လင်ကွန်း MKC Concept ကား
Ford Escape နဲ့ သိပ်မကွာနဲ့ SUV တစ်မျိုးကို အမေရိကန် Ford က ဒတ်ထရွိုက်မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသခဲ့ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ ကား ဖြစ်ပြီး Lincoln MKC လို့အမည်ပေးထားတဲ့ ကား ဖြစ်ပါတယ်။ ဒီဇိုင်းသားနားပြီး အင်ဂျင်လုပ်ဆောင်ချက်က သဘာဝ ပတ်ဝန်းကျင်နဲ့ လျော်ညီမှာ ဖြစ်ပါတယ်။ ၂၀၀၀ စီစီ အီကိုဘွတ်စ် ဆလင်ဒါ လေးလုံးတပ် အင်ဂျင်ကို အသုံးပြု ထားပြီး ဆီစား သက်သာ မှာ ဖြစ်ပါတယ်။
Concept သာဆိုပေမယ့် အတွင်းမှာ ပါတဲ့ နည်းပညာအားလုံးက စမ်းသပ် အောင်မြင်ပြီးသား ဖြစ်တဲ့အတွက် ၂၀၁၄ မှာ သေချာထွက်မယ့် ကား ဖြစ်ပါတယ်။ Escape ကိုပဲ အစားထိုးမလား MKC ဆိုပြီး Brand တစ်ခု အနေနဲ့ ရပ်တည်မလား ဆိုတာကတော့ မကြေညာရသေး ပါဘူး။ ဈေးနှုန်း အားဖြင့် ကတော့ အမေရိကန်ဒေါ်လာ ၁ သိန်းအောက်ဝန်းကျင်နဲ့ ပဲ ရောင်း ချနိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: autoblog
http://
ColayOnline:Automobile
No comments:
Post a Comment