(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ
(၁၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။
(၂ဝ)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာစိုးတဲ့
(၂၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့နင်ပြောခဲ့တယ်။
(၃ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန်လျှောက်မလည်နဲ
(၄ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ပန်းကန်တွေသိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ
(၅ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
သိုးမွှေးကိုထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစောသေစေချင်နေတယ် မဟုတ်လား”လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။
(၆ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင်ကြ
(၇ဝ) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ခုန်ပေါ်မှာတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅ဝက ဓာတ်ပုံတွေကို ငါတို့ကြည့်နေကြခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကိုဆုတ်ကိုင်ရင်း ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
(၈ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
နင်လဲလျောင်းနေတယ်...ငါငိုေ
အချစ်စစ်က အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်က အကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်က နေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲလိုတယ်။
မူရင်းလင့်-- http://blog.yam.com/
Nine Nine Sanay @ နိုင်းနိုင်းစနေ
No comments:
Post a Comment