CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9
ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း
မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV
စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။
တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင်ပေးပါတယ်။
ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို
ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက်
ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ
ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊
အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်ပြန်ပြင်ရလောက်အောင်
အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnology) ဖြစ်ပါတယ်။ နာနို
နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့
နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား
ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း
ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က
အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။
ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြေင့်သော်လည်းကောင်း၊
အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင်
နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည်
ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့
အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။
ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မယ်လို့
ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ
အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို
လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့
ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို
စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။
မဝေးတော့တဲ့အနာဂတ်မှာ
ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း
အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
--
Ref:Audi
ColayOnline:Automobile
(ColayOnline:Automobile )
ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2013
Rating:
5
No comments:
Post a Comment