စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အိမ်၊ ခန်းမ စတဲ့ နေရာအတွင်းမှာ လေ့ကျင့်ခန်း လုပ်တာထက် ပိုပြီး အကျိုး သက်ရောက်မှု ရှိပါတယ်။ အစိမ်းရောင် လေ့ကျင်းခန်းကို ပြုလုပ်ပေးခြင်း အားဖြင့် စိတ်ဖိစီးမှုနဲ့ စိတ် မကြည်မလင် ညစ်နွမ်း နေတာတွေကိုပါ လျော့ပါးသက်သာ စေနိုင်တာကြောင့် အစိမ်းရောင် လေ့ကျင်းခန့် ပြုလုပ်တဲ့ အလေ့အထကို ပြုစု ပျိုးထောင်သင့်ပါတယ်။ မိမိအိမ် ခြံဝင်းတွင်း မှာသော် လည်းကောင်း သို့မဟုတ် အနီးတစ်ဝိုက်က အစိမ်းရောင် ရှုခင်းများ၊ သစ်ပင် များရှိရာ နေရာတို့မှာ သော်လည်းကောင်း အဆင်ပြေတဲ့ နေရာမှာ အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်နိုင် ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်း ပြုလုပ်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင် အနေ အထားဟာ ဘေးပတ်ဝန်းကျင်မှာ ရေကန်၊ ရေအိုင်၊ မြစ်ချောင်း စသည်တို့ရှိပါက ပိုပြီး ထိရောက် ကောင်းမွန် တယ်လို့လည်း ပညာရှင်များက အဆိုပြုကြပါတယ်။ ပင်လယ် ကမ်းခြေဟာ လည်း ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။
လမင်းမောင်
No comments:
Post a Comment