--------------------------
High heels ဒေါက်ဖိနပ်အမြင့်တွေက မိန်းကလေးတိုင်းလိုလိုရဲ့ အ၀တ်ခန်းထဲမှာ ရှိကြမှာပါ။ မိန်းကလေးတွေက ဒေါက်မြင့်တွေစီးပြီး ယိုင်လဲချော်ကျ ခြေချောင်းနာတာတွေ ဖြစ်ခဲ့ဖူးပေမယ့် ပိုသက်တောင့်သက်သာ ဖြစ်စေတဲ့ အားကစားဖိနပ်၊ ညှပ်ဖိနပ်တွေနဲ့ အစားမထိုးနိုင်ပါဘူး။ ဒါနဲ့ ဒေါက်မြင့်ဖိနပ်တွေက ဘယ်ကစခဲ့တာလဲ?
အမှန်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာပေါင်းများစွာက ယောက်ျားတွေဟာ ဒေါက်မြင့်ဖိနပ်ကို စီးကြပြီး မြင်းစီးကြတဲ့အခါ သုံးလေ့ရှိတယ်လို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က Bata Shoe Museum မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ပါရှားနိုင်ငံ (ယနေ့ခေတ် အီရန်) က ယောက်ျားတွေက မြင်းစီးတဲ့အခါမှာ ဒေါက်မြင့်ဖိနပ်ကိုစီးကြပြီ
၁၅၉၉ ခုနှစ်မှာ ပါရှားဘုရင်က သံတမန်တယောက်ကို ဥရောပကို ပို့ခဲ့ပြီး ပါရှားဖက်ရှင်နဲ့ ယဉ်ကျေးမှုက ဥရောပနိုင်ငံများမှာ ခေတ်စားခဲ့ပါတယ်။ ဥရောပတိုင်းပြည်က မင်းမျိုးမင်းနွယ်တွေက ပါရှားဒေါက်မြင့်ဖိနပ်ကို နှစ်သက်ခဲ့ပြီး ရာထူးဂုဏ်ဖော်ပြတဲ့ အရာအဖြစ် စီးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သာမန်လူတန်းစားတွေကလည်း ဒေါက်မြင့်ဖိနပ်ကို လိုက်စီးကြတော့ မင်းမျိုးမင်းနွယ်တွေက ဖိနပ်ရဲ့ဒေါက်ကို ထပ်ပြီးမြင့်လိုက်ပါတယ်။ အဲဒီဒေါက်မြင့်ဖိနပ်တွေက ၁၇ ရာစုဥရောပရဲ့ မညီညာတဲ့လမ်းတွေနဲ့ မလိုက်ဖက်ပါဘူး။ ဒါပေမဲ့ အဆင့်မြင့်ရာထူးမြင့် လူတန်းစားတွေက အပြင်ကိုလမ်းလျှောက်ထွက်လေ့
ဘယ်လိုကြောင့် ဒေါက်ဖိနပ်မြင့်က မိန်းမတွေရဲ့ဖက်ရှင် ဖြစ်ခဲ့ရတာလဲ?
၁၆၃၀ ခုနှစ်များက မိန်းမတွေက ဆံပင်တိုတိုထားကြတယ်၊ ဆေးတံတွေသောက်ကြတယ်၊ ဦးထုတ်ဆောင်းကြပြီး ယောက်ျားဆန်ဆန် ရှိကြပါတယ်။ အဲဒါကြောင့် ဒေါက်မြင့်ဖိနပ်ကိုလည်း စီးခဲ့ကြပြီး သူတို့ရဲ့အကြမ်းပတန်း အသွင်ပေါ်အောင် ဖက်ရှင်အဖြစ် စီးခဲ့ကြပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ ဒေါက်နိမ့်ဖိနပ်ကို ယောက်ျားလေးတွေစီးပြီး၊ သေးသွယ်သွားတဲ့ဒေါက်မြင့်ကိ
ဖက်ရှင်က စက်ဝိုင်းလို တကြော့ပြန်လာတတ်ပါတယ်။ တချိန်မှာ ဒေါက်ဖိနပ်မြင့်တွေက ရာထူးဂုဏ်ဖော်ပြတဲ့အရာ ဖြစ်လာခဲ့ရင် ယောက်ျားတွေက ဒေါက်မြင့်တွေကို သူတို့ဖန်တီးခဲ့တာလို့ နာမည်ကောင်း ပြန်ယူချင်ယူပါလိမ့်မယ်။
(Ref; BBC News Magazine)
No comments:
Post a Comment