မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါ အ၀င် နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်း ဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက်ရှိနေကြောင်
အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာ တွင် တောင်ကြီး မြို့ပေါ် ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင်
အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည် ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေး အဖွဲ့မှာလည်း ဈေးကောက် ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။
Myanmar Daily News
No comments:
Post a Comment