အင်္ဂလန်နိုင်ငံတောင်ပိုင်း
ဝင်ဘယ်လ်ဒန်မြို့ မှာ နေထိုင်တဲ့ အသက် ၁၇ နှစ် အရွယ် အထက်တန်း
ကျောင်းသားလေးတယောက်ရဲ့ ကွန်ပျူတာ ပရိုဂရမ်ကို ကမ္ဘာကျော် Yahoo
ကုမ္ဗဏီကြီးက ဒေါ်လာ သန်းသုံးဆယ်နီးပါးပေးပြီး ၀ယ်ယူသွားပါတယ်။ နစ်(က်) ဒီ
အလိုဆီယို အမည်ရှိတဲ့ ကျောင်းသားလေးဟာ ဆမ်မလီ (Summly) အမည်ရှိတဲ့
ကွန်ပျူတာ ပရိုဂရမ်ကို တီထွင်ရေးဆွဲသူဖြစ်ပါတယ်။ သည်အစီအစဉ်က
သတင်းအချက်အလက် တွေကို စုဆောင်းတင်ပြပေးသလို အင်တာနက်စီးပွားရေးလုပ်ငန်းနဲ့  သန်းကြွယ် သူဌေးများ ဖြစ်လာကြတဲ့ ဆယ်ကျော်သက်အုပ်စုတွေကို လည်း
ချိတ်ဆက်ပေးထားပါတယ်။ နစ်(က်) ဒီ အလိုဆီယို ဟာ သည်ငွေတွေကို
ငွေကြေးထိန်းသိမ်းရေးအဖွဲ့ တခုဆီမှာ အပ်နှံထားမှာ ဖြစ်တယ် လို့ 
ဆိုပါတယ်။ ယခုအချိန်မှာ တော့ သူဟာ တက္ကသိုလ်ပညာရေးသင်ကြားခွင့် စာမေးပွဲကို ဖြေဆိုဖို့ ပြင် ဆင်နေ ပါတယ်။
DVB Youth Voice
DVB Youth Voice
No comments:
Post a Comment