Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 6, 2013

သေချာအတွေး ပိုင်အောင်မွေး

   
(အဖေ) ငါ့သားရွှေဆင်း မောင်သက်ပြင်း
မင်းယူမယ့်မိန်းမ ငါ့သဘောအရ
မျိုးလှမိန်းမငယ် ဖြစ်ရမယ်…။
(သား ) သားယူမယ့်မိန်းမ သားသဘောအရ
အချိုးကျမိန်းမငယ် ဖြစ်ရမယ်…။
(အဖေ)မင်းယူမယ့်မိန်းမ ဘေးဂိတ်သမီးဟ
(သား ) ဒီလိုဆိုကွယ် သားယူမယ်…။
နောက်တနေ့ အဖေက ဘေးဂိတ်ကိုချဉ်းကပ်
(အဖေ)ခင်ဗျားသမီးတွက် အိမ်ထောင်ဘက်
လိုက်ဖက်မယ့်သူ ကြိုက်မှယူ…။
(ဘေးဂိတ်)ကျုပ်သမီးလေး ငယ်ပါသေး
အိမ်ထောင်ရေးဝယ် စောသေးတယ်…။
(အဖေ)ဒီသူငယ်က ဒု ဥတ္တဋ္ဌ
ကမဘာ့ဘဏ်ဝယ် အမှုထမ်းတယ်…။
(ဘေးဂိတ်)ဟယ်-ဒါဆိုကြည်ဖြူ သဘောတူမယ့်။
နောက်တနေ့ အဖေက ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌကို ချဉ်းကပ်
(အဖေ)သင့်ဘဏ်တိုက်က ဒုဥက္ကဋ္ဌ
ကိုက်လှတဲ့သူငယ် တွေ့ထားတယ်၊
(ဘဏ်ဥက္တဋ္ဌ)ဒုဥက္ကဌရာထူးများ မှိုလိုပွား
မအားလပ်ဘူး ဒီရာထူး၊
(အဖေ)ထူးမြတ်ဆန်းကြယ် ဒီသူငယ်
ကြွယ်ဝသူဌေး ဘေးဂိတ်သမက်လေးဗျ…။
(ဘဏ်ဥက္ကဋ္ဌ)ဘဏ်တိုက်ရှေ့ရေး ကျုပ်စိတ်အေးပြီ
မနှေးခန့်စေ ခေါ်ခဲ့လေလော့…။

တွေ့ ပါပြီလား ဒီပုံပြင်မခြား
ပေါများရတနာ မရှိပါလဲ
သေချာအတွေး ပိုင်အောင်မွေးလျှင်
ရှေ့ရေးအရာ အောင်မြင်လာပြီး
သင့်မှာမြော်ရှု တခုခု ဖြင့်
ဆုမြတ်မဟာ ရမည်သာတည့်း။

တက္ကသိုလ်ဘုန်းကြွယ်(ဇန္န၀ါရီ ၇ ၁၃)

ကိုကိုအောင်(ဆန်ဖရန်စ္စကို)ကလောင်အမည်ဖြင့်
ဇန္န၀ါရီ ၂၇ ၂၀၀၈ တွင်ရေးခဲ့ဖူးပြီ…။
မဖတ်မိသေးသူများအား
ထပ်မံတင်ပြလိုက်ပါသည်

မူရင်းအင်္ဂလိပ်စာဆိုက…ဒီလို
ဒါကိုပြန်ဆိုထားပါကြောင်း



Dad: I want you to marry a girl of my choice.
Son: No
Dad: The girl is Bill Gates’ daughter.
Son: Then ok
Dad goes to bill gates
Dad: I want your daughter to marry my son.
Bill Gates: No.
Dad: My son is the vice president of the World Bank
Bill Gates: Then o.k.
Dad goes to the president of the World Bank.
Dad: Appoint my son as the CEO of your bank.
President: No!
Dad: He is the son in law of Bill Gates.
President: Then 0k!
This is the positive Business

No comments:

Post a Comment