ကီးဘုတ်မလိုဘဲ လေထဲမှာ စာရိုက်နိုင်မည့် လက်အိတ်ဆန်း


 
  BY ITTIMES

လက်လှုပ်ရှား မှုများကို အသေးစိတ် အာရုံခံနိုင်သည့် ဆင်ဆာများ တွဲဖက်တပ် ဆင်ထားသော လက်အိတ် ဆန်း တစ်မျိုးကို ဂျာမန်သု တေသီများက တီတွင် လိုက် ပြီဖြစ်သည်။အဆိုပါ လက်အိတ်ကိုသာ ၀တ်ဆင် ထား မည်ဆိုလျှင် ကီးဘုတ်မလိုဘဲ လေထဲမှာ ပုံရိပ် ရေးဆွဲ ပုံရုံဖြင့် ကွန်ပျူတာနှင့် ဖုန်းများမှာ စာသား များပေါ်လာမည်ဖြစ်သည်။လေထဲမှာ စာရိုက် နိုင်သည့် အဆိုပါစက်ကို ဂျာမန်သိပ္ပံ ပညာရှင်များက Airwriter ဟုတင် စားထားကြသည်။အဆိုပါ လက်အိတ်သည် လက်လှုပ်ရှားမှု မှန်သမျှကို အသေးစိတ် မှတ်တမ်း တင်နိုင်မည် ဖြစ်သောကြောင့် မက်ဆေ့ခ်ျများကို အလွယ်တကူ ပေးပို့နိုင်မည့်အပြင် ကွန်ပျူတာများနှင့် ဖုန်းများကို ကြိုးမဲ့စနစ်ဖြင့် အမိန့်ပေးခိုင်း စေရာမှ လည်း ပိုမိုအ သုံးဝင်မည် ဖြစ်ကြောင်း ဂျာမနီရှိ Karlsruhe တက္ကသိုလ်မှ သုတေသန ရလဒ်များ အရသိရသည်။

( ITTIMES )

No comments:

Post a Comment