Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 16, 2013

အစဉ်အလာ ကြီးမား Grand ဂျစ်- SUV ကားများ

၁၉၉၃ ခုနှစ်ကတည်းက ထုတ်လုပ်တယ်ဆိုတော့ ဆယ်နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် Jeep Grand Cherokee ဖြစ်ပါတယ်။

ဒီဇယ်၊ ဓာတ်ဆီ၊ Gasoline ဆီသုံးမျိုးနဲ့ သင့်လျော်မယ့် အကောင်းစား အင်ဂျင်များကြောင့် မြင်းကောင်ရေများ ကားလောကမှာ နာမည်ကြီး Brand တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန် Chrysler က ထုတ်တဲ့ကား ဖြစ် ပါတယ်။ ယခု ဒတ်ထရွိုက်မှာ ပြသနေတာကတော့ ၂၀၁၄ မော်ဒယ် ဖြစ်ပြီး ဒီဇယ်ဆိုရင် ၃၀၀၀ စီစီ ၊ Gasoline - ၅၄၀၀ စီစီ၊ ဓာတ်ဆီ ၆၀၀၀ စီစီ အင်ဂျင်ကားများဆိုပြီး သုံးမျိုးလောက် အနည်းဆုံး ခွဲထုတ် ပါတယ်။

ဒီဇိုင်းကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးပြီး တစ်နှစ်ထက် တစ်နှစ် အရွယ်ကျစ်လစ်လာတယ်။ အကြမ်းခံမှု ပိုအဆင့်မြင့်လာပါတယ်။ အခြားအခြား သော တိုးမြင့်မှုများကြောင့်လည်း ရောင်းအားကောင်း SUV တွေထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။

ဒတ်ထရွိုက်မှာ ပြသထားတဲ့ ၂၀၁၄ မော်ဒယ်ကို ၂၀၁၃ နှစ်လယ် နောက်ပိုင်းက စလို့ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/

 

 ColayOnline:Automobile

No comments:

Post a Comment