==========================
အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။
ဓာတ်ပုံ-The Times of India
အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။
အဲဒီ့ နောက်ဆက်တွဲ အကျိုးဆက်တခု အနေနဲ့ မတရား မုဒိန်းပြုကျင့်မှုတွေကို ကာကွယ်နိုင်ဖို့ ဒီအစီအစဉ် ဖြစ်လာခဲ့တယ်လို့ The Times of India အွန်းလိုင်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။
တချိန်က အာဏာရပါတီကြီးဖြစ်ခဲ့တဲ့ Bharatiya Janata Party (BJP) ရဲ့ အဓိက မဟာမိတ် ပါတီ တခုဖြစ်တဲ့ Shiv Sena ပါတီကြီးက အခုလို မွန်ဘိုင်းနဲ့ အဲဒီအနီးဝန်းကျင်မှာ ရှိတဲ့အမျိုးသမီးတွေကို အသွား ၃ လက်မရှိတဲ့ ဘလိတ် ဓားပေါင်း ၂၁၀၀၀ တွေကိုဝေငှပေးခဲ့ပါတယ်။
သူတို့ပါတီအနေနဲ့ အမျိုးသမီးတွေ ကိုယ့်ကာမကို ထိမ်းသိမ်းကာကွယ်နိုင်ဖို့
“ဒါက သင်္ကေတနဲ့ သရော်တဲ့ နည်းတခုပါ”လို့ အဲဒီပါတီ ပြောခွင့်ရ ရာဟူးလ် နာဝပ်ခါက ပြောပါတယ်။
တခါ အဲဒီပါတီကြီးက ဘလိတ်ဓားကင်မ်ပိန်းတာဝန်ယူထ
ဖြစ်တဲ့ Saamana မှာလည်းဖော်ပြထားပါတယ်။
အသွား ၃ လက်မသာ ရှိတဲ့အတွက် အသွား ၆ လက်မ ထက်တိုတဲ့အတွက် လက်နက်လည်း မမြောက်ဘူး လို့ သူက ဆိုပါ တယ်။
ဒါပေမယ့် မွန်ဘိုင်းရဲတပ်ဖွဲ့ကတော့ အခုလို အသွား ၃ လက်မ ဓားကို ဆောင်ထားခြင်းဟာ တရားဝင် တယ်၊ မ၀င်ဘူးဆို တာ သူတို့ သေချာ စဉ်းစားနေကြတုန်းပါဘဲတဲ့။
နောက် ငရုပ်သီးမှုန့် ။
ဒါနဲ့ပတ်သက်လို့ကတော့ အမျိုးသမီးတွေအနေနဲ့ ငရုပ်သီးမှုန့်ဆောင်ထားခြင်း
အခုဆိုရင် အိန္ဒိယက အမျိုးသမီးတွေလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ငရုပ်သီးမှုန့်၊ ငရုပ်ကောင်းမှုန့်၊ အသွား ၃ လက်မရှိတဲ့ ဓားတွေ ဆောင် ထားလာကြပြီးလို့ အဲဒီသတင်းစာက ဆိုပါတယ်။
မြန်မာ့သားကောင်း
No comments:
Post a Comment