Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 7, 2013

နောင်ဘ၀အထိ လွမ်းနေမယ့် မျက်တောင်တစ်ခေတ်

ထောင်းခနဲ ပြတ်တောက်သွားတဲ့ ကဗျာရွတ်သံအဆုံးမှာ
သတိရခြင်းတွေ အဆိပ်ခတ်သတ်လို့ မသေဘူး
အာရုံငါးပါးနဲ့ငြိနေတဲ့ မင်းအကြည့်တစ်ချက်က
ဘယ်လိုဆန်ကာစစ်စစ် ပြုတ်မကျဘူး
ငါဟာ ဘယ်သူမှဖတ်လို့မရအောင်
သံချေးအငြိငြိတက်နေတဲ့ တေလေတစ်ရွက်ရယ်ပါ
ဘ၀ကငှားဝတ်ချင်စရာမကောင်းအောင်
ညစ်ထပ်ထပ်နိုင်လွန်းတယ်
ကျွတ်တမ်းမ၀င်နိုင်တဲ့
မာရ်နတ်အ အ ဆယ်ကောင်စာ ဆိုးတယ်
ကိုယ်ချစ်ရသူကို သူ့ရဲ့ချစ်သူက လက်ကလေးကိုင်လိုက်တဲ့အခါ
စစ်ပွဲတစ်ခု မယူချင်ဘဲ အလကားရတယ်
မင်း နှုတ်ခမ်းထက်မှာ နားနေတဲ့ လိပ်ပြာလေးဖြစ်ဖို့
ဘယ်နှဘ၀လောက် ငါ ဆုတောင်းရမလဲ
ကန်ဘေးမှာ ထိုင်နေတော့လည်း ကောင်းကောင်းမလွမ်းရဘူး
ညှော်နံ့တွေက ဟိန်းလားဟောက်လားနဲ့
ငါ့မျက်ရည်နဲ့ တီးတဲ့သီချင်းက မင်းတစ်ယောက်တည်း ကြားဖို့တဲ့
သနားစရာ
ချစ်သူရေ...
စည်းစိမ်ဥစ္စာဆိုတာ သဲထဲရေသွန်လိုက်သလို
လက်ကမြင်းခြင်းတစ်မျိုးပါပဲ
ဗျာပါဒဆူသံပူသံတွေနဲ့ ငါ့ကို တစ္ဆေလာမခြောက်ပါနဲ့
တကယ်ဆို
ငါ့အသက်ကို ပေါ့ပေါ့ပါးပါးထွက်ခွင့်ပေးပါ
ငါ့အုတ်ဂူပေါ်မှာ မှော်ကဗျာတစ်ပုဒ်နဲ့
ငါကြီးမြတ်ခဲ့တဲ့ ဖိနပ်စုတ်တစ်ရံရယ်
မြေစိုင်မြေခဲလို ကျင့်ဝတ်တွေပဲ ဖြူးချပေးပါ
တစ်သက်တာပတ်လုံး သုညတိုင်အောင်
ထစ်ချုန်းခဲ့တဲ့ အနုပညာ
ပြောရင်းဆိုရင်း
တငိုငိုတရီရီသီချင်း တပ်ရင်းတစ်ရင်းနဲ့
အမှောင်တွေလာပြီ...အမှောင်တွေလာပြီ...
ငါ သွားတော့မယ်...အလင်းဝတ်မှုန်လေးရယ်...။

              မိုဃ်းဇက်သော်
 new style magazine/ feb/ 2013

No comments:

Post a Comment