Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 2, 2012

ဆောင်းတွင်းအတိုအကပ်ဝတ်နည်း


တကယ်လို့ ဆောင်းတွင်းမှာ အတိုတွေ ဝတ်တော့မယ်ဆိုရင် ပထမဦးဆုံး သတိထားရမှာက ခြေထောက်ပိုင်းကို ကာကွယ်ဖို့ ပါ။ ဘယ်လိုကာကွယ် ရမှာလဲဆိုတော့ စတော့ကင်းတွေ၊ လက်ဂင်းတွေ ဝတ်ဖို့ပါ။ ဒူးအောက် နားအထိ ရောက်တဲ့ ဘု(တ်)တွေကို လည်း ဝတ်ဆင်ပေးနိုင်ပါတယ်။ပြီးတော့မှ အပေါ်ကနေ စကတ်ဖြစ်ဖြစ်၊ တခြားအတိုဖြစ်ဖြစ် ဝတ်မယ်ဆိုရင် အရှက်လည်းလုံ၊ အတိုလည်းဖြစ်ပြီး ဖက်ရှင်လည်း ကျမှာဖြစ်ပါတယ်။ အတိုထဲက မီနီစကတ်တွေ ဟာ ဂျင်းအတို ဘောင်းဘီတွေထက် ပိုပြီးတော့ခြေချောင်းကို သွယ်လျ စေပါတယ်။ ပိုပြီးတော့လည်း သွက်လက်တက်ကြွတဲ့ဟန်ပေါက်စေပါ တယ်။

လက်ဂင်း

လက်ဂင်းတွေဟာ နောက်ဆုံး ထွက်နေတဲ့ ဖက်ရှင်ရေစီးကြောင်း တွေထဲက ပျိုတွေအသုံးများတဲ့ ဖက်ရှင်တစ်ခုပါ။ လက်ဂင်းတွေဟာ ဆောင်းတွင်းမှာ အတိုဝတ်မယ့် သူတွေအတွက် အကောင်းဆုံး အဖော်မွန်ပါပဲ။ နွေးထွေးမှုလည်း ဖြစ်စေသလို ဖက်ရှင်လည်းကျစေ ပါတယ်။ ဆက်ဆီလည်း ဖြစ်စေ ပါတယ်။ အပေါ်က ဂျင်းအတိုနဲ့ တွဲဝတ်ပြီး အထဲမှာအရောင် တောက်တောက်တွေနဲ့ ဆင်လိုက် ရင် cuty စတိုင်လ်ဖြစ်သွားပါမယ်။

ထပ်ဝတ်

ဆောင်းတွင်းမှာ အတိုဝတ် မယ့်သူတွေအတွက် ချမ်းတုန်ချမ်း တုန်မဖြစ်ရလေအောင် ထပ်ဝတ်ဖို့ လိုပါတယ်။ လက်ပြတ်ဝတ်တဲ့ အခါမျိုးကျရင် အောက်ကနေ လည်ဝိုင်းအင်္ကျီကို ခံဝတ်ထားပေးပါ။ အဲဒါဆို နွေးစေပါတယ်။

လည်စည်းပဝါ

လည်စည်းပဝါဟာလည်း လူကို နွေးစေပါတယ်။ အတိုဝတ်တဲ့ သူတွေအနေနဲ့ လည်စည်းပဝါကိုပါ တွဲဝတ်နိုင်ပါတယ်။

စကတ်တိုနဲ့ လိုက်ဖက်တဲ့ဖက်ရှင်

အောက်ဖက်ကနေ ဦးချွန်ဖိနပ် ပြားလေးတွေဟာ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အရပ်ပုလို့ အမြင့်ဝတ် ချင်တယ်ဆိုလည်း wedge ဖိနပ် အထူကြီးတွေရှိပါတယ်။စကတ်နဲ့ တွဲဝတ်ရင်လိုက်ဖက်မှုရှိပါတယ်။ မီနီစကတ်တွေ ဝတ်တဲ့အခါ ကျရင် သတိထားရမှာက အောက် ပိုင်းချည်းပဲ မဟုတ်ပါဘူး။အပေါ် ပိုင်းဝတ်တဲ့ အဝတ်အစားကိုလည်း သတိပြု ရွေးချယ်ပေးသင့်ပါတယ်။ မီနီစကတ်နဲ့ အများဆုံးလိုက်ဖက်တဲ့ အပေါ်အဝတ်အစားကတော့ တီရှပ်ပါ။ ဂျက်ကတ်တွေနဲ့လည်း တွဲ ဝတ်နိုင်ပါသေးတယ်။

အတိုဝိဝတ်တ်တဲ့အ့အခါ သတိပြုဖို့

အတိုဝတ်တဲ့အခါ အတိုတွေဟာ သွားလာလှုပ်ရှားတဲ့အခါကျ ရင် ပိုပြီးတော့ တိုကပ်သွားပါတယ်။ ဒါကို မဝတ်ခင် သတိပြုပြီးမှ ကိုယ် လိုလားတဲ့ အတိုအနေအထားကို ရွေးချယ်ပြီး ဝယ်ယူဝတ်ဆင်သင့် ပါတယ်။ သူ့နဂိုရှိရင်းစွဲ အတိုဟာ သွားလာလှုပ်ရှားတဲ့အခါတိုင်းမှာ ပိုပြီး တိုသွားတတ်ပါတယ်။ ဥပမာမီနီစကတ်တွေဟာ အထိုင်အထ လုပ် တဲ့အခါကျရင် ပိုပြီးတိုသွား တတ်ပါတယ်။ အတိုဝတ်ပြီးတော့မှ နေရထိုင်ရ သွားလာလှုပ်ရှားရတာ စိတ်ကသိကအောက်ဖြစ်နေရင် ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ ဘေးလူလည်း ခံစားမိပြီး ဖက်ရှင်မိ တော့မှာ မဟုတ်တော့ပါ။ နောက်ပြီး အတိုဝတ်တဲ့အခါမှာ နောက်ကြည့် မှန်နဲ့ ကိုယ့်နောက်ပိုင်းကို ပြန်ကြည့် ပြီးမှ စိတ်တိုင်းကျ အတိုဟုတ် မဟုတ် ရွေးချယ်ပေးပါ။ ရှေ့ဘက် ပိုင်းကိုပဲ ကြည့်ပြီး မဝယ်ပါနဲ့။ အတို တွေဝတ်ပြီး ထိုင်တဲ့အခါ ဘယ်လို ဘယ်ပုံဖြစ်တတ်တယ်ဆိုတာ အများအသိပါ။

ဒါပေမယ့် ကိုယ်က တော့ ဝတ်ပြီးပြန်ကြည့်နိုင်တာ မဟုတ်လို့ တော်ရုံနဲ့ကိုယ့်နောက် ပိုင်းဟာ ဘယ်လို ဟာလာဟင်းလင်း ဖြစ်နေတယ်ဆိုတာ မရိပ်မိတတ် ကြပါဘူး။ အမှတ်တမဲ့ မှားတတ်တဲ့ အမှားကလေးတွေမို့ သတိပြုစေချင် ပါတယ်။ တစ်ခု သတိထားရမယ့် အချက်တစ်ချက်ရှိပါသေးတယ်။ ဝမ်းပျဉ်းသား စူထွက်နေတဲ့သူတွေ အနေနဲ့ မီနီစကတ်ဝတ်တဲ့အခါ သိပ် အဆင်ပြေမှာမဟုတ်ပါဘူး။ ဗိုက် သားထွက်နေတာ ထင်းလင်းနေ တတ်ပါတယ်။ နောက်ပြီး စကတ် ကလည်း ပိုပြီးတိုကျုံ့သွားတတ် ပါတယ်။ ဒါကြောင့်မို့ ဗိုက်သား ဆူထွက်နေတဲ့သူတွေအနေနဲ့ စကတ်အတိုကို ရှောင်နိုင်ရင်ပို ကောင်းပါတယ်။ တကယ်လို့ ကိုယ်ဝတ်တဲ့ အတို၊ မီနီစကတ်တို့ဟာ ကိုယ့် ခြေထောက်အတွက် သိပ်အဆင် မပြေသလို ခံစားရရင် မဝတ်တာ အကောင်းဆုံးပါပဲ။ အရပ်မြင့်တဲ့သူတွေအနေနဲ့ အတိုနဲ့မီနီစကတ်ဝတ်တဲ့အခါ အရပ်ပုသလို ဖြစ်သွားတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အတိုရဲ့ အနေအထားနဲ့ ကိုယ့်အရပ်ရဲ့ အနေအထားတို့ စပ်ဟပ်မှု မတည့် လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အရပ်မြင့်တဲ့သူတွေအနေနဲ့ အတိုကို ရွေးချယ်တဲ့အခါမှာ တခြားသူတွေ ရွေးတဲ့ အတိုအနေအထားကို ကြည့်ပြီး မ၀တ်ပါနဲ့။ ကိုယ့်အရပ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အတိုကို ပဲ ရွေးပေးပါ။ အတိုဝတ်သူတွေအတွက် နောက်ဆုံး သတိထားစေချင်တဲ့ အကြောင်းအရာက တကယ်လို့ လက်ဂင်းတို့၊ စတော့ကင်းတို့မပါဘဲ စကတ်အတိုတွေ ဝတ်မယ်ဆိုရင် အထိုင်၊အထကို ဂရုပြုပေးပါ။ မြန်မာတွေအနေနဲ့ အတိုဝတ်ကျင့် မရှိတာကြောင့် ကိုရီးယား၊ ဂျပန် တွေလို အထိုင်၊ အထဟာ သေသပ် မှုသိပ်မရှိသေးပါဘူး။ တစ်ခါတလေ အထိုင်၊ အထတို့ဟာ ကိုယ်က သတိ လက်လွတ်ဖြစ်သွားပေမယ့် တခြား သူတွေရဲ့ မျက်စိမှာတော့ အခွင့်အရေးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ဝတ်ကျင့်မရှိတဲ့ သူတိုင်း အတွက် ထိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ အကုန်း၊ အကွမှာပဲ ဖြစ်ဖြစ် တတ် နိုင်သမျှ ဒူးစေ့ထားဖို့ မမေ့စေချင် ကြောင်းပြောဆိုရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ . . .။

နွေဦးအိမ်

No comments:

Post a Comment