Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 12, 2013

ဒိုင်ယာနာ မင်းသမီးအကြောင်း ကြည့်ရှုရမယ့် "Diana" ရုပ်ရှင်

အသက် ၃၆ နှစ်အရွယ် ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားမတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ကမ္ဘာကျော် Princess Diana ရဲ့ဘဝအကြောင်း တစ်စိတ်တစ်ဒေသကို ရုပ်ရှင်အဖြစ် ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ကာလရှည် ကိုယ်ရံတော်တစ်ဦးဖြစ်ခဲ့သူ Ken Wharfe ရဲ့ ပြန်လည်ပြောကြားချက်တွေကို Stephen Jeffreys က ဇာတ်ညွန်းရေးသားထားပြီး ဂျာမန်ဒါရိုက်တာတစ်ဦးဖြစ်သူ Oliver Hirschbiegel က Diana အမည်နဲ့ Biography/Drama အမျိုးအစားဇာတ်ကားအဖြစ် စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒိုင်ယာနာအဖြစ် The Ring 1,2၊ King Kong ဇာတ်ကားတွေနဲ့ နာမည်ရခဲ့တဲ့ Naomi Watts က သရုပ်ဆောင်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ မှာ စတင်ပြသမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 Movie Crazies

No comments:

Post a Comment