CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မြင်လွှာပျက်စီးမှုကိုကုသနိုင်မည့်မြင်းကြားငါး၏ပင်မဆဲလ်
မြင်းကြားငါး(Zebra fish) မှရရှိသော ပင်မဆဲလ်ကို မြင်လွှာ retina
ပျက်စီးမှုတွင် အသုံးပြုနိုင်ပြီး လူသားများ၏အမြင်အာရုံကို
ကာကွယ်နိုင်ကြောင်း သုတေသနတစ်ရပ် တွင်ဖော်ပြထားသည်။
မြင်လွှာတွင်ရှိသော သစ်တုံးပုံဆဲလ်(rods)နှင့် ကန်တော့ပုံဆဲလ်(cone)တို့သည် အမြင်အာရုံခံ receptor များအတွက် အရေးပါသောဆဲလ်များဖြစ်သည်။ rodsသည် ညဘက် အမြင်အာရုံကို ထောက်ပံ့ ပေးနိုင်ပြီး
နေ့ဘက်အချိန်တွင် လောကကြီးကို မြင်တွေ့နိုင်စေရန် coneက ကူညီပေးပါသည်။
University of Alberta မှသုတေသီ Dr.Ted Allisonက အဆိုပါဆဲလ်များ ပျက်စီးပါက
မြင်လွှာပျက်စီးမှုအပြင် အမြင်အာရုံကိုပါ ဆုံးရှုံးနိုင်ကြောင်း၊
ယခုလေ့လာမှုတွင် ပင်မဆဲလ်ကိုအသုံးပြုပြီး ကုသမှုမှာ ကန်တော့ပုံဆဲလ်
(cone)ကိုအစားထိုးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုသုတေသနသည် လူသားများ၏ အမြင်အာရုံနှင့်ဆိုင်သဖြင့် အရေးပါသော တွေ့ရှိမှုတစ်ရပ်ဖြစ်ကြောင်း၊
အမြင်အာရုံခံ receptorများကို ကုသရာတွင် coneများ ပျက်စီးနေမှုကို
ကုသပေးနိုင်ရန် အရေးကြီးကြောင်းသိရသည်။ နေ့ဖက် အမြင်အာရုံကို ကူညီပေးသော
အမြင်အာရုံခံ ဆဲလ်ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။
သုတေသီများသည်မြင်းကြားငါး (Zebra fish)မှရရှိသော ပင်မ ဆဲလ် အစိတ်အပိုင်းများကပျက်စီးနေ သော ကန်တော့ပုံဆဲလ်များ၏ မူလတာဝန်ထမ်းဆောင်နိုင်စေရန် အသုံးပြုနိုင်သည်ကိုတွေ့ရှိခဲ့ကြောင်း၊
ယခု အချက်သည် မျိုးဗီဇဆိုင်ရာအချက် ပေါ်တွင်အခြေခံပြီးတွေ့ရသော
ရလဒ်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည်မြင်း ကြားငါး၏ပင်မဆဲလ်ကညဘက်
အလင်းရောင်ကို အာရုံခံနိုင်သော rodsများတွင်လည်း အဆိုပါအာနိသင်ရှိ မရှိကို
ဆက်လက်လေ့လာနေကြောင်း ရှင်းပြထားသည်။
ယခုလေ့လာမှုကို Journal Public Library of Science ONE တွင်ဖော်ပြထားခြင်းဖြစ်သည်။
သက်နှင်း
Ref: IANS
Health Updates Journal
Vol-2,No-7
မြင်လွှာပျက်စီးမှုကိုကုသနိုင်မည့်မြင်းကြားငါး၏ပင်မဆဲလ်
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
February 18, 2013
Rating:
5
No comments:
Post a Comment