ဈာန် ခေါ်သော ပါဠိစကားလုံး၏ မြန်မာလို အဓိပ္ပာယ်က စူးစိုက်ခြင်း ဟု
ခေါ်သည်။ ပဋ္ဌာန်း ဒေသနာ အားဖြင့် ကြည့်မည်ဆိုလျှင် ဈာနပစ္စယော။ ပဋ္ဌာန်း ဒေသနာ
မှာ လာသော ဈာန ပစ္စယော ဟူသည် -
၁။ လောကီလူတို့တွင် နေ့စဉ် စိတ်တွင် ပေါ်ပေါက်လာသည့် အကြောင်း = ဝိတက်၊ ၂။ ထိုပေါ်ပေါက်လာသည် ကို စဉ်းစားခြင်း ဝိစာရ၊
၃။ စိတ်တွင် ပေါ်ပေါက်လာသည့် အကြောင်းပေါ်တွင် ခံစားသည့် ဝမ်းမြောက်မှု ပီတိ၊
၎။ စိတ်တွင် ခံစားရသည့် ဝေဒနာ များ နှင့်
၅။ အထက်ပါ အကြောင်းအရာ များ အပေါ်တွင် စိတ်သည် တည်နေခြင်း၊ ဧက္ကက္တာ၊
ထိုအချက်များကို လောကီဈာန် (သို့မဟုတ်) လောကီစူးစိုက်ခြင်း ဟု
ခေါ်ဆိုနိုင်သည်။ ဝိမုတ္တ ခေါ် လွတ်မြောက်သည့် စိတ်သည် (သို့မဟုတ်) ဘာမျှ
မရှိသည့် အရာကို စူးစိုက်ခြင်း ဟူသော စိတ်သည် လောကုတ္တရာ စူးစိုက်ခြင်း
ဖြစ်သည်။ သို့ အတွက် ထိုနေရာတွင် စူးစိုက်ရသည်မှာ လွန်စွာခဲယဉ်းသည်။
ထို့ကြောင့်ပင်လျှင် ၂၃ နှစ်တိုင် တိုင် မဂ္ဂလမ်းစဉ်အပေါ် သင်ကြားသမျှ
တို့ကို အားထုတ်ခဲ့ပါသော်လည်း ထိုဝိမုတ္တခေါ် ဘာမျှ မရှိသည့် စိတ်ကို
စူးစိုက်သည့် နေရာသို့ ရောက်သော အခါ၊ ကောင်းစွာ စူးစိုက်၍ မရဘဲ ခက်ခဲသည်ကို
တွေ့ရသည်။
ထို့ကြောင့်ပင်လျှင် -
စိုက်စိုက်စူးစူး၊
အထူးမြဲမြံ၊
စိတ်အားသန်၊
ဈာန်ဟု ခေါ်ဆိုရ
ဟူ၍ လယ်တီဆရာတော်ဘုရားမှ ရေးသားခဲ့သည်ကို သတိရသည်။
ထိုသို့ အားထုတ်၍ မရအောင် နှောက်ယှက်သည့် စိတ်များကို ခွဲခြမ်းစိတ်ဖြာ
ကြည့်မည်ဟု ဆိုလျှင် ကိလေသာ အရာ အကျိုးကြောင်း မြောက်မြားစွာ တို့ကို
ဖြတ်တောက်ပစ်ရခြင်း ကို၊ မိမိ ဖြတ်သန်း သင်ကြားခဲ့သည့် အတွေ့အကြုံများဖြင့်
ဆင်ခြင် ပယ်ရှားရသည်။ ထိုဆင်ခြင်ရုံမျှဖြင့် မပြီးသေးဘဲ၊ မှန်ကန်စွာဖြင့်
ပြင်းထန်စွာ ပြုလုပ်ခဲ့သော ဒါန စိတ်များ၊ မျက်ရည်အကျခံ၍ စောင့်ထိန်း ခဲ့သော
သီလများ - ထိုစိတ်အားများဖြင့်၊ စိတ်အနှောက်အယှက် များကို ပယ်ရှားရသည်။
.....................
~ အဖေပြောသော ~
.....................
Feb 22nd 2013 at 6:00 PM
ဈာန် ခေါ်သော ပါဠိစကားလုံး၏ မြန်မာလို အဓိပ္ပာယ်က စူးစိုက်ခြင်း ဟု ခေါ်သည်။ ပဋ္ဌာန်း ဒေသနာ အားဖြင့် ကြည့်မည်ဆိုလျှင် ဈာနပစ္စယော။ ပဋ္ဌာန်း ဒေသနာ မှာ လာသော ဈာန ပစ္စယော ဟူသည် -
၁။ လောကီလူတို့တွင် နေ့စဉ် စိတ်တွင် ပေါ်ပေါက်လာသည့် အကြောင်း = ဝိတက်၊ ၂။ ထိုပေါ်ပေါက်လာသည် ကို စဉ်းစားခြင်း ဝိစာရ၊
၃။ စိတ်တွင် ပေါ်ပေါက်လာသည့် အကြောင်းပေါ်တွင် ခံစားသည့် ဝမ်းမြောက်မှု ပီတိ၊
၎။ စိတ်တွင် ခံစားရသည့် ဝေဒနာ များ နှင့်
၅။ အထက်ပါ အကြောင်းအရာ များ အပေါ်တွင် စိတ်သည် တည်နေခြင်း၊ ဧက္ကက္တာ၊
ထိုအချက်များကို လောကီဈာန် (သို့မဟုတ်) လောကီစူးစိုက်ခြင်း ဟု ခေါ်ဆိုနိုင်သည်။ ဝိမုတ္တ ခေါ် လွတ်မြောက်သည့် စိတ်သည် (သို့မဟုတ်) ဘာမျှ မရှိသည့် အရာကို စူးစိုက်ခြင်း ဟူသော စိတ်သည် လောကုတ္တရာ စူးစိုက်ခြင်း ဖြစ်သည်။ သို့ အတွက် ထိုနေရာတွင် စူးစိုက်ရသည်မှာ လွန်စွာခဲယဉ်းသည်။ ထို့ကြောင့်ပင်လျှင် ၂၃ နှစ်တိုင် တိုင် မဂ္ဂလမ်းစဉ်အပေါ် သင်ကြားသမျှ တို့ကို အားထုတ်ခဲ့ပါသော်လည်း ထိုဝိမုတ္တခေါ် ဘာမျှ မရှိသည့် စိတ်ကို စူးစိုက်သည့် နေရာသို့ ရောက်သော အခါ၊ ကောင်းစွာ စူးစိုက်၍ မရဘဲ ခက်ခဲသည်ကို တွေ့ရသည်။
ထို့ကြောင့်ပင်လျှင် -
စိုက်စိုက်စူးစူး၊
အထူးမြဲမြံ၊
စိတ်အားသန်၊
ဈာန်ဟု ခေါ်ဆိုရ
ဟူ၍ လယ်တီဆရာတော်ဘုရားမှ ရေးသားခဲ့သည်ကို သတိရသည်။
ထိုသို့ အားထုတ်၍ မရအောင် နှောက်ယှက်သည့် စိတ်များကို ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဟု ဆိုလျှင် ကိလေသာ အရာ အကျိုးကြောင်း မြောက်မြားစွာ တို့ကို ဖြတ်တောက်ပစ်ရခြင်း ကို၊ မိမိ ဖြတ်သန်း သင်ကြားခဲ့သည့် အတွေ့အကြုံများဖြင့် ဆင်ခြင် ပယ်ရှားရသည်။ ထိုဆင်ခြင်ရုံမျှဖြင့် မပြီးသေးဘဲ၊ မှန်ကန်စွာဖြင့် ပြင်းထန်စွာ ပြုလုပ်ခဲ့သော ဒါန စိတ်များ၊ မျက်ရည်အကျခံ၍ စောင့်ထိန်း ခဲ့သော သီလများ - ထိုစိတ်အားများဖြင့်၊ စိတ်အနှောက်အယှက် များကို ပယ်ရှားရသည်။
.....................
~ အဖေပြောသော ~
.....................
Feb 22nd 2013 at 6:00 PM
No comments:
Post a Comment