Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2013

ချစ်စရာ "ဘွန်ဇိုင်း"အပင်လေးများ


 
Bonsai လို့ ခေါ်တဲ့ စကားရပ်ဟာ Bon လင်ဗန်း Sai စိုက်ပျိုးခြင်း ဆိုတဲ့ စကား ၂လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း မှတ်သားရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်း ဆိုသည်မှာ လင်ဗန်းထဲတွင် စိုက်ပျိုးထားသော အပင်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်.. ဟုတ်လဲဟုတ်ပါတယ်.. ဘွန်ဇိုင်းကို စိုက်ပျိုးတဲ့ အိုးကလေးတွေဟာ အလွန်မှ ဇောက်အနက် တိမ်သော လင်ဗန်းသာသာ အိုးကလေးတွေထဲမှာသာ စိုက်ပျိုးကြတာ များပါတယ်… ဘွန်ဇိုင်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကတည်းက တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်းပင်အစ တရုတ်ပြည်က လို့ ကောက်ချက် ချလို့ရပါတယ်.. ဘွန်ဇိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊မြင့်မြတ်ခြင်း၊ ကောင်းမွန်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဆောင် ကိုယ်စားပြုတယ်လို့ဆိုပါတယ်

၁၇ရာစုနှင့် ၁၈ရာစုနှစ်အတွင်း ဘွန်ဇိုင်းစိုက်ပျိုးသော အိုးကို ယခုခေတ် အသုံးပြုသော အိုးထက် အနည်းငယ် ဇောက်နက်သော အိုးများကို အသုံးပြုခဲ့ကြပါတယ်..။ ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်ရန်အတွက် အပင်ရဲ့ မလိုအပ်သော အစိတ်အပိုင်းများ အားလုံးကို ဖြတ်တောက်ကာ အရေးကြီး အစိတ်အပိုင်း အနည်းငယ် ကိုသာ ချန်လှပ်ထားပြီး နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် အရွယ်အစား ကြီးထွားလာခြင်း မရှိသော်လည်း သစ်ပင်တစ်ပင်၏ အင်္ဂါရပ်အားလုံးနှင့် ပြည့်စုံကာ လှပသေးငယ်သော ဘွန်ဇိုင်းပင် (သက်ကြီးပုပင်) ဖြစ်လာအောင် စံနစ်တကျ ပြုပြင်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။


ထူးထူးဆန်းဆန်း

No comments:

Post a Comment