January 8th, 2013
အဝတ်အစားက ကိုးရိုးကား ရားနိုင်သလို လူပုံစံကလည်း ကိုးရိုး ကားရား စကားပြောရင်လည်း သူများနားထဲ ရှောရှောရှူရှူ စီးဆင်း မသွားဘဲ နားဝမှာဖြစ်ဖြစ်၊ ရင်ထဲ မှာဖြစ်ဖြစ် တစ်ခုတစ်ခု ကန့်လန့် တိုက်ပြီးမှ ဝင်ရောက်အောင် ပြော တတ်သူမှာ ရုံးက အမျိုးသမီးပင်။ထိုအမျိုးသမီးကို တတ်နိုင် သလောက် ရှောင်၊ တစ်ရုံးတည်းမို့ မျက်စိလွဲနေပေမယ့် သူ့ပုံရိပ်၊ သူ့ အသံတွေက နားထဲမှာ ကျီးအာသလို ကြားနေရပြန်တယ်။ ဒါကြောင့် တစ်ခါတလေ ဘုန်းကြီးတရားခွေ လေးကို နားထဲသွင်းထားလိုက်တယ်။ ဒါကို စားပွဲရှေ့လာရပ်ပြီး ဘာသီချင်း တွေ နားထောင်နေတာလဲ။ အာဇာ နည်လား၊ ချမ်းချမ်းလား၊ စိုင်းစိုင်း လားတဲ့။ သူ့ကို ပြန်မဖြေတော့ဘဲ နားကြပ်တစ်ဖက် အသာထိုးပေး လိုက်တော့ …”ဟေ့ … ဟေ့ ဒီမှာ မယ်ညှို့ က တရားခွေနားထောင်နေတာ … စာရင်းတွေထဲ သာဓုတွေ ထည့်ရိုက်မိနေဦးမယ်” ဆိုပြီး အသံ ကျယ်ကြီးနဲ့ တစ်ရုံးလုံးကြားအောင် အော်လိုက်တော့ ကျန်တဲ့သူတွေ အားလုံးက သူ့အသံကြောင့် မျက် လုံးလှန်ကြည့်ရင်း ပြုံးတာလိုလို၊ ဘာလိုလိုနဲ့ …။ ကိုယ့်နာမည် ‘ညှို့’ တစ်လုံးတည်းကို ရှေ့ကနေ ဘယ်သူမှ မတတ်ခိုင်းဘဲ မယ်တတ် ပြီး စီးစီးပိုးပိုး မယ်ညှို့တဲ့။ လေတိုက် တိုင်း ယိမ်းတဲ့ညောင်ကိုင်းလို ဟို စားပွဲကူး၊ ဒီစားပွဲကူးနဲ့ စကားတွေကို အလကားမတ်တင်း သယ်ယူပို့ ဆောင်ရေးလုပ်၊ သူများတွေ နည်း နည်းပါးပါး အိပ်ငိုက်နေတာကို ဟာသလုပ်သလိုလို၊ ဘာလိုလိုနဲ့ ရုံးကလူကြီးသိအောင် သွားပြော တတ်သေးတယ်။ သူပါဝင်တဲ့ ထမင်းဝိုင်းဆို ကျွန်မ တမင်ရှောင်နေမိတယ်။ ဟုတ်တာတွေရော၊ မဟုတ်တာတွေ ရော ပါးစပ်မော်တာတပ်ထားသလို အဆက်မပြတ် ပြောတတ်တယ်။ ပိုက်ဆံချမ်းသာပြီး အမြဲတမ်း သူ့ထမင်းချိုင့်က ခြောက်တိခြောက် ကပ်ပေမယ့် ဘယ်တော့မှ လေသံက မလျှော့၊ သူများဟင်းတွေကို နှိုက် စား၊ ယူစားတိုင်း ပေါ့သလေး၊ ငန် သလေး၊ စပ်သလေးနဲ့ အဆင်ပြေ တာကိုမရှိ။
အစာစားတော့လည်း စည်းကမ်းမရှိ၊ အဝတ်အစားဆိုရင် တော့ ဈေးကြီးကြီးဝယ်ဝတ်လေ့ရှိပြီး ရုံးကို ကိုယ်ပိုင်ကားနဲ့ ရုံးတက်နိုင်သူ …။ ဒီရုံးမှာ သူကြည့်မရဆုံးက ကျွန်မဖြစ်ပြီး ကျွန်မ မနှစ်သက်၊ ကြည့်မရဆုံးကလည်း ထိုအမျိုးသမီး ဖြစ်လာတာ မဆန်းပါ။ကျွန်မက သူ့အပေါ်မှာ ပုံမှန် ဆက်ဆံရေးပဲရှိပြီး ကိုယ့်အလုပ်ကို အထိခိုက်မခံသူ။ အခြားသူတချို့ ကတော့ သူ့ကို မြှောက်ပေါင်းလေ့ ရှိပြီး သူကလည်း ရက်ရောတယ်ပေါ့။ သူ့ဆီမှာ စစ်မှန်တဲ့ သဘာဝမကျခြင်း တွေမြင်ရလေ ကျွန်မ သူ့ကိုဟန် ဆောင်ပြုံးပြဖို့တောင် အတော် ခဲယဉ်းခဲ့တယ်။ ဒါကြောင့် သီးသန့် ဆန်ဆန်နဲ့ တစ်ယောက်တည်း နေတတ်ခြင်းဟာ သူ့လိုဟောင်ဖွာ၊ ဟောင်ဖွာ စကားပြောတတ်သူ အတွက်တော့ ထူးဆန်းလို့နေမှာ ပေါ့။ ကျွန်မ သူ့ဆီမှာ မျက်နှာဖုံးများ စွာကို တွေ့ပြီးအချိန်မှာ သူနဲ့ ဆက်ဆံဖို့ အင်မတန်ဝန်လေးခဲ့တော့ တယ်။ နောက်တစ်ခုက ကျွန်မ မနှစ်သက်တဲ့ Brand ခုံမင်သူ၊ Brand ကို ရူးသွပ်သူထဲမှာ သူက အတိအကျပါဝင်လို့ နေတယ်။
မနက်လင်းလာချိန်ကစပြီး ရုံး မှာ တစ်ချိန်လုံးမြင်နေ၊ ကြားနေရ တာကိုက ဝဋ်တစ်ခုများလားလို့ အောက်မေ့မိတယ်။လောကကြီးက ရယ်စရာ ကောင်းတယ်လို့ လူတွေပြောတတ် ကြတယ်။ တကယ်တော့ လောက ကြီးက ရယ်စရာကောင်းတာ မဟုတ် ပါဘူး။ လူတွေက ရယ်စရာကောင်း တာပါ။တစ်ခါတလေကျ လူတွေက အစစ်အမှန်ကို အတုလို့ထင်ပြီး ဟန်ဆောင်တာကို စစ်မှန်တဲ့သဘာ ဝအလှတရား အရှိကိုအရှိအတိုင်းလို့ ထင်တတ်ကြတာ လူတွေပဲမဟုတ် လား။ ဒီတော့ ဦးနှောက်ရှိတဲ့လူတွေ က ပိုရယ်စရာကောင်းတာပေါ့ မဟုတ်ဘူးလား။ဘဝမှာ သူတို့လို ရယ်စရာ ကောင်းတဲ့လူ တော်တော်များများနဲ့ ကြုံဖူးပြီးသွားချိန်မှာ ကျွန်မဟာ ပိုရယ်တတ်သွားပါတယ်။ ပိုပြီးလည်း စိတ်ပျက်လာတတ်တယ်။ ပိုပြီးလည်း တွေးတတ်လာတယ်။
ကျွန်မကို ပေါင်းရတာ အကာမရှိဘူးလို့ ပြော ကြတယ်။ ဒါပေမဲ့ အကာနဲ့လူသား များကိုတော့ ဘဝမှာ အံ့သြစွာ တွေ့ ခဲ့ရတယ်။ကျွန်မဘဝမှာ အရင်ကမနှစ်မြို့ တဲ့ အရာတွေကို ခေါင်းစဉ်တပ်ချရေး ခဲ့တယ်။ ဆံပင်ရှည်ရှည်လမ်းသရဲ ပုံစံ၊ ဆီရွဲရွဲနဲ့ တိုကောက်ကပ်နေတဲ့ ဆံပင်၊ ပုဆိုးတံမြက်စည်းလှည်းတဲ့ ယောက်ျား၊ မိန်းမတွေ၊ ပိုက်ဆံစကား သိပ်ပြောတဲ့ သူတွေ၊ အလိုက်မသိ ဘေးနားကနေ ဆေးလိပ်မီးခိုးတွေ ထုတ်လွှတ်တဲ့သူတွေ၊ ချိုင်းချွေးနံ့ကို ဂရုမပြုတဲ့သူတွေ၊ ထမင်းစားရင်း ခြေမစားဘဲ အတုံးလိုက် ဖဲ့ချစားသူ တွေ၊ ထမင်းစားပြီး လက်ကို စုတ် နေတတ်သူတွေ၊ မိန်းမတွေ့ရင် အငမ်းမရကြည့်သူတွေ၊ အကြွားသန် သူတွေ … အို အများကြီးပဲ။လောကကြီးမှာ လျှောက်လှမ်း လာတဲ့ နှစ်တွေကြာလာတော့ ခေါင်း စဉ်တွေပိုပြီး ထပ်တိုးလာလိမ့်မယ် ထင်တယ်။ နောက် ကျွန်မကိုယ်တိုင် မနှစ်မြို့တဲ့အရာများကိုလည်း ချရေး ဖြစ်ခဲ့တယ်။
ကိုယ်တိုင်အမုန်းဆုံးက ကျွန်မ ဖိနပ်များပင်။ ဖိနပ်နဲ့ကျွန်မ က အမြဲအံချော်နေတတ်တယ်။ ဖိနပ်တစ်ရန်ဝယ်ပြီး စီးလို့မှမကြာ သေး ဖိနပ်ထိပ်တွေ အမြဲပွန်းပဲ့နေ တတ်တယ်။ ကျန်တဲ့နေရာကောင်း လည်း ထိပ်ကပွန်းပဲ့နေတော့ မြင် လို့ မကောင်း။ ဒါပေမဲ့ စိတ်တိုတိုနဲ့ ပေစီးနေဖြစ်တယ်။ ဖိနပ်တွေက မပြတ်ဘဲ ထိပ်ပွန်းတာနဲ့ မစီးဖြစ် တော့တဲ့ အရန်တွေဟာ ပုံသထက်ပုံ လာတယ်။ မကြာခဏ ခလုတ်တိုက် တတ်တဲ့ ကျွန်မကြောင့် ဖိနပ်တွေ ပွန်းပဲ့ပြီး ဒဏ်ရာတွေနဲ့ ဖြစ်ကုန် တယ်။ အဲဒီဖိနပ်တွေကို မုန်းမိတယ်။ ဒါပေမဲ့ ဖိနပ်မပါဘဲ ဘဝခရီးလျှောက် လှမ်းရမယ့် ခြေလှမ်းအတွက် အားနာစရာကောင်းတာမို့ တချို့ ကျွန်မနဲ့ လိုက်လျောညီထွေဖြစ်ပြီး တော်ရုံ မပွန်းမပဲ့တတ်တဲ့ ဖိနပ်တွေ ကိုတော့ နှစ်သက်ဖြစ်မယ် ထင်ပါ တယ်။
ကျွန်မဘဝအတွက် အဆုံးအမ တွေက ပတ်ဝန်းကျင်မှာ အမြဲရှိနေ တတ်တယ်။ ကျွန်မဟာ ခပ်စုပ်စုပ် ဖိနပ်တစ်ရန်စီးထားလို့ အထင်သေး မယ်ဆိုလည်း သေးစမ်းပါစေ။ လူ တစ်ယောက်ကိုကြည့်ရင် ဖိနပ်အရင် ကြည့်တယ်ဆိုတဲ့ အစွဲကိုတော့ ကျွန်မမကြိုက်ချင်ပါ။ ဖိနပ်နဲ့ ခြေထောက်ကတော့ သန့်ပြန့်နေပါ ရဲ့။ တကယ့်အကောင်းစား တံဆိပ် ဖြစ်ပါရဲ့။ အဲဒီစီးထားတဲ့ လူရဲ့စိတ် အခံက အကောင်းစား Brand မဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ။ အဲဒီ Brand တွေက ပတ်ဝန်းကျင် မှာရှိတဲ့ လူတွေကို တစ်ခဏတော့ ချက်ချင်းဖမ်းစားသွားနိုင်မှာ အသေ အချာပါ။ ဒါပေမဲ့ ကျွန်မတို့လို Brand လည်း စိတ်ထဲမရောက်တဲ့ သူမျိုးဆို အလကားဖြစ်မှာပဲ။
ဒါကြောင့် ကျွန်မဝယ်ယူတဲ့ ပစ္စည်းတိုင်း Brand ဖြစ်ဖို့မလို၊ ကိုယ်နဲ့အံဝင်ခွင်ကျသင့်တင့်ရင် ပြီးရော၊ ကိုယ်နှစ်သက်ရင်ပြီးရော၊ ဈေးပေါပေါ ချိုချို၊ မြညေိ ဝတ်ပြီး၊ Brand စီးပြီး သူများမသိမှာစိုးလို့ သိအောင်ထုတ်ပြောနေရတဲ့ ကိစ္စ တွေက ပိုပင်ပန်းလိမ့်မယ်ထင်တယ်။ တချို့ကတော့ Brand ကို အမွှမ်း တင်လွန်းတယ်။ နောက်ပြီး အဲဒီ ပစ္စည်းကို ဟိုနားမချရက်၊ ဒီနားမချ ရက်၊ ပျောက်မှာ စိုးရနဲ့ တော်တော် ရှုပ်ပါတယ်။တစ်ယောက်ယောက်က ရုံးက ထိုအမျိုးသမီးတပ်ထားတဲ့ မျက်မှန် ကို”ဟယ် မျက်မှန်လေးက လှ လိုက်တာ” ဆိုရင်”သိတယ်မလား ကိုယ်တို့က Brand မှကိုင်တာ” ဆိုပြီး တံဆိပ်ကို အသားတံဆိပ်ဖြစ်ကြောင်း ‘အင်’ မဟုတ်ကြောင်း တခမ်းတနားပြောရ တော့တယ်။ ဒီခေတ်မှာက ပုံမှား အင်တွေကလည်း အစစ်နဲ့ချွတ်စွတ် နီးပါးတူတတ်ကြတာ မဟုတ်လား။ မမေးဘဲနဲ့တောင် ”တစ်နေ့ကမှ သင်္ဘောနဲ့ပါလာတာ၊ ပစ္စည်းအသစ် လေ၊ ဒီမှာတောင် မပေါ်သေးဘူး၊ ကြိုမှာလိုက်တာ။ ဒီမှာဝင်ရင်တော့ ဈေးက ခေါင်ခိုက်နေပြီ။ ခုတောင် ဒေါ်လာနဲ့ ရှင်းရတာ” ဆိုပြီး မပြီး နိုင် မစီးနိုင် ဖွင့်လှစ်တော့တယ်။
လေတွေက Brand နဲ့ ဒေါ်လာ ထဲက မထွက်။ ကျွန်မကတော့ အပြိုင်ကြွားစရာမရှိသလို စိတ်မဝင် စားအားပါ။ ထိုအမျိုးသမီးကတော့ သူ့ပစ္စည်းတွေ နိုင်ငံခြားကပါလာတဲ့ ပစ္စည်းတွေ၊ ရေမွှေးတံဆိပ်တွေကို မမောမပန်းနိုင် ရွတ်ပြတတ်တယ်။ ပိုက်ဆံရှိပြီး အလုပ်တစ်ခုအနေနဲ့ သာ ဂုဏ်ရှိအောင် လာလုပ်တာမို့ ဘဝကို ရုန်းကန်နေရသူတွေနဲ့တော့ တခြားစီပေါ့။အဲဒီနိုင်ငံခြားပြန် ပစ္စည်းတွေ ထက် နိုင်ငံခြားမှာ သင်တန်းသွား တက်တယ်ဆိုတဲ့ သူ့သင်တန်းကို ပိုစိတ်ဝင်စားတယ်။ ဒါပေမဲ့ ကျွန်မ နားထောင်ရတဲ့ အကြောင်းအရာ တွေက မျှော်လင့်တာမပါ။ သူ့ခရီး စဉ်တွေက ဓာတ်ပုံတွေကိုသာ မြင် ခွင့်ရခဲ့တယ်။ ကျွန်မရဲ့ ထိပ်အနည်း ငယ်ကွာနေတဲ့ ဖိနပ်ကိုတော့ ”ဘဲ ပါးစပ်ဖြစ်နေပြီ ဖိနပ်က” လို့ ပြော တတ်သလို အားတိုင်း Lotion ဘူး တွေ ဝယ်ခိုင်းတတ်တယ်။ တော်ပြီ လေ ကျွန်မမှာ တစ်ဘူးရှိနေရင်ပဲ လုံလောက်ပြီပေါ့။ အနံ့ပေါင်းစုံ နှစ်မျိုး သုံးမျိုးရောစွတ်နေဖို့မှ မလို တာ။ လူတိုင်းက ကိုယ့်လိုမျိုး သူများ ကို လိုက်ပုံသွင်းလို့ကတော့ မဖြစ် နိုင်။ ဘယ်ပစ္စည်းမဆို တန်ဖိုးနဲ့ ဆုံး ဖြတ်မှုကလည်း လွဲချော်နိုင်သေး တာပဲ။ တန်ဖိုးတော့ ကြေးအကြီးစား ဖြစ်ပြီး ကိုယ်နဲ့အံမဝင် အသုံးမတည့် ရင် ဘယ်လောက်ပဲဖြစ်ဖြစ် ချောင် ထဲ ရောက်သွားတတ်တယ်။ တစ်ခါ တလေ ကိုယ့်ပစ္စည်းကို သိသာ အောင်ပြောပြီး သူများကို နှိမ်နှိမ်ချချ လေး ပြောချင်သေးတာ။ ”ဒီ Brand လက်ကိုင်အိတ်လေး ကို ကိုင်ချင်လွန်းလို့ မနည်းရှာလာ ရတာ၊ လျှော့ဈေးရတာတောင် ဈေး က မသေးဘူး” ဆိုပြီး ကျွန်မကိုင်တဲ့ အိတ်ကို တစေ့တစောင်းကြည့်လိုက် ပြီး ဘာတံဆိပ်လဲတဲ့။ ကျွန်မကတော့ ကိုယ်ကြိုက်ပြီး အဆင်ပြေလို့ဝယ်ဖြစ် တဲ့ လက်ကိုင်အိတ်ပါ။ ဘာတံဆိပ် မှန်းတောင် မသိခဲ့ရိုးအမှန်ပါ။
”မယ်ညှို့ရယ် အခုဝယ်တဲ့ဆိုင် မှာ Brand အကောင်းစားတံဆိပ် တွေ အများကြီးရှိတယ်။ ဈေးလည်း ချနေပြီ သွားဝယ်ပါလား၊ ခု မယ်ညှို့ ကိုင်တဲ့ အိတ်က တော်တော်ဟောင်း နေပြီ။ ဘာလဲ ကိုကိုပေးထားတဲ့ အိတ်မို့လို့လား”
သူမအပြောကို ကျွန်မစိတ်ထဲ ခပ်ထေ့ထေ့မို့ ခံရခက်သွားတယ်။ ဘဝမှာ ဒီ Brand တွေက တော် တော်အရေးပါနေလို့လား။လူတော်တော်များများဟာ တံဆိပ်တွေရဲ့ လွှမ်းမိုးမှုကို ခံရပြီးရင် သူတို့ဟာ မူလပင်ကိုစိတ်ထက်တော့ လေဘဝင်တွေ မြင့်တက်သွားကြ သလိုပဲ။ လူထဲသွားလို့ ဒီလိုပစ္စည်း မျိုးကိုင်မှ ဒီလိုပစ္စည်းမျိုးဝတ်သွား ရမှာလို့ ကျွန်မမှာ မရှိပါ။ စုတ်စုတ် ပြတ်ပြတ် ဝတ်ထားလည်း ကျွန်မ စိတ်ကိုသိရင် ဘာမှပြောင်းလဲစရာ မလို။ ကျွန်မအတွက် သားနားတဲ့ အရောင်လက်စေမယ့် အပေါ်ယံ
အဆင်တန်ဆာတွေ၊ တကယ်တော့ ကျွန်မအရည်အချင်းနဲ့ ဘာမှ မဆိုင် လောက်ပါ။ ဒါကြောင့်မို့ ကျွန်မခန္ဓာ ကိုယ်မှာ ဘယ်တော့မှ လက်ဝတ် တန်ဆာများကို တောက်တောက် ပြောင်ပြောင် တွေ့ရလိမ့်မည် မဟုတ်ပါ။ သာမန်အဝတ်အစားနဲ့ လူထဲမှာ သင့်တင့်တဲ့ ဖိနပ်တစ်ရန် တော့ ရှိပါလိမ့်မယ်။ ဖိနပ်ကြောင့် အရည်အချင်းကိုတော့ ထိခိုက်လိမ့် မည် မဟုတ်ပါ။ ပြင်ပအနေအထား တွေဟာ ပေါင်းသင်းဆက်ဆံရေးကို လည်း ထိခိုက်လိမ့်မယ်မထင်။ တကယ်တမ်း ကျွန်မ ဂရုစိုက်တာက စိတ်တွေကိုပါ။
သူမအပြောကို ကျွန်မစိတ်ထဲ ခပ်ထေ့ထေ့မို့ ခံရခက်သွားတယ်။ ဘဝမှာ ဒီ Brand တွေက တော် တော်အရေးပါနေလို့လား။လူတော်တော်များများဟာ တံဆိပ်တွေရဲ့ လွှမ်းမိုးမှုကို ခံရပြီးရင် သူတို့ဟာ မူလပင်ကိုစိတ်ထက်တော့ လေဘဝင်တွေ မြင့်တက်သွားကြ သလိုပဲ။ လူထဲသွားလို့ ဒီလိုပစ္စည်း မျိုးကိုင်မှ ဒီလိုပစ္စည်းမျိုးဝတ်သွား ရမှာလို့ ကျွန်မမှာ မရှိပါ။ စုတ်စုတ် ပြတ်ပြတ် ဝတ်ထားလည်း ကျွန်မ စိတ်ကိုသိရင် ဘာမှပြောင်းလဲစရာ မလို။ ကျွန်မအတွက် သားနားတဲ့ အရောင်လက်စေမယ့် အပေါ်ယံ
အဆင်တန်ဆာတွေ၊ တကယ်တော့ ကျွန်မအရည်အချင်းနဲ့ ဘာမှ မဆိုင် လောက်ပါ။ ဒါကြောင့်မို့ ကျွန်မခန္ဓာ ကိုယ်မှာ ဘယ်တော့မှ လက်ဝတ် တန်ဆာများကို တောက်တောက် ပြောင်ပြောင် တွေ့ရလိမ့်မည် မဟုတ်ပါ။ သာမန်အဝတ်အစားနဲ့ လူထဲမှာ သင့်တင့်တဲ့ ဖိနပ်တစ်ရန် တော့ ရှိပါလိမ့်မယ်။ ဖိနပ်ကြောင့် အရည်အချင်းကိုတော့ ထိခိုက်လိမ့် မည် မဟုတ်ပါ။ ပြင်ပအနေအထား တွေဟာ ပေါင်းသင်းဆက်ဆံရေးကို လည်း ထိခိုက်လိမ့်မယ်မထင်။ တကယ်တမ်း ကျွန်မ ဂရုစိုက်တာက စိတ်တွေကိုပါ။
ကျွန်မဘဝ ရပ်တည်ချက်က မှားနေမယ်ဆိုရင်တောင် ဘယ်သူ့ကို မှ မထိခိုက်ပါ။ ကျွန်မ ဘယ်သူ့ကိုမှ နစ်နာအောင် မလုပ်ခဲ့ပါ။ တံဆိပ် ကြိုက်တတ်သူများဟာလည်း ကျွန်မ အတွက်တော့ ဂရုစိုက်စရာ မဟုတ် တော့ပါ။ သူတို့တစ်တွေနဲ့ စိတ် သဘောထားချင်း မတိုက်ဆိုင်တော့ တဲ့အခါ မြညေိ ကြိုက်နှစ်သက်သူ များနဲ့ ဝေးဝေးလာခဲ့တော့တယ်။ တစ်ရုံးတည်းဖြစ်တာတောင် အနေ နီးပေမယ့် အတွင်းစိတ်တွေကတော့ သေချာပေါက်ဝေးသွားခဲ့တယ်။ကျွန်မ ဖိနပ်ထိပ်လေးတွေမြင် တိုင်း နှာခေါင်းရှုံ့ချင်သူများနဲ့ တစ်စတစ်စ ကွာခြားလာခဲ့တယ်။ ကျွန်မ ကိုယ်ပိုင်ကားမစီးနိုင်ပါ။ ဒါကြောင့် အများအားဖြင့် ကိုယ့် ခြေလှမ်းတွေကိုပဲ အားကိုးရတယ်။ ဒါကြောင့် လမ်းများများလျှောက်လို့ ခလုတ်ပိုတိုက်ခြင်း ခံရသလို ကိုယ့် လစာနဲ့ သောင်းကျော်တန်တွေကို မစီးနိုင်တာ အမှန်ပါ။ အများရှေ့မှာ ကျွန်မ ခြေထောက်တွေကိုကြည့် တိုင်း ကျုံ့ဝင်သွားဖို့၊ ကျုံ့ထားဖို့လည်း စိတ်ကူးမရှိပါ။ ဖိနပ်ပေါ်မှာရှိတဲ့ လူ တစ်ယောက်ရဲ့ ရပ်တည်ချက်မှန် မမှန်ကိုဘဲ ကြည့်စေချင်သလို ကျွန်မ အားလုံးကို အဲဒီစိတ်နဲ့ပဲ ကြည့်တယ်။ အဓိက ပိုပြီးစိတ်မဝင် စားတာက တံဆိပ်တွေပဲ။ တံဆိပ် တွေပေါ်မှာရှိတဲ့ ခြေထောက်တစ်စုံ ရဲ့ ပင်ကိုစိတ်ရင်းကိုပဲ တန်ဖိုးထား မိတယ်။ပစ္စည်းတံဆိပ်တွေကို အပြိုင် အဆိုင်ကြွားနေတာကို မနှစ်သက်ပါ။ ပစ္စည်းကြောင့် လူတွေ စိတ်ဒုက္ခ ပိုရောက်ကြရတယ်။ ထိုအမျိုးသမီး ကတော့ ကားတစ်စီးကို ပါကင်ပိတ် အသစ်ကျပ်ချွတ် ဝယ်လိုက်ပြီး မြန်မာပြည်မှာ တစ်စီးပဲရှိတဲ့ ဒီကား ကို သူပဲ စီးနိုင်တယ်။ ကားတံဆိပ်၊ အမျိုးအစား ဘာမှမသိပါ။ အဲဒီကား ဆိုင်တစ်ဆိုင်ရှေ့မှာထားပြီး ပစ္စည်း ဝင်ဝယ်တာ ပြန်ထွက်လာတော့ ကားနောက်မီးလုံးကို လက်ဆော့ပြီး ခြစ်လိုက်တာလားမသိ။ အပွန်းရာ ချည်းထင်းလို့။ စိတ်ကလည်း တို၊ အိပ်မရဖြစ်တာ ခုနစ်ညလောက် တဲ့။ Brand အကြောင်းကို မသိတဲ့ ကောင်တွေ၊ သူတို့မစီးနိုင်တိုင်း သက်သက်မယ့် အကျင့်ပုပ်ပြီး လုပ် သွားတာနေမှာလို့ပြောပြီး သူ့မှာ တသသဖြစ်နေခဲ့ရ၊ စိတ်ဆင်းရဲရ၊ စိတ်ချလက်ချမထားရ၊ လွတ်လပ်မှု မရှိတော့သလို ကားနားကပ်လာရင် ကို သံသယမျက်လုံးနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် ကြည့်တတ်နေပြီ။ ထမင်းကိုတောင် အရသာရှိရှိ မစား နိုင်တဲ့ သူ့ကိုကြည့်ရင်း စိတ်ညစ်လာ မိတယ်။
နောက်ပိုင်း သူ့ရဲ့ Brand ကားကို လိုက်မစီးခဲ့တော့ပါ။ ကား ထဲမှာတောင် အဲယားကွန်းဖွင့်ထား ပေမယ့် အသက်ရှူကျပ်သလို ခံစား နေရတယ်။ ”ကားထဲ ဘာမှယူမလာ နဲ့နော်၊ ကားထဲ နင်တို့ဝယ်ထားတဲ့ အရည်တွေ မကျစေနဲ့နော်၊ နံကုန် မယ်၊ ဟဲ့ မယ်ညှို့ နင့်လက်ထဲက ဘာကြီးလဲ၊ ဆိုဖာခုံတွေခြစ်မိကုန်ဦး မယ်၊ တစ်ခုခုဖြစ်သွားရင် ပြန်လဲစရာ မရှိသေးဘူး၊ နင်တို့ မြန်မြန်ဝယ်ပြီး ထွက်ခဲ့နော်၊ ရပ်လို့ကောင်းတာ မဟုတ်ဘူး၊ ကလေတွေများတယ်၊ ကားပေါ်ကပဲ စောင့်နေတော့မယ်”အဲဒီလို စိတ်ပူပြီး ရှုပ်ယှက်ခတ် စိုးရိမ်စိတ်တွေ များနေတော့ ဘယ် လိုမှ သဘာဝကျကျနဲ့ လွတ်လပ်စွာ မနေနိုင်တော့။ ဒါကြောင့် သူ့ကားနဲ့ ဆို ငြင်းပြီး ဘယ်တော့မှ မလိုက်ဖြစ် တော့။ ဒီတော့ ကျွန်မဟာ ကတ်တီး ကတ်ဖဲ့ဖြစ်သူ တစ်ယောက်ဖြစ်သွား ရော။ အဲဒီတစ်ခေါက်တုန်းက ထိုအမျိုးသမီး ကားပေါ်မှာ ကျွန်မ တို့တက်လိုက်တော့ တွန်းတိုက်မိ သွားရင်း အရည်နည်းနည်း ဖိတ် သွားတယ်။ ချက်ချင်းသုတ်လိုက်တာ ဘာမှမဖြစ်ပေမယ့် သူ့ရဲ့မျက်နှာဟာ ဆီးရွက်လောက်ပဲရှိပြီး စကားပင် မပြောနိုင်တော့။ မယ်ညှို့ကြောင့်လို့ သူက ခေါင်းစဉ်တပ်ချင်တယ်။
အရင်ကဆိုရင် ကျွန်မဟာ အားနာတတ်တယ်။ ငြင်းပယ်ရမှာကို အားနာတယ်။ ပြောဖို့ရာ ဝန်လေး တယ်။ တတ်နိုင်သလောက် မျိုသိပ် ကြည့်တယ်။ ဒါပေမဲ့ အားနာတတ် ခြင်းဟာ နောက်ဆုံး မိမိကိုယ်ကိုယ်ပဲ ထိခိုက်နစ်နာစေခဲ့တာ။ ကျွန်မဟာ မပြောင်းလဲဘဲ ဒီအတိုင်း ဆက်ရှိနေ ရင် ခေါင်းပေါ်အလျှိုလျှိုတက် လာ ကြမယ်။ တစ်ခုခု မှားယွင်းနေတိုင်း၊ တစ်ခုခု ဆုံးရှုံးသွားတိုင်း ညှို့ကြောင့်၊ ညှို့များဖြစ်နေမလား၊ ညှို့မှားတာ နေမှာ၊ ညှို့မသိတာ၊ ညှို့နားမလည် တာ၊ ညှို့အတာ၊ တုံးတာဆိုတဲ့အပြော တွေက ညှို့ကို အလွန်အမင်းထိခိုက် စေတယ်။အပြောင်းအလဲကြီး ပြောင်းလဲ နေတဲ့ လောကမှာ မပြောင်းလဲဘဲ ကျွန်မသာ ဒီအတိုင်းဆက်ရှိနေမယ် ဆိုရင် ကျွန်မလောက် မိုက်မဲတဲ့သူ ရှိပါဦးမလား။ ဒါကြောင့် ကျွန်မဟာ သူများနှင့် ဆန့်ကျင်ဘက်ဖြစ်နေ တယ်လို့ ထင်ထင်ပြောပြော၊ ပြောင်း ကို ပြောင်းလဲဖြစ်ခဲ့တယ်။ ဒီနောက် ပိုင်း ဘယ်သူ့ကိုမှ အားနာလို့မရ တော့။ အထူးသဖြင့် ကျွန်မ ဖိနပ်တွေ ကို ကြည့်တဲ့သူတွေနဲ့ Brandနှစ်သက်သူတွေကိုပေါ့။
ကျွန်မနဲ့ ထိုအမျိုးသမီး အလုပ် ကိစ္စနဲ့ ခရီးသွားတုန်းက မနက်လင်း လို့ မျက်နှာသစ်ပြီးစအချိန် တဘက်နဲ့ ခပ်ဖွဖွသုတ်နေတဲ့ သူမရဲ့မျက်နှာကို ကြည့်ရင်း အံ့သြသွားမိတယ်။ မျက် လုံးအိမ်အောက်မှ လျော့တွဲတွဲကျနေ တဲ့ အသားအရေများ၊ နှုတ်ခမ်း တစ်ဝိုက် အသားအရေများ လျော့ပါး နေပြီ ဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့ရတယ်။ အဲဒီလိုဖြစ်နေတာ ကို သူမက စိတ်မချမ်းသာနိုင် ဖြစ်ရ ပြီး တစ်ပတ်တစ်ခါ ပေါင်းတင်၊ ရှိသမျှ မိတ်ကပ်အောက်ခံ ဖောင်ဒေး ရှင်း၊ နေလောင်ခံ၊ အားလုံးအားလုံး မြညေိ မှ မြညေိ ချည်းပဲ။ သူမရဲ့ လျော့တွဲတွဲမျက်ဝန်းတွေကို လက်နဲ့ အသာကိုင် ကြည့်နေပြီး စိတ်ပျက်တဲ့ လေသံနဲ့။
”ဒီလောက် Brand အကောင်း စားတွေသုံးပြီး တစ်ပတ်တစ်ခါ မျက်နှာကို ပေါင်းတင်နေတာတောင် မသိသာဘူး။ အမည်းစက်လည်း မပျောက်ဘူး။ ဟင်း … ကုမ္ပဏီက လိမ်ရောင်းတာ ထင်တယ်”
လို့ ရောင်းတဲ့ကုမ္ပဏီကိုတောင် အပြစ် တင်လိုက်သေးတယ်။ တကယ်တော့ သူမအသက် လေးဆယ်နီးနီး ရှိနေပြီ ပဲ။ အဲဒီဇရာကိုတော့ နည်းနည်းမှ ထည့်မတွက်ဘဲ အပြစ်တင်နေတယ်။ မျက်နှာအောက်က ဆဲလ်တွေက တော်တန်ရုံပဲ ပြုပြင်ပေးနိုင်မှာပေါ့။ ခက်နေတာက လူတွေရဲ့စိတ် ပင်။ အရှိအတိုင်း လက်မခံနိုင်ဘဲ ယုံကြည်ရာကိုပဲ ဇွတ်မဲ လုပ်နေတတ် ကြတာ။ အဲဒီလို လူတွေများလာတော့ သဘာဝမကျမှုတွေ ပိုများလာတာ ပေါ့။ အဲဒီထဲမှာ ကျွန်မတစ်ယောက် လည်း သဘာဝမကျတဲ့ နေထိုင်မှုများ နဲ့ ဖြစ်နေပြီလားလို့ ပြန်စဉ်းစားမိ တယ်။ဒါကြောင့် ကျွန်မ Brand အကြောင်း ပြောလွန်းသူတွေကြား ထဲမှာနေဖို့ တွန့်ဆုတ်နေမိတယ်။ နေလို့လည်း မရတော့။ ကျွန်မနားက ရေမွှေးနံ့လေး ကောင်းလိုက်တာ၊ ဘာတံဆိပ်လဲလို့မေးရင် မဖြေနိုင် ပါ။ လက်ကိုင်အိတ်၊ နာရီအစ တစ်ခု တစ်ခု ပြောင်းလဲသွားတိုင်း စိတ်ဝင် တစားနဲ့ တံဆိပ်တွေကိုပဲ ဦးတည်ပြီး မေးလေ့ရှိကြတယ်။
”ပုံလေးကတော့ လှတယ်၊ တံဆိပ်က သိပ်မသိဘူးနော်” နာမည် မရှိဘူးဆိုပြီး ထိုအမျိုးသမီး မျက်လုံး အရောင်ပင် ပြောင်းလဲသွားတတ် သေးတယ်။
တစ်ခါတလေ ပစ္စည်းက သိပ်ျှကေူငအပ မကောင်းဘဲ တံဆိပ်ကြောင့် သာ ဈေးတွေမြင့်နေတာကိုလည်း ကြုံဖူးသားပဲ။ ဒါပေမဲ့ ဒီတံဆိပ်မှ ဒီတံဆိပ် သုံးစွဲနိုင်မှုကို ကြံဖန်ဂုဏ်ယူ နေတတ်ကြတာလည်း အများသား ပင်။ တစ်ခါတစ်ရံ နာမည်လုံးဝ မရှိ ပေမယ့် ပစ္စည်းအရည်အသွေးက နာမည်ကြီး တံဆိပ်တွေလောက်ကို ကောင်းမွန်နေတတ်တာလည်း အများကြီးပင်။ ဒီတံဆိပ်တွေကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင် အရည် အချင်းကို မြင့် တက်သွား စေလို့လားလို့ တွေးမိ တော့ ခေါင်းခါမိတယ်။ တစ်ခါက ကျွန်မရဲ့ပိုက်ဆံအိတ် လေးဟာ ကြိုက်လို့ ဝယ်ခဲ့တာ။ မထင်မှတ်ဘဲ နာမည်ကြီး တံဆိပ်ဖြစ် နေခဲ့တယ်။ အဲဒီလိုဖြစ်နေတာကို အံ့သြသူတွေရှိနေတာက ကျွန်မ အတွက် ပိုလို့ပင် အံ့သြစရာ ဖြစ်နေ သေးတယ်။
စားပွဲပေါ်တင်ထားတဲ့ အိတ်ကို ထိုအမျိုးသမီးက ဖတ်ခနဲယူကြည့် ပြီး
”အံမယ် မယ်ညှို့ကွကခခန တွေဘာတွေ ကိုင်လို့ပါလား”
ဒီလိုအိတ်ကိုကိုင်တာကို မထင် ထားသလိုလေသံနဲ့၊ တန်ဖိုးတွေ ဆက်မေးလာတယ်။ သူတို့တွေ စိတ် ဝင်စားမှုက Brand တွေရဲ့အောက်မှာ လေ။ ညှို့ကိုယ်တိုင် အဲဒီလိုအပေါင်း အသင်းရမှာကို စိတ်ပျက်လာတယ်။ တစ်ယောက်တည်း လွတ်လပ်ပြီး ခံစားလို့ရတဲ့ ညှို့ရဲ့အနုပညာကမ္ဘာ ဘေးမှာပဲ နေတယ်။ကြာခဲ့ပြီပဲ။ ရုံးမှာလည်း တစ်ယောက်တည်း နေတတ်သလို တစ်ယောက်တည်းနေရတာကို ပျော် မွေ့ခံစားလွတ်လပ်လို့ နေပြီ။ အနု ပညာနဲ့ပတ်သက်ရင် ကျွန်မဆွဲတဲ့ ပန်းချီကား၊ ကျွန်မရေးတဲ့ ဝတ္ထု တစ်ပုဒ်စ နှစ်ပုဒ်စ၊ ကျွန်မခံစားပစ် လွှတ်လိုက်တဲ့ ရင်ထဲက ကဗျာတွေ၊ အဲဒီအနုပညာဆိုတဲ့ အရာတွေမှာ ဘာလေဘယ်၊ ဘာတံဆိပ်မှ တပ် စရာမလိုဘူး။ ကြိုက်သလိုပဲ လွှတ် ထားလို့ရတယ်။
တစ်ခါတလေ ပစ္စည်းက သိပ်ျှကေူငအပ မကောင်းဘဲ တံဆိပ်ကြောင့် သာ ဈေးတွေမြင့်နေတာကိုလည်း ကြုံဖူးသားပဲ။ ဒါပေမဲ့ ဒီတံဆိပ်မှ ဒီတံဆိပ် သုံးစွဲနိုင်မှုကို ကြံဖန်ဂုဏ်ယူ နေတတ်ကြတာလည်း အများသား ပင်။ တစ်ခါတစ်ရံ နာမည်လုံးဝ မရှိ ပေမယ့် ပစ္စည်းအရည်အသွေးက နာမည်ကြီး တံဆိပ်တွေလောက်ကို ကောင်းမွန်နေတတ်တာလည်း အများကြီးပင်။ ဒီတံဆိပ်တွေကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင် အရည် အချင်းကို မြင့် တက်သွား စေလို့လားလို့ တွေးမိ တော့ ခေါင်းခါမိတယ်။ တစ်ခါက ကျွန်မရဲ့ပိုက်ဆံအိတ် လေးဟာ ကြိုက်လို့ ဝယ်ခဲ့တာ။ မထင်မှတ်ဘဲ နာမည်ကြီး တံဆိပ်ဖြစ် နေခဲ့တယ်။ အဲဒီလိုဖြစ်နေတာကို အံ့သြသူတွေရှိနေတာက ကျွန်မ အတွက် ပိုလို့ပင် အံ့သြစရာ ဖြစ်နေ သေးတယ်။
စားပွဲပေါ်တင်ထားတဲ့ အိတ်ကို ထိုအမျိုးသမီးက ဖတ်ခနဲယူကြည့် ပြီး
”အံမယ် မယ်ညှို့ကွကခခန တွေဘာတွေ ကိုင်လို့ပါလား”
ဒီလိုအိတ်ကိုကိုင်တာကို မထင် ထားသလိုလေသံနဲ့၊ တန်ဖိုးတွေ ဆက်မေးလာတယ်။ သူတို့တွေ စိတ် ဝင်စားမှုက Brand တွေရဲ့အောက်မှာ လေ။ ညှို့ကိုယ်တိုင် အဲဒီလိုအပေါင်း အသင်းရမှာကို စိတ်ပျက်လာတယ်။ တစ်ယောက်တည်း လွတ်လပ်ပြီး ခံစားလို့ရတဲ့ ညှို့ရဲ့အနုပညာကမ္ဘာ ဘေးမှာပဲ နေတယ်။ကြာခဲ့ပြီပဲ။ ရုံးမှာလည်း တစ်ယောက်တည်း နေတတ်သလို တစ်ယောက်တည်းနေရတာကို ပျော် မွေ့ခံစားလွတ်လပ်လို့ နေပြီ။ အနု ပညာနဲ့ပတ်သက်ရင် ကျွန်မဆွဲတဲ့ ပန်းချီကား၊ ကျွန်မရေးတဲ့ ဝတ္ထု တစ်ပုဒ်စ နှစ်ပုဒ်စ၊ ကျွန်မခံစားပစ် လွှတ်လိုက်တဲ့ ရင်ထဲက ကဗျာတွေ၊ အဲဒီအနုပညာဆိုတဲ့ အရာတွေမှာ ဘာလေဘယ်၊ ဘာတံဆိပ်မှ တပ် စရာမလိုဘူး။ ကြိုက်သလိုပဲ လွှတ် ထားလို့ရတယ်။
ကျွန်မပန်းချီကို မပြီးသေးပါဘူး။ အဆင့်လိုသေး တယ်၊ ခံစားလို့ မရပါဘူး၊ စကား လုံးတွေကိုလည်း ထိုနည်းလည်း ကောင်း ပြောချင်လည်း ပြောလို့ရပါ တယ်။ကျွန်မသိတဲ့ အနုပညာဆိုတာ မယုံနိုင်လောက်အောင် ခံစားချက် ဆက်သွယ်မှုလိုင်းတစ်ခုပဲ။ ကျွန်မ အနုပညာကို သိတဲ့သူတိုင်းက စိတ် ကို သိကြပါတယ်။ အနုပညာဆိုတဲ့ အရာကို ချစ်တယ်။ လေးစားတယ်။ ဂုဏ်သိက္ခာလေးကို မြတ်နိုးတယ်။ ဘေးလူတွေက မနှစ်သက်ဘူး၊ မကောင်းဘူးပြောလည်း ပြုံးနေ တတ်နေပြီ၊ သူ မကောင်းတာတော့ မတတ်နိုင်ဘူးလေ။ ကျွန်မ ဖန်တီးတဲ့ အထဲမှာတော့ ကောင်းတာမှန်သမျှ သွန်းလောင်းထားတာပဲ။ လက်ခံတာ လက်မခံတာ သူတို့အပိုင်းပါ။ အနု ပညာတစ်ခုခုကိုတော့ လုပ်ဖြစ်နေ တယ်။ လုပ်နေတယ်ဆိုတာလေးကိုပဲ ကျွန်မအာရုံမှာ ငြိတွယ်စေတယ်။ကျွန်မ လူသားဆန်ဆန်ပဲ တွေး ချင်ပါတယ်။ အနုပညာကို လုပ်နေ တိုင်း အကာမရှိဘူးလို့ ခံစားရတယ်။ လွတ်လပ်နေတယ်။ အဲဒီထဲကနေ ပန်းချီစုတ်တံ၊ ဒါမှမဟုတ် ဘောပင် လေးကိုချထားပြီး ကိုယ်နဲ့ မထိတွေ့ ရတဲ့အချိန်မှာဆိုရင် အကာ လူ သား တွေနဲ့ တွေ့ရတာပဲ။ အဲဒီလူသား တွေနဲ့ ကင်းဝေးရာနေရာဟာ ကျွန်မ အတွက် နေလို့အကောင်း ဆုံးနေ ရာ တစ်ခုပေါ့။ ဖြစ်နိုင်ရင် Brand တွေ၊ လေဘယ်တွေ၊ တံဆိပ်တွေမရှိတဲ့ မြို့မှာ နေခွင့်ရ ချင် တယ်။ ကျွန်မ ပန်းချီကားတွေကို ဖြစ်နိုင်ရင် US $ တွေ၊ ကျပ်တွေ မတပ်ချင်ပါဘူး။တံဆိပ်တွေရဲ့ လွှမ်း မိုးစိုးမိုးမှု တွေက ကျွန်မအတွက်တော့ စိတ် အနှောင့် အယှက်ပင်။ ကိုယ်ဖန်တီးတဲ့ အနုပညာတစ်ခုကို ဘယ်လောက်လို့ ဘောင်ထဲမှာ အတိအကျသတ်မှတ် လိုက်ရတာကိုက မလွတ်လပ်တော့ သလို ခံစားရတယ်။ အနုပညာကို တန်ဖိုးမဖြတ်ချင်ဘူး၊ မဖြတ်ရက်တာ လည်း ပါမှာပါ။ အနုပညာလွှမ်းမိုးမှု ကြီးစိုးမှုကိုပဲ လက်ခံချင်တယ်။ နွေး ထွေးချင်တယ်။ ဒါကြောင့် ဒီနေ့ထိ အောင် ကျွန်မအနုပညာနဲ့ ပတ်သက် ရင် တံဆိပ်ကပ်ရန်လည်း မလိုသလို တပ်ခွင့်လည်း မရှိပါဘူး။ ကျွန်မရဲ့ ဖိနပ်လေးများကတော့ ဘာတံဆိပ် မှန်း မသိခဲ့တာ၊ ယခုထက်ပင် …။ တန်ဖိုးတစ်ခုရဲ့ သီအိုရီဆိုတာ တံဆိပ်တွေနဲ့ လဲလှယ်ခြင်းခံရဖို့ မဟုတ်ပါဘူး။ အဲဒီဖိနပ်ပေါ်မှာ စွပ်ခွင့်၊ ရပ်ခွင့်၊ လျှောက်လှမ်းခွင့် ရနေတဲ့ခြေတစ်စုံဟာ တံဆိပ်ကြောင့် ပိုပြီးခိုင်မာ၊ လှပမသွားတာတော့ သေချာလှပါတယ်။
ချောအိမာန် (မန္တလေး)
No comments:
Post a Comment