CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, February 9, 2013
ခန္ဓာကိုယ် ပိန်ရှည်သော အမျိုးသမီးများ ဘက်တီးရီးယားပိုး ကူးစက်နိုင်ခြေမြင့်မား
ပိန်ရှည်တဲ့ အမျိုးသမီးတွေမှာ ခုခံအားလျော့နည်း နေတာကြောင့် မိုင်ကိုဘက်တီးရီးယားပိုး ကူးစက်ခံရ နိုင်ခြေ မြင့်မားပါတယ်။ ပတ်ဝန်းကျင်မှာ မိုင်ကို ဘက်တီးရီးယားပိုးတွေ ပံျ့နှံ့နေပြီး ခုခံအားနည်းသူတွေ ကူးစက်ခံရနိုင်ပါတယ်။ မိုင်ကိုဘက်တီးရီးယားက တီဘီပိုးရဲ့ မျိုးကွဲတစ်ခုဖြစ်ပြီး တီဘီရောဂါကို ဖြစ်ပွားစေ ပါတယ်။ ခန္ဓာကိုယ်ခုခံအားက အဆီဆဲလ်တွေနဲ့ ဆက်စပ်နေပါတယ်။ အဆီဆဲလ်တွေကနေ လက်ပ်တင်နဲ့ အဒီပိုနက်တင် ဟော်မုန်းထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်အလေးချိန်နဲ့ ခုခံအားစနစ်ကို ထိန်းညှိပေးပါတယ်။ လူတစ်ယောက်ဟာ ၀လာလေလေ ပိုးမွှားကူးစက်နိုင်မှုကို တွန်းလှန်ပေးတဲ့ ခုခံအားစနစ်ကို လှုံ့ဆော်ပေး တဲ့ လက်ပ်တင်ဟော်မုန်းတွေ များလာကာ ခုခံအားစနစ်ကို ဖိနှိပ်ပေးတဲ့ အဒီပိုနက်တင် ဟော်မုန်းတွေရဲ့ ထုတ်လုပ်မှုကို နည်းသွားစေပြီး ခုခံအားစနစ်ကို ထိန်းညှိပေးပါတယ်။ ပိန်ရှည်သူတွေမှာ အဲဒီစနစ်ရဲ့ ထိန်း ချုပ်မှုမရှိတာကြောင့် ပိုးမွှားကူးစက် ခံရနိုင်ခြေ မြင့်မားရတာပါ။
News from: SMG
ခန္ဓာကိုယ် ပိန်ရှည်သော အမျိုးသမီးများ ဘက်တီးရီးယားပိုး ကူးစက်နိုင်ခြေမြင့်မား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 09, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment