Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 10, 2013

၁၉၆ဝ ပြည့်လွန်နှစ်များရဲ့ စံပြအမျိုးသမီး မွန်ရိုး

မယ်ရီလင်မွန်ရိုး (Marilyn Monroe)
နာမည်ရင်း ‘နော်မာဂျင်းမော်တင်ဆန်’ ဖြစ် သူ မယ်ရီလင်မွန်ရိုး ဟာ ၅ . ၈ . ၁၉၂၆ နေ့က လော့(စ်)အိန်ဂျ လိ(စ်)မြို့၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူမ မိခင်က မုဆိုးမ ဖြစ်ပြီး RKO ရုပ်ရှင် ကုမ္ပ ဏီမှာ ဖလင် တည်းဖြတ်တဲ့ အလုပ်လုပ်ပါတယ်။၎င်းမှာ စိတ်ရောဂါ ရှိပြီး မွန်ရိုးကို စွန့်ပစ်သွား လို့ မွေးစား မိဘ တွေ လက်ထဲ မှာ သူမ ကြီးပြင်းခဲ့ရပါတယ်။

မွနိုး ဟာ အသက် ၆ နှစ် အရွယ် က အဓမ္မ ပြုကျင့် ခံရခြင်း မှ သီသီလေး လွတ်မြောက်ခဲ့ပြီး ၉ နှစ် အရွယ် မှာ လော့(စ်)အိန်ဂျလိ(စ်) မြို့၊ မိဘမဲ့ ကလေးဂေဟာရဲ့ မီးဖိုချောင် မှာ အလုပ်လုပ် ရပါတယ်။ သူမ ၁၆နှစ် အရွယ်ကျတော့ လေယာဉ် ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်ရပြီး သူမက ‘ဒယ်ဒီ’ လို့ ခေါ်တဲ့ လူတစ်ယောက် နဲ့ အိမ်ထောင် ကျပါတယ်။ ခင်ပွန်းဖြစ်သူ စစ်မှု သွားထမ်းတော့ သူမက မော်ဒယ်(လ်)လုပ်တယ်။ ၁၉၄၆ ခု နှစ် မှာ ၄င်းတို့ ကွာရှင်းကြတယ်။ မွန်ရိုးဟာ ဟောလိ ဝုဒ်ရှိ သရုပ်ဆောင် သင်တန်းတစ်ခု သွားတက်ပြီး UCLA တက္ကသိုလ်မှာ စာပေပညာ ဆည်းပူးတယ်။ ၂ဝ ရာစု ဖောက်(ဇ်) ရုပ်ရှင်ကုမ္ပဏီက သူမကို သရုပ်ဆောင် လုပ်ခိုင်းဖို့ စာချုပ်ချုပ်ပေမယ့် တကယ် ရုပ်ရှင် မရိုက်ဖြစ်ခဲ့ဘူး။
၁၉၄၈ ခုနှစ်မှာ ကိုလံဘီယာ ရုပ်ရှင်ကုမ္ပဏီက သူမနဲ့ ၆ လသက်တမ်း စာချုပ်ချုပ်ပြီး သရုပ် ဆောင်နည်းပြ နာတာရှာလိုင်းတက်(စ်) လက်ထဲ အပ်နှံကာ ဒုတိယတန်းစား ဇာတ်ကား Ladies of the Chorus မှာ သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ Asphalt Jungle (၁၉၅ဝ) ဇာတ်ကားထဲက မွန်ရိုးကို ဒါရိုက်တာ ဂျိုးဆက်မန် ကီဝစ်(ဇ်) က သဘောကျလို့ All About Eve (၁၉၅ဝ) ဇာတ်ကား အတွက် ခေါ်သုံးခဲ့ပါတယ်။ ဖောက်(ဇ်) ကုမ္ပဏီကြီးက သက်တမ်း ခုနစ်နှစ် ရှိတဲ့ စာချုပ်သစ် သူမနဲ့ ပြန်ချုပ် ဆိုခဲ့ တယ်။
Niagra (၁၉၅၃) နဲ့ Gentlemen Prefer Blondes (၁၉၅၃) ဇာတ်ကားတွေကြောင့် သူမ ဟာ ညှို့မင်းသမီး တစ်လက် ဖြစ်လာတယ်။ ၁၉၅၅ ခုနှစ် က သူမ ပါဝင်တဲ့ ဇာတ်ကား The Seven Year Itch ရုံတင် ခဲ့ပြီးနောက် နာမည် ကျော် ဘေ့(စ်)ဘော အားကစားသမား (တစ်ခု လပ်) ဂျိုးဒီမက်ဂျီယို နဲ့ အိမ်ထောင်ကျပါ တယ်။ မွန်ရိုးဟာ သူမရဲ့ ‘ညှို့မင်းသမီး’ အသွင်ကို ဖျောက် ချင်လို့ နယူးယောက် မြို့ကို သွားပြီး နာ မည်ကျော် Actors Studio မှာ သရုပ်ဆောင် သင်တန်း တက်ခဲ့တယ်။ သူမ ဆရာက အဲဒီ သင်တန်း တည် ထောင်သူ လီစထရာ့စဘာ့(ဂ်)ပါ။ သူမဟာ စိတ် စိစစ်မှု ကုထုံးလည်း ခံယူတယ်။ ၁၉၅၆ ခုနှစ်က Bus Stop ဇာတ်ကားမှာ သူမ စရိုက်ပြောင်းပြီး သရုပ်ဆောင်တယ်။ ပြဇာတ် ဆရာကြီး အာသာ မီးလားနဲ့ သူမ လက်ထပ်လို့ စာနယ်ဇင်းတွေ မှင်တက်မိကုန်တယ်။ ၄င်းတို့နှစ်ဦးဟာ ၁၉၅၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ သွားပြီး The Prince and The Showgirl ဇာတ်ကားကို မင်းသားလောရင့် အိုလီဗီယား နဲ့ တွဲဖက် ရိုက်ကူး ပါတယ်။ အဲဒီ ဇာတ်ကား ရိုက်ကူးတဲ့ ကာလ အတွင်း လောရင့် နဲ့ သူမ ရန်ဖြစ်ပြီး အရက်နဲ့ စိတ်ငြိမ်ဆေးတွေကို ပိုစွဲလာတယ်။ မွန်ရိုးဟာ ကိုယ်ဝန်နှစ်ခါ ပျက်ကျပြီး၊ မီးယပ်သားဖွား ဆိုင်ရာ ခွဲစိပ် ကုသ မှု ဆက်လက် ခံယူရတယ်
ပြင်သစ် ရုပ်ရှင်မင်းသား ‘အိ(ဗ်)မွန်တန်း’ (Yves Montand) နဲ့ လည်း သူမ ငြိစွန်းသေးတယ်။ သူမနဲ့ ကွဲ သွားတဲ့ အာသာမီးလား ရေးခဲ့တဲ့ ဇာတ်ညွှန်း The Misfits ကို ရိုက်ကူးစဉ် သူမ ခြေကုန် လက်ပန်းကျလို့ မကြာခဏ ရှုတင် ဖျက်ရတယ်။ ၁၉၆၂ ခုနှစ်မှာ Something Got To Give ဇာတ်ကား ရိုက်ကူးတော့ ရိုက်ကွင်းသို့ သူမ နောက်ကျရောက်ခြင်းနဲ့ မူးယစ်ဆေး စွဲခြင်းတို့ ကြောင့် အဲဒီဇာတ်ကားမှ ထုတ်ပယ်ခံရတယ်။
၎. ၈. ၆၂ နေ့မှာ ဖုန်းဆက် ခြိမ်းခြောက်မှု တွေ သူမ လက်ခံ ရရှိတယ်။ နောက်နေ့ ကျတော့ သူမဆရာဝန် ဒေါက်တာ ရာ့(ဖ်)ဂရင်းဆန် က သူမအိမ်ကို ရောက်လာတယ်။ မွန်ရိုး ရဲ့ ပြန်ကြားရေး အရာရှိ ပက်န ယူး ကွမ့်(ဘ်)ဟာ သူမအိမ်မှာ တစ်ညအိပ်ပြီး နောက်နေ့ ညနေခင်း ကျတော့ ပြန်သွားတယ်။ ဒေါက်တာ ဂရင်း ဆန်က မွန်ရိုး နဲ့ ညစာ လိုက်စားတယ်။ မွန်ရိုး နဲ့ ဂရင်းဆန်တို့ လမ်းခွဲပြီးနောက် ည ၇း ၃ဝ နာရီမှာ ဂရင်းဆန်ဆီ သူမက ဖုန်းဆက်တယ်။ သူမ ဒုတိယ ခင်ပွန်းရဲ့ သားက ဖုန်း ဆက်ကြောင်း ပြောပြတယ်။ ရုပ်ရှင် မင်းသား ပီတာလောဖို့(ဒ်) က သူမကို ညစာ စားဖို့ ဖိတ်ပေမယ့် သူမက ငြင်းတယ်။ မွန်ရိုးက အာလေးလျှာလေး နဲ့ စကားပြောကြောင်း လောဖို့(ဒ်)က နောက်တော့ ဖွင့်ပြောတယ်။ ညဥ့်နက် လာတော့ သူမဆီ တခြားသူတွေ ကလည်း ဖုန်းဆက်ကြတယ်။ ဟိုဆေးဘဲလားနိုး(စ်) က သူမ အခြေအနေ ကောင်း မယ်လို့ မိမိ ထင်ခဲ့ကြောင်း ပြောပြတယ်။ အဲဒီည ၉း ၃ဝ နဲ့ ၁၁း ၃ဝ နာရီ ကြားမှာ သူမ သေဆုံးကြောင်း သုဘရာဇာတွေက ပြောပါတယ်။
သူမရဲ့ အိမ်ဖော်က သူမကို ခေါ်မရလို့ ညသန်းခေါင် ကျော်ခါစ မှာ ရဲတွေကို ဖုန်းဆက် ခေါ်တယ်။ အဲဒီ အိမ်ဖော် ခေါ်လိုက်လို့ ဒေါက်တာ ဂရင်းဆန် ရောက်လာပေမယ့် အိပ်ခန်း တံခါးဖျက် ဝင်မရတာကြောင့် ဘေးပြ တင်းပေါက်ကို ဖျက်ပြီး ဝင်တဲ့အခါ အိပ်ရာပေါ်မှာ မွန်ရိုးရဲ့ အလောင်းကို တွေ့ရတယ်။ မွန်ရိုးဟာ အိပ်ဆေး အလွန် အကျွံ သောက်သုံးမှုကြောင့် သေဆုံးတယ်လို့ သေမှု သေခင်း စစ်ဆေးရေး အရာရှိက အစီရင်ခံပေမယ့် သူမ အဆုံး စီရင်သွားတာ ဖြစ်နိုင်တယ် လို့လည်း တချို့က ယူဆ ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ၁၉၆ဝ ပြည့်လွန်နှစ် များမှာ တော့ ဒီအမျိုးသမီးဟာ ပြည်သူတွေ ပါးစပ်ဖျား ရေပန်းစားခဲ့သူ အကျော်အမော် တစ်ဦး ဆိုတာ တော့ ငြင်းမရပါဘူး။ မွန်ရိုး စတိုင်လ် ဆိုတာ အမျိုးသမီးတိုင်း လိုက်လံ တု ပခဲ့ကြရတာပါ။ အဲဒီ ခေတ်က နာမည်ကျော် အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းကို ပြန်လည် တွေးကြည့် မိတဲ့ အခါ သူစတိုင်လ် သူ့ဟန်ပန်လေးတွေကိုလည်း ရတီ စာမျက်နှာထက် တုပလို့ တင်ပြကြည့် ချင်စိတ် ပေါ်လာခဲ့ပါတော့တယ်။
စိုးညွန့်ဇော်

No comments:

Post a Comment