Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 1, 2012

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော

     01 December 2012 | 

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြောဒုတိယ တေးစီး ရီးကို ပထမတေးစီးရီး ‘အင်္သချေ’ ထွက်ရှိပြီး ၉ နှစ်နီးပါး အကြာမှာ ထွက်ရှိလာတဲ့ တေးသံရှင်ဖြိုးကြီး ရဲ့ ‘မမုန်းကြေး’ဟာလည်း အခြေအနေကောင်း နေပါတယ်။

”ဟိုနေ့က ချယ်ရီ FM ကိုသွားတော့လည်း ပရိသတ်တွေ သီချင်းတောင်းတာ ကြားရတယ်။ ပရိုမိုးရှင်းပွဲတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနားတွေမှာ လုပ်ခဲ့ တယ်။ ကျွန်တော် ရှိုးတွေမှာတော့ သီချင်းသစ်တွေမဆိုဖြစ်သေးဘူး။ ၂၇ ရက်၊ မေမြို့ ရှိုးမှာတော့ဆိုဖြစ်မယ်”လို့ပြောတဲ့ ဖြိုးကြီးကလတ်တလောမှာတော့လူကုန်ကူးမှုကာကွယ် တားဆီးရေး အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်တဲ့ Walkfree Organizationရဲ့ မြန်မာ သံတမန်အဖြစ်လည်း ခန့်အပ်ခြင်းခံထားရပါတယ်။ ဖြိုးကြီးရဲ့ ဇနီးလောင်း ကလည်း MTV EXIT လူကုန်ကူးမှု ကာကွယ်တားဆီးရေးရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက် ပေးဖြစ်နေတာကြောင့် ပရဟိတစုံတွဲလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်၊ ပြည်သူ့ ရင်ပြင်မှာကျင်းပမယ့် MTV EXITရဲ့ လူကုန်ကူးမှုပညာပေးဂီတပွဲမှာလည်း ပါဝင်ဖျော်ဖြေမယ့် ဖြိုးကြီးက အဲဒီနေ့ပွဲမှာတော့ ပရိသတ်နဲ့ အဆင်ပြေမယ့် သီချင်းမျိုးကို ရွေးချယ်သီဆိုသွားမယ်လို့လည်း သိရပါတယ်။ ဒုတိယအခွေလည်း ထွက်ရှိပြီးပြီဖြစ် တဲ့ ဖြိုးကြီးက တတိယအခွေအတွက်လည်း ပြင်ဆင်နေပြီး သူကြိုက်တဲ့ အဆိုတော်တစ် ယောက်ရဲ့ သီချင်းတွေကိုစုပြီး ပြန်ဆိုတေး တစ်ခွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဖြိုးကြီးတို့ချစ်သူနှစ်ယောက်ရဲ့ မင်္ဂလာပွဲသတင်းကို လည်း ဘယ်တော့ကြားရ မလဲဆိုတော့ ”အခုလောလောဆယ်တော့ အချိန်က မသတ်မှတ်ရသေးဘူး။ နှစ်ယောက် စလုံးက ငယ်သူငယ်ချင်းဆိုပေမယ့် အခုမှ နှစ်ယောက် ပေါင်းပြီး ဘဝကို စတုန်းပဲရှိပါ သေးတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး”လို့ ဖြိုးကြီးတို့စုံတွဲက ပြောပြခဲ့ပါတယ်။

ရဲရဲ
Popular News

No comments:

Post a Comment