Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 16, 2013

နောက်ကျမှအစာစားခြင်းက ကိုယ်အလေးချိန်လျော့မှုကို နှေးစေနိုင်


 
လေ့လာမှုအသစ်တစ်ခုအရ အကယ်၍သင်က ကိုယ်အလေးချိန်ကျရန် ကြိုးစားနေသူဆိုလျှင် သင်၏ ကယ်လိုရီစားသုံးမှုကို မျက်ခြေမပြတ် ကြည့်ရန်လိုရုံသာမက မည်သည့် အချိန်တွင် စားသုံးသည်ကလည်း အရေးကြီးကြောင်းသိရသည်။ နောက်ကျမှစားလေ ကိုယ်အလေးချိန်ကျရန် ခက်လေဖြစ်ကြောင်း သိရသည်။ ဆိုလိုသည်မှာ သင့်ရဲ့အဓိကအစာစားချိန်သည် နေ့လယ်စာစားချိန်ဖြစ်ခဲ့လျှင် မနက်ပိုင်း၌ အဓိကစားသူများ လောက် ကိုယ်အလေးချိန်ကျမည် မဟုတ်ပေ။ ယခုလေ့လာမှုအား ဘာမင်ဂမ်အမျိုးသမီးဆေးရုံနှင့်၊ ဘော စတွန်ရှိ တက်ဖ်တက္ကသိုလ်၊ စပိန်ရှိ၊ မာစီယာတက္ကသိုလ်တို့ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ လေ့လာသူ များက သတ္တ၀ါများတွင် အစာစားချိန်နှင့်ကိုယ်အလေးချိန် လျော့ကျမှုဆက်စပ်ပုံကို တွေ့ရှိခဲ့ရ၍ ယခုလေ့လာမှုကို လုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် အ၀လွန်သူ ၄၂၀ခန့်အား ရက်သတ္တပတ် ၂၀ခန့် ကိုယ်အလေးချိန်ကျစေသော လှုပ်ရှားမှုတွင်ပါဝင်စေပြီး အချက်အလက်များအား ဆန်းစစ်ခဲ့ ခြင်းဖြစ်သည်။ ရလဒ်များအရ ညနေ ၃နာရီမတိုင်မီ အဓိကစားသော အဖွဲ့က ညနေ၃နာရီနောက်ပိုင်းမှ စား သောသူများထက် ကိုယ်အလေးချိန် ပိုကျကြောင်း တွေ့ရသည်။ ထို့ပြင် နောက်ကျမှစားသူများသည် အင်ဆူလင်ကို အာရုံခံနိုင်စွမ်းပါ ကျလာကြောင်းတွေ့ရသည်။ လေ့လာသူများက အစာစားချိန်ကိုသာမက အခြား အချက်များဖြစ်သည့် စားသုံးသော ကယ်လိုရီပမာဏ၊ စွမ်းအင်ပြန်လည် အသုံးပြုမှု၊ အစာစားချင်စိတ်ကို ဖြစ် စေသည့် ဟော်မုန်း၊ အိပ်ချိန်စသည်တို့ ကိုပါ ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ် သည်။ နောက်ကျမှစားသူများသည် နေ့လယ်စာကို အနည်းငယ်သာစားပြီး (တစ်ခါတစ်ရံ၌ မနက်စာကိုစားလေ့ မရှိသော်လည်း) ကိုယ်အလေးချိန် လျော့ကျမှုမှာ ညနေ ၃နာရီမတိုင်မီ စားသူများလောက် မသိသာပေ။ ထို့ကြောင့် ကိုယ်အလေးချိန်ချရန် ကြိုးစားနေပါက အစားအသောက် တွင်ပါဝင်သော ကယ်လိုရီ ပမာဏ ကိုသာမက အစာစားချိန်ကိုပါဂရုပြု ရန်လိုပေသည်။

ဖိုးသောကြာ
Ref: MNT
Health Updates Journal
Vol-2,No-7

No comments:

Post a Comment