Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 19, 2013

ခရုအကျိအချွဲမှထုတ်လုပ်သည့် အသားအရေထိန်းအဆီသုံးစွဲသူ ကေတီဟုမ်းလ်




ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်းလ် သည် အသားအရေထိန်းသိမ်းရေးအတွက် ခရု၏ အကျိအချွဲ ထုတ်လုပ်သည့် အသားအရေထိန်းသိမ်းမှုအဆီကို အသုံးပြုကြောင်းသိရှိရသည်။ အသက် ၃၄ နှစ်ရှိ ကေတီ သည် ဟောလီးဝုဒ် တွင်အသားအရေ အလှဆုံးအမျိုးသမီးများအနက် တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ ယမန်နှစ်ကမှ ခင်ပွန်းဖြစ်သူ တွမ်ခရုစ်နှင့် ကွာရှင်းပြတ်စဲခဲ့သော မင်းသမီးသည် ခရု၏ အကျိအချွဲပါဝင်သော အဆီအနှစ်ဖြင့် ထုတ်လုပ်ထားသည့် မျက်နှာလိမ်းခရင်မ်ကို အသုံးပြုနေကြောင်း နီးစပ်သူများမှ ပြောကြားခဲ့သည်။ကေတီ၏ သူငယ်ချင်းများက အဆိုပါမျက်နှာလှိမ်းခရင်မ်၏ အာနိသင်နဲ့ သက်ရောက်မှုအပေါ်မင်းသမီးအနေဖြင့် အလွန်တရာအထင်ကြီးနေကြောင်း ပြောဆိုခဲ့ကြသည်။
look မဂ္ဂဇင်းနှင့်တွေ့ဆုံရာတွင် ကေတီသူငယ်ချင်းတစ်ဦးက "ပြီးခဲ့တဲ့နှစ်တုန်းက ကေတီ့မျက်နှာမှာ အက်ကွဲကြောင်းတွေဖြစ်လာခဲ့တယ်။ဒီအချက်က သူ့အလုပ်အကိုင်အတွက် တော်တော်ခက်ခဲတဲ့ ပြဿနာတစ်ခုပါပဲ။ နောက်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ ထောက်ခံချက်ပေးရာကနေ ခရုရဲ့ အကျိအချွဲက ထုတ်လုပ်တဲ့အဆီကို သုံးလာတယ်။ ခုတော့ သူ့ရဲ့အသားအရေက အရမ်းချောမွေ့နေပြီး ကေတီလည်း တော်တော်ပျော်နေပါတယ်" ဟု ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။ တောင်ကိုးရီးယားနှင့် အာဖရိကတို့တွင် အဆိုပါ မျက်နှာလိမ်းခရင်မ်မျိုးမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက လူကြိုက်များခဲ့ပြီးဖြစ်သည်။ ယင်းတို့အနက် Missha၊ Dr.Jart+ နှင့် Labcconte တို့မှာ လူသိများကြောင်းလည်း သိရသည်။

No comments:

Post a Comment