01 December 2012 |
ဝမ်းချုပ်တာဟာ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ တစ်ခုပါ။ လူတိုင်းဆိုပေမယ့် ကွဲပြားခြားနားတဲ့ ပုံစံ မျိုးစုံနဲ့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါ တယ်။ ဝမ်းမသွားဘဲ နှစ်ရက်၊ သုံးရက် လောက် ကြာလာချိန်မှာတော့ ဝမ်းသွားရခက်ခဲမှု နဲ့အတူ ဝမ်းသွား ချိန်မှာ စအိုက နာကျင် လာပါတော့ တယ်။ အချိန်ကြာလာရင် စအိုကွဲရာ ကနေ သွေးပါလာတတ် ပါတယ်။ ဝမ်းသွားနေချိန်မှာ မစားသင့်တဲ့ အစား အစာတွေရှိပါတယ်။ ဖော်ပြပါအစားအ စာတွေကို စားမိရင် သင့်ကို ဝမ်းပိုချုပ် စေတဲ့အပြင် မအီမသာဖြစ်စေပါတယ်။
ရှောင်သင့်သော အစားအစာ
ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဟော့ဒေါ့နဲ့ ဟမ်ဘာဂါလို အစားအစာ တွေ၊ ချောကလက်နဲ့ ချောကလက် ပါဝင်တဲ့ အစားအစာတွေကို ဝမ်းချုပ် နေချိန်မှာ ရှောင်သင့်ပါတယ်။ ပြောင်းဖူးပေါက် ပေါက်၊ ချိစ်နဲ့ ကိတ်မုန့်ခြောက်တွေကို ရှောင်ပါ။ ပီဇာတွေကိုလည်း အသီးအနှံနဲ့ ပြုလုပ်ထား တာမျိုးကိုသာ စားသင့်ပြီး အသားနဲ့ ပြုလုပ်ထားတာမျိုးကို ရှောင်ပါ။ အသားတွေထဲမှာ ကြက်သားနဲ့ ကြက် ဆင်သားလိုမျိုး အဖြူရောင်အသားတွေ ကိုသာစားသင့်ပြီး ကင်စားတာထက် ချက်ပြုတ် စားသောက်တာက ပိုကောင်း ပါတယ်။ အကင်စာတွေကို ရှောင်ပြီး ရေခဲနဲ့ ရေခဲမုန့်တွေကိုလည်း ဝမ်းချုပ်နေစဉ် မှာ ရှောင်ပါ။ အသင့်ပြုလုပ်ထားတဲ့ အ စားအစာတွေကို ဝမ်းချုပ်နေစဉ် ခဏ ရှောင်ထားပါ။ ငှက်ပျောသီးနဲ့ ကာဗို ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို လည်းရှောင်ပါ။
စားသင့်သော အစားအစာများ
ဝမ်းချုပ်နေစဉ်မှာ သံပရာသီးတစ် ခြမ်းကို ရေနွေးတစ်ခွက်ထဲမှာ ညှစ်ထည့် ပြီး တစ်နေ့တစ်ခွက်သောက်ပေးပါ။ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အချိုနည်းမုန့်တွေနဲ့ လတ် ဆတ်တဲ့ သစ်သီးတွေကို စားပေးပါ။ စွပ် ပြုပ်၊ လက်ဖက်ရည်ကြမ်း၊ လိမ္မော်သီးနဲ့ ပျားရည်ရောထားတဲ့ ဖျော်ရည်မျိုးတွေကို သောက်ပေးပါ။ ဟင်းရွက်တွေနဲ့ ပြုလုပ် ထားတဲ့ စွပ်ပြုတ်မျိုးကတော့ ဝမ်းချုပ်နေ ချိန်မှာ အစားသင့်ဆုံး အစားအစာပဲဖြစ် ပါတယ်။ ဝမ်းချုပ်နေချိန်မှာ ငါးလည်းစား ပေးနိုင်ပါတယ်။ ဝမ်းချုပ်နေချိန် စားသင့်သော အစာစားနည်း ပုံစံ ဝမ်းချုပ်နေချိန်မှာ အစာကို လျှော့ စားရမယ် ပိုစားရမယ်ဆိုပြီးမရှိပါဘူး
မနက်စာကို များများစားပါ
မနက်ပိုင်း အစာများများစားတာ ကြောင့် တစ်နေ့တာလုံးအတွက် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ လူ တစ်ယောက်အတွက် တစ်နေ့တာလုံး လှုပ်ရှားနေရမှာဖြစ်တဲ့အတွက်
သဲသဲ
Good Health
No comments:
Post a Comment