Yati Magazine
လေးဆယ်ကျော် မမတို့ရေ ငါအသက်ကြီး လာပြီ အလှပြင်စရာ မလိုတော့ဘူးလို့ အထင်ရောက်ပြီး မပြင်မဆင် မနေလိုက်ပါနဲ့နော်။ ဒီခေတ်ကြီးထဲမှာ မပြင်မဆင်နေတဲ့ မမတွေ ရှားသွားပေမယ့် တချို့တစ်ဝက် ကျန်နေသေးလို့ ဒီလို ပြောရတာပါ။ အမျိုးသမီးတွေက ဘယ် အသက် အရွယ်ပဲရောက်ရောက် ဘယ်လို ပုံစံမျိုးက သူတို့နဲ့ လိုက်ဖက်ညီတယ် ဆိုတာ သိပြီးသားပါ။
မမ အရွယ်တွေက အလွန်အကျွံ ပြင်ဆင်မှု တွေ မလုပ်သင့်တော့ပါဘူး။ မိတ်ကပ် ပါးပါးလေး လိမ်းကာ သက်သောင့် သက်သာ ရှိပြီး စတိုင် ကျမယ့် အဝ...တ်အစား တစ်စုံက လေးဆယ်ကျော် အမျိုးသမီးတွေ နဲ့ လိုက်ဖက် တင့်တယ်ပါတယ်။ အဝတ်အစား ကို နေရာဒေသ လိုက်ပြီး ခွဲခြား ဝတ်ဆင်သင့်ပါတယ်။ ကုတ်အင်္ကျီ နဲ့ ဒူးလောက် စကတ် တွေကလည်း အမြင် တစ်မျိုး ဆန်းပြီး လိုက်ဖက်ပါ တယ်။ မကလက်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာကလည်း အလှ တစ်မျိုးပါပဲ။ ဘယ် အသက်အရွယ် မှာမဆို မရှိမဖြစ် လိုအပ်ပါတယ်။ အလှအပ ဆိုတာ အရေ ပြား တစ်ထောက် စာပါလို့ ပြောနေကြပေမယ့် တကယ်တမ်း ကျတော့ လူတွေက လှပ သပ်ရပ်စွာ နေတတ်တဲ့ သူကို ပိုသဘောကျပါတယ်။
မမတို့ရေ အသားအရေ လှပမှုကိုလည်း ဂရုစိုက်ရပါမယ်။ မိတ်ကပ်တွေနဲ့ အပေါ်ယံ အလှ ပြင်တာနဲ့တင် မလုံလောက်ပါဘူး။ Skin Care လည်း သုံးပေးရပါမယ်။ မိတ်ကပ် လိမ်းတော့မယ် ဆိုရင်လည်း အရင်ဆုံးမျက်နှာကို Toner သုံးပါ။ ပြီးရင် အပေါ်က Cream တစ်ခုလိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ပါးနီ အရောင်ပြေပြေလေးဆိုး ပြီးရင် နှုတ်ခမ်းနီ ကိုလည်း အရောင်နုနုလေးရွေး ဆိုးပါ။ အရောင်ဖျော့လေးတွေက လူကို နုနယ်စေပါ တယ်။ အရောင်ရင့်တွေ ကတော့ လူကို အသက် ကြီးသွားစေ ပါတယ်။ Eye Cream လေးလည်း သုံးပေးဖို့ မမေ့နဲ့နော်။ မျက်လုံး တစ်ဝိုက် အရေး အကြောင်းတွေကို လျော့ပါး သက်သာစေပါ တယ်။
ဒါ့အပြင် Fashion ပိုင်းကိုလည်း အလေး ထားသင့်ပါတယ်။ ဆယ်ကျော်သက်မလေးတွေ က အတိုအပြတ် ဂါဝန်လေးတွေနဲ့ ရှုချင်စဖွယ်ဖြစ် နေသလို မမတွေက လည်း ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ဒီဇိုင်းဆန်းမြန်မာ ဝတ်စုံလှလှလေး ကုတ်အင်္ကျီ ဖက်ရှင်တွေက လန်းဆန်း နုပျိုစေပါတယ်။ လည်စည်းပဝါ ပတ်တဲ့ ဒီဇိုင်းကလည်း ကြည့်ကောင်း ပါတယ်။ ဝတ်ထားတဲ့ ဝတ်စုံနဲ့ အညီ အရောင်လေး တွေ ရွေး ချယ်ပြီး ဆင်ယင်သင့်ပါတယ်။ ကိုယ်ပိုင် ဖက်ရှင် တစ်ခုပေါ့။ ဒေါက်ဖိနပ် လည်း စီးသင့်ပါ တယ်။ ဒေါက်မြင့် မစီးနိုင်ရင် အနိမ့်လေးတွေ ရွေးစီးပါ။ လူကိုပိုပြီး စမတ်ကျစေပါတယ်။
ဆံပင် ဒီဇိုင်းကလည်း အရေးကြီးတယ်နော်။ ကိုယ့်မျက်နှာ အနေအထားနဲ့ ဘယ်လို ဆံပင်ပုံစံမျိုး လိုက်ဖက်လဲဆိုတာ Stylist နဲ့ တိုင်ပင် ဆွေးနွေး ပါ။ မျက်နှာကို ရှင်းရှင်းလင်းလင်းလေး နဲ့ ပေါ်လွင် စေချင်ရင် ထုံးဖွဲ့ထားပါ။ ထုံးဖွဲ့နည်း မျိုးစုံပါတဲ့ စာအုပ်တွေ ရှိပါတယ်။ အလွယ်တကူ လေ့လာလို့ ရပါတယ်။
အရေးကြီးတဲ့ တစ်ချက် ကျန်ပါသေးတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းမှုပါ။ မမတို့အရွယ် က ကိုယ်အလေးချိန် တိုးတာ အရမ်းမြန်ပါတယ်။ စားချင်တာလေးတွေ ရှိလို့ နည်းနည်းလောက် ဗိုက်ဝအောင် မစားလိုက်နဲ့ စားတာနဲ့ ဝိတ်တက် တော့တာပါပဲ။ အဆီအဆိမ့်တွေကို တတ်နိုင် သမျှ ရှောင်ပေးတာ ကောင်းပါတယ်။ အသီး အရွက် ကြော်တွေ အသီး အနှံတွေ များများ စားပေးသင့် ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး ဖျော်ရည် တွေလည်း ပုံမှန် သောက်ပေးသင့်ပါတယ်။ သွေး လည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေကို ကြည်လင် ရှင်းသန့် လှပစေပါတယ်။ အစားကို အချိန်မှန်စားပါ။ အချိန်မှန်အိပ်ပါ။ ကိုယ်လက် လှုပ်ရှားမှု လုပ်ပေးပါ။ လမ်းများများ လျှောက်ပေးပါ။ လမ်းလျှောက်သွားရင် နီးတဲ့နေရာတွေကို ကားစီးမသွားပါနဲ့။ အထပ်အမြင့်ကြီးမှာ မဟုတ်ရင် ဓာတ်လှေကား စီးပြီး မတက်ပါနဲ့။ လမ်းလျှောက်တာ လှေကား အတက် အဆင်း ပြုလုပ်ပေးတာ ကျန်းမာရေး အတွက် အထောက်အကူပြု သလို ကိုယ်အလေးချိန် ထိန်းသိမ်းရာ ရောက်ပါတယ်။ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပေါ့။
ဒီလောက် ဆိုရင် လေးဆယ်ကျော် အရွယ် မှာ လှပ ကြည့်ကောင်းနေအောင် ဘယ်လိုနေရမလဲ ဆိုတာ သိသွားပြီပေါ့နော်။ အမျိုးသမီးတွေက ဘယ် အသက် အရွယ်မှာ မဆို လှပကြည့်ကောင်း နေဖို့ အင်မတန် အရေးကြီး ပါတယ်။ တချို့ အမျိုး သမီးတွေဆို အသက် ကြီးလာလည်း နုပျိုလှပနေဆဲ ပါပဲ။ မမတို့ အရွယ်က တည်ငြိမ် ရင့်ကျက်တဲ့ အလှတရားကို ပိုင်ဆိုင် ထားကြပါတယ်။ ပြုပြင် ထိန်းသိမ်း အလှမယိမ်း ဆိုသလို ကိုယ့်ကိုယ် ကိုယ် ပြင်ဆင် နေထိုင် သင့်ပါတယ်။ ဒါမှ ကိုယ့်ကို တွေ့ မြင်ရ သူတွေလည်း စိတ်ချမ်းသာသလို ကိုယ်တိုင် လည်း ယုံကြည်မှု ရှိပြီး အမြဲတက်ကြွ လန်းဆန်း နေမှာပါ။
သိင်္ဂီဝင်း(Beauty)
"လေးဆယ်ကျော် မမတို့ အတွက် အလှ လျှို့ဝှက်ချက်"

No comments:
Post a Comment