၁၂.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် (၁၁းဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာသံ အဆိုတော် စိုးစန္ဒာထွန်း ရောက်ရှိလာခဲ့သည်။ စိုးစန္ဒာထွန်းနှင့် မိသားစုသည် ၁ဝ.၁၂.၂ဝ၁၂ ရက်နေ့၌ ကွယ်လွန် ခဲ့သော ဖခင်ကြီး ဦးခင်မောင်ဋ္ဌေး (ဝါးခယ်မ) အသက် (၇ဝ) နှစ် အားရည်စူး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူလူထုအား ထမ်းဆောင်ပေးဆပ်နေသော လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ (၁ဝ) သိန်းကျပ်တိတိနှင့် ဖခင်ကြီး ဦးခင်မောင်ဋ္ဌေး မကွယ်လွန်မီ အသုံးပြုခဲ့သော ဝှီးချဲ၊ လေးချောင်းထောက် (Hand Frame)၊ ချွဲစုတ်စက်နှင့် တုတ်ကောက်တစ်ချောင်းတို့အား လှူဒါန်းခဲ့ကြသည်။ စိုးစန္ဒာထွန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး အသင်း၏ လုပ်ဆောင်ချက်များကို လိုက်လံရှင်းလင်း ပြသခဲ့ကြကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြ သည်။
ကွယ်လွန်သူဖခင်ကြီး ဦးခင်မောင်ဋ္ဌေး အသက် (၇ဝ) နှစ်အတွက် ရည်စူး၍ အဆိုတော် စိုးစန္ဒာထွန်းနှင့် မိသားစုမှ လှူဒါန်းသော အလှူငွေနှင့် ပစ္စည်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သောနေရာများ၊ ဆေးရုံ၊ ဆေးခန်းနှင့် လူနာများအတွက် ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်သည
Photo From : Kyaw Thu
No comments:
Post a Comment