Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 2, 2013

ခေတ်သတင်း
 
“ရနောင်းမြို့အနှိပ်ခန်းတွင်ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးများအားဖမ်းမိ”
၂၀၁၂ ဒီဇင်ဘာ ၃၀ထိုင်းမြန်မာနယ်စပ်
ရနောင်မြို့တွင်းရှိသော ဘန်ချဖိုင်ခေါ်
အနှိပ်ခန်းတစ်ခု တွင်ရောင်းစားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့
အား ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းဆောင် ရွက်မှုဖြင့် ဖမ်းဆီးကယ်တင်နိုင်ခဲ့ကြောင်း ခေါင်စွတ် သတင်းတွင်ရေးသားဖေါ်ပြထားသည်

မြန်မာနိုင်ငံ နေပြည်တော်မှတဆင့် ကော့သောင်းလူကုန်တား အဖွှဲ့က ထိုင်းနယ်ခြားစောင့်တပ်
အမှတ်(၂၅)ကို အကူညီတောင်းခံခဲ့သဖြင့် တပ်ခွဲ ၂၅၂၁ က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရနောင်းမြို့ ဘာနွန်ရပ်ကွက် အမှတ်(၄) ဆိုင်အမှတ် ၁၄၅/၆၇-၆၈ ဖက်ကဆင်လမ်းတွင်ရှိသော ဘန်ချဖိုင်ခေါ် အနှိပ်ခန်းတစ်ခုကို ဝင်ရောက် ရှာဖွေရာတွင် ဆိုင်ရှင် ထိုင်းနိုင်ငံသား နိုင်စုမ်ဖုန်း (အသက်၅၃နှစ်) နှင့် ဇနီးဖြစ်သု မြန်မာနိုင်ငံသူ မတင်စိုး (အသက် ၄၀နှစ်)နှင့်မြန်မာအမျိုးသမီး ၆ ယောက် တို့ကို ဖမ်းဆီးခဲ့သည်။

မတင်စိုးနေသော ၄ ထပ်မြောက် အခန်းထဲတွင် ထိုင်းလက်ဝှေ့ ကြည့်နေသော မြန်မာ ဘုန်းတော်ကြီး နှစ်ပါးကို မသင်္ကာ၍ စစ်ဆေးမည်ဖြစ်သည်။

အမျိုးသမီး ၆ ယောက်ထဲတွင် အသက် ၁၈ နှစ်အောက် ၂ ယောက်ပါရှိသည်။ မိမိသဘောနှင့် လာရောက် အလုပ်လုပ်နေသူ ၃ဦးအား တရားမ၀င်အရေးယူမည်ဖြစ်သည်။

မတင်စိုး၏ ထွက်ဆိုချက်အရ မိန်းကလေးများ၏ မိဘများကို ကျပ်ငွေ ၃သိန်း နှင့် ဘတ်ငွေ ၂၃၀၀၀ ခရီးစားရိတ် အပြီးစီး နှင့် ခေါ်ဆောင် လာခဲ့ကြောင်းထွက်ဆိုပါသည်။

မတင်စိုးကို လူကုန်ကူး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွား မည်ပာု khaosod news တွင် ရေးသားဖေါ်ပြထားသည်။

ရွှေလုပ်သား
Shwe Myanmar

No comments:

Post a Comment