Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 6, 2012

အနုပညာ အလုပ်ကို အနီးကပ်ဆုံး ကူညီ သူတွေ အကြောင်း ပြောပြသူ အိချောပို


အနုပညာ အလုပ်ကို အနီးကပ်ဆုံး ကူညီသူများ မှာ မိသားစု များ သာ ဖြစ်ကြောင်း သရုပ်ဆောင် အိချောပိုက ပြောသည်။

”မိသားစုတွေက ထက်ကြပ်မကွာ လိုက်ပေး တယ်။ ဝေဖန်ပေးတယ်။ အပြိုင် သရုပ်ဆောင်ရင်လည်း အကြံတွေပေးတယ်။ တစ်ယောက်ဆီက တစ်ယောက် အကြံတွေ ယူကြတယ်။ အမြဲတမ်း စုပြီး ကိုယ့်အလုပ် အကြောင်းတွေ အပြန်အလှန် ပြောလေ့ရှိကြတယ်” ဟု အိချောပိုက ဆိုသည်။

”မင်းသမီးတွေနဲ့ အပြိုင် သရုပ်ဆောင် ရတော့မယ် ဆိုရင် သူလည်း ကြိုးစားမှု ရှိမှသာ ကိုယ့်ဘက်က လည်း ကြိုးစားတယ်။ တတ်နိုင်သမျှ ပိုပြီး ကြိုးစား သရုပ်ဆောင် ရမှာပေါ့။ ဒါအပြိုင်ဆိုရင် ကိုယ့်ကာ ရိုက်တာကို ကိုယ်အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားသွားရမှာပေါ့”ဟု ၄င်းက ပြောသည်။ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် တွင် ပြဇာတ်မေဂျာဖြင့် ဘွဲ့ရခဲ့သူ အိချောပိုက ယခုလောလောဆယ် ဒါရိုက်တာ ညီညီထွန်းလွင်၊ နေတိုးတို့နှင့် ဇာတ်ကား ရိုက်ကူးနေကြောင်း သိရသည်။

ထူးထူး

No comments:

Post a Comment