Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 4, 2012

ဆင်ဆာ ဆင်ဆာ ဆင်ဆာ

by Aung Lin Naing on Tuesday, 4 December 2012 at 11:00 ·

ဖွဘွတ်ပေါ်မှာ မင်းသမီးသက်မွန်မြင့် ရေးလာတဲ့ စာလေးဖတ်ရတော့ အတွေးတွေ အုံလိုက်ကျင်း
လိုက်ဝင်လာတယ်။
ဝင်လာတယ်ဆိုတာက ခေါင်းရဲ့ အပေါက်ဝမှာ စောင့်နေတဲ့အတွေးစတွေ။ ကြပ်ခဲနေတာကြာခဲ့ပြီ။
အရင်ကတဲက လည်း ဒီလိုစာမျိုးရေးခဲ့တယ်။ ရေးလိုက်ဖျက်လိုက်။နောက်ဆုံး ကွန်ပျူတာထဲ ပဲသိမ်းထားလိုက်ရတော့တယ်။ ဘာဖြစ်လို့ လဲဆိုတော့. ရေးရင်းရေးရင်း နဲ့ ဇာတ်တွေက ရှုပ်သထက်ရှုပ်ကုန်လာမှာဆိုးလို့ ။
အရင်းမရှိအဖျားမရှိ ဇာတ်ရည်မလည်မှာစိုးလို့ ။ ဇာတ်ကြောင်းလေးကတောပြန်ဦးမှပါပဲ။
ဒီလိုပါ။ စာရေးဆရာမ ပုညခင်ရဲ့ ဝထ္ထုတပုဒ်ကို ရုပ်ရှင်ရိုက်မယ်။ ဒါရိုက်တာက ၀ိုင်း(own creator) ။ ၀ထ္ထုကိုလည်းမင်းသမီးကဖတ်ပြီး ။အတည်ပြုပြီးသား။ ဇာတ်ညွှန်းဖတ်ကြည့်တော့ sex အခန်းတွေပါလာတယ်။ ဇာတ်ညွှန်းမှာထပ်ဖြည့်ထားတာ။ sex အခန်းဆိုတာက နှုတ်ခမ်းနဲ့ kiss ပေးတဲ့အခန်း။ ယောက်ကျားလေးရဲ့ ရင်ဘတ်ကအကျီင်္ကိုဖြဲပြီး နှလုံးသားနေရာကိုနမ်းတဲ့အခန်း။ wild sex ပေါ့။ ( အဲ့လိုပြောလို့ ဒီကောင်က sex အကြောင်းတော်တော်ပြောပါလားလို့ အပြစ်တင်မစောပါနဲ့ )
ဒါနဲ့ မင်းသမီးက မရိုက်နိုင်ဘူးပေါ့။ အရင်တခါ လဲ ဒီဒါရိုက်တာနဲ့ ပဲ sexy dance ကခိုင်းလို့ ကလိုက်ရတာ ပရိသတ်က အပြစ်တင်ခံရတယ်တဲ့။ ခုအဲဒီအခန်းက ၀ထ္ထုထဲမှာလဲမပါတော့ ဖြုတ်ပေးပါလို့ ဒါရိုက်တာကို ဖုန်းဆက်တော့ ကုမဏီနဲ့ ပဲညှိလိုက်
ပါတဲ့။ မင်းသမီးက ဆုံးဖြတ်ရခက်နေတယ်။ အဖြစ်အပျက်ကဒါပဲ။
 
ကျွန်တော်ရေးမယ့် ရိုက်ပေါက်က ခုမှစမှာ။
မင်းသမီးကို ဒါရိုက်တာ ပြတ်ပြတ်သားသား ပြောနိုင်ဆိုနိုင်လာတာတော့ တိုးတက်လာတယ်ပြောရမှာပဲ။ ဒါရိုက်တာအားလုံးတော့မဟုတ်သေးလောက်ဘူး။ ဒါပေမယ့် ဒါမျိုးရိုက်သင့်လားမရိုက်သင့်လားဆိုတာ က မြန်မာ့ရုပ်ရှင် ရဲ့ အနာဂတ်နဲ့ ဆိုင်သွားပြီ ။ ဆင်ဆာ မရှိတော့ဘူး လွတ်လပ်စွာ၇ိုက်နိုင်ပြီ ဆိုတဲ့ အချိန်ကစလို့ အနည်းငယ်ခေတ်မှီတဲ့ဇာတ်ကားတွေပွင့်လင်းတဲ့ ပြောင်မြောက်တဲ့ ဒိုင်ယာလော့တွေ နဲ့ ဇတ်ကားတွေထွက်လာတာတော့အမှန်ပဲ။ ကျေနပ်လောက်တဲ့အဆင့်
မရှိသေးတာတော့ သေချာတယ်။ စက်ပစ္စည်း ကိရိယာ တွေ ကင်မရာတွေ နည်းပညာတွေလည်း အတော်အတန်တိုးတက်ခဲ့ပါတယ်။ နောက် အ၀တ်အစား တွေလည်းတိုးတက်ခဲ့တယ်ပေါ့ဗျာ. တိုးတက်တယ်ဆိုတာထက် တိုတက်လာတာဆိုပိုမှန်မယ်။ မင်းသားတွေကတော့ ဒီလောက်ပြောစရာမရှိပေမယ့်။ မင်းသမီး နဲ့ ဇာတ်ပို့ ဇာတ်ရံ အားလုံးလိုလို တိုနိုင်
သမျှတို ဖော်နိုင်သမျှ ဖော်လာတာကိုတွေ့ ရတယ် ။အဲ့ဒီအတွက် ပရိသတ်ရဲ့ အမြင်ကလည်းအမျိုးမျိုးပါပဲ။ တချို့ ကလည်းဒါမျိုးဖြစ်သင့်တယ်ပေါ့ ။ ဖြစ်သင့်တာလဲကြာပြီပေါ့ ။ဆင်ဆာကြီးရှိနေလို့ ပေါ့။တချို့ ကလည်း အတိုးတက်လွန်ပြီး 18+တွေအထိရိုက်သင့်တယ်ပေါ့ ။ နိုင်ငံတကာအဆင့်မှီချင်ရင် ဒါမျိုးကရှိသင့်တယ်ပေါ့။ ကြည့်ရှုသူရဲ့ အဆင့်ကိုခွဲထားလိုက်
ရင်ပြီးပြီလို့ ဆိုပါတယ်။ အဲ့လို ပြောတဲ့သူတော်တော်များများက ယောက်ျားလေးတွေ ဦးလေးကြီးတွေ အကိုကြီးတွေများပါတယ်။ မိန်းကလေးကတော့ မပြောသလောက်ပါပဲ။ ကျွန်တော့်အမြင်အရတော့ ဒါဟာလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။
ဟ ဒီမိုကရေစီခေတ်ကွ လို့ ပြန်ပြောမယ့်သူ သန်းနဲ့ ချီရှီလောက်တယ်။ ဒါပေမယ့် ကမ္ဘာမှာဒီမိုကရေစီ အရှိဆုံးနိုင်ငံလို့ခေါ်လောက်တဲ့ အိန္ဒိယ က ခုထိ ဒါမျိုးမရိုက်ပါဘူး။ သူတို့ မှာ သူ တို့ ယဉ်ကျေးမှုနဲ့ သူတို့ ပွတ်သီးပွတ်သပ် တွေလုပ်တာတွေတော့၇ှိပါတယ်။ ဒါက သူ တို့ ကိစ္စပါ။ ကျွန်တော်တို့ နိုင်ငံ ဟာ ကမ္ဘာမှာ ရှားရှားပါးပါး ကျန်နေတဲ့ ဗုဒ္ဒဘာသာနိုင်ငံတခုပါ။ ဒါတောင်ခပ်ယဲ့ယဲ့ပဲကျန်တာပါ။ ဘာသာရေးနဲ့ မပြောနဲ့ ဦး ။မြန်မာ့ယဉ်ကျေးမှု အနေနဲ့ ရော ထုံးတန်းစဉ်လာအရဘယ်လိုမှလက်မခံနိုင်လောက်တဲ့အရာပါ။ နိုင်ငံခြားမှာဘာလို့ ရသလဲ။ နိုင်ငံခြားရဲ့ လူနေမှုက ဥပမာ အမေရိကားဆိုပါ
တော့ သူ့ ယဉ်ကျေးမှုအရ ၁၃ နှစ်ပြည့်ရင် လူကြီးဖြစ်ပါပြီ။ သင်သွားလိုရာသွားနိုင်ပြီ။ ကိုယ့်ပိုက်ဆံလဲကိုယ်ရှာစားပါ။
မိဘလဲကိုယ့်ဘာသာကိုယ်တောင်အနိုင်နိုင်ရုန်းကန်ရတာပါ။ အားလုံးကိုမပြောပါဘူး။ အများစုပါ။ အဲ့ဒိတော့သူတို့ မှာ အရွယ်မတိုင်ခင်ကတဲ က ဒီယဉ်ကျေးမှုကရှိခဲ့တယ်။ ၁၈ နှစ်ပြည့်ရင်တော့ အားလုံး ဖရီး။
မြန်မာနိုင်ငံမှကရော။ မြန်မာနိုင်ငံမှာက အိမ်ထောင်မကျခင်အထိ မိဘ ညီအကိုမောင်နှမ အုပ်ထိန်းမှုအောက်မှာနေကြတာ။
နေကြတာဆိုလို့ အတင်းအကျပ်နေခိုင်းတာတော့မဟုတ်ပါဘူး။ သူ့ ရဲ့ နေထိုင်စားသောက်ရေး ပညာရေး အိမ်ထောင်ရေးအထိအားလုံးမိဘ တွေက တာဝန်ယူထားတာပါ။ အိမ်ထောင်ကျပြီးတောင်မှ တဘက်တလမ်းကနေ တာဝန်ယူမှုကရှိနေတာပဲ။ ဆိုလိုချင်တာက မိဘ  ညီအကိုမောင်နှမ အတူတူ နေကြတဲ့ နိုင်ငံ ဖြစ်တယ်။ အများစုကိုပြောတာဖြစ်ပါတယ်။
ညီအကိုမောင်နှမ မိဘ တွေနဲ့ အတူတူ ဒီလို ကားတွေကို ကြည့်သင့်ပါသလား။ သင်ရော 18+ ကားတကားပဲဖြစ်ဖြစ်ဘာမှ အတိအကျ မပြရင်တောင် လင်ခန်းမယားခန်း ရိုက်နေတာ နမ်းနေတာကို သင့်ရဲ့ အမေမိဘ ညီအကိုမောင်နှမ ရှေ့ မှာ(ယောက်ျားချင်း မိန်းမချင်း ကိုဆိုလိုတာမဟုတ်မှန်းသိမယ်ထင်ပါတယ်) ကြည့်ကြပါသလား၊ကြည့်သင့်ပါသလား။ သင်ရော
သားသမီးမွေးလာတဲ့အခါ သမီးလေးများမွေးလာတဲ့အခါ သင့်သမီးကို ဒီလိုကားတွေပေးကြည့်မှာလား။ အိုးဒါကတော့သဘာဝပဲ ဗဟုသုတအနေနဲ့ ပေးကြည့်ရမှာပေါ့ ။ နိုင်ငံခြားမှာဆို ဆေးပညာအရကျောင်းမှာတောင်သင်ရတာပါပဲလို့ စောတက
တက်ချင်တဲ့သူတွေ ရှိရင် ကျွန်တော့်ဆီ စာရင်းပေးထားကြပါ။ စောင့်ကြည့်ချင်ပါသေးတယ်။ အဲ့ဒီဆေးပညာအရလဲပြော
ချင်ပါသေးတယ်။ လိင်ပညာပေး ကတော့ လုပ်သင့်ပါတယ်။ ပညာပေးတာနဲ့ ဖြော်ဖြေတာ မတူပါ။ တင်ဆက်မှု ပညာလဲလုံးဝ မတူပါ။ လိင်ပညာပေးလုပ်တာ လိင်ဆွဲဆောင်မှုရှိနေပြီ လိင်စိတ်ထကြွစေပြီဆိုရင် ဒီ လိင်ပညာပေးဟာ အတော်ညံ့နေပြီ အဆင့်မမှီဖြစ်နေပြီလို့ သတ်မှတ်ရ ပါလိမ့်မယ်။ ဆေးကျောင်းသားတွေကိုကြည့်ပါ သူတို့ ကိုသာ လိင်နဲ့ ပတ်သတ်
လို့ ထကြွအောင် သင်ခဲ့ကြရင် အားလုံးဒုက္ခရောက်ကုန်မှာပါ။ မိန်းကလေးနဲ့ ယောက်ျားလေးရောနေတာပါ။ ဒါကြောင့်ပညာပေးသည် ပညာပေးပဲဖြစ်ပါတယ်။ ပညာပေး တဲ့စနစ်ကိုလဲ သေချာစိစစ်သင့်ပါတယ်။ စကားမစပ် လိင်ပညာပေးဆို
ပြီး မဂ္ဂဇင်းတအုပ်လဲထွက်လာပါသေးတယ်။ အထဲကစာကိုမဖတ်ရသေးခင် ကာဗာမြင်တာနဲ့ လိင်ပညာပေးလားလိင်စိတ်ကြွ အားပေး လားဆိုတာ သိသာပါတယ်။ အကျိုးဆက်က တဖြည်းဖြည်းနဲ့ လိင်ဆက်ဆံတဲ့ အသက်စောလာမယ်။ ဒုစရိုက်မှုတွေများလာမယ်။ ဒီနေရာမှာ တခြားနိုင်ငံတွေကျတော့ဘယ်လိုလုပ်မလဲလို့ မပြောပါနဲ့ ။တခြား
နိုင်ငံတွေမှာလဲဒုစရိုက်မှုတွေဖြစ်တာ အများကြီးပါ အားလုံးမသိရလို့ ပါ။ နောက်တခုကိုယ့် အကြောင်းကိုယ်သိပါ။
ကျွန်တော်တို့ လူမျိုးသည် ကမ္ဘာမှာသွေးဆူအလွယ်ဆုံးလူမျိုးဖြစ်ပါတယ်။ တခုခုကိုလုပ်ချင်ပြီဆိုရင် ၀ုန်းဝုန်း ထလုပ်ပြီးတော့မှ နောင်တရတတ်တဲ့လူမျိုးပါ။ ဒေါသထွက်လွယ်။ စိတ်ကြွလွယ်တဲ့လူမျိုးပါ ။ ဒါကြောင့် မီဒီယာ ပဲဖြစ်ဖြစ် entertainmentပဲဖြစ်ဖြစ် ရေးသားဖော်ပြရာမှာ ဖြော်ဖြေတင်ဆက်ရာမှာ အထူးပဲသတိထားဖို့ လိုပါတယ်။
နိဂုံးအနေနဲ့  ဆရာမ ပညခင်ရဲ့ ကျွန်မကနှင်းဆီပါမောင် ၀ထ္ထု ကို ဒါရိုက်တာဝိုင်းက ၇ိုက်တဲ့အခါမှာ အဲ့ဒီလို လိင်ဆက်ဆံတဲ့အခန်းသော်၎င်း လိင်ဆက်ဆံမှုအသားပေး အခန်းသော်၎င်း ထည့်ရိုက်မယ်ဆိုရင် လုံးဝ ရှုတ်ချပါတယ်။ နောင်ကိုလည်းဘယ်ဒါရိုက်တာပဲဖြစ်ဖြစ်ရိုက်မယ်ဆိုလဲ အားမပေးပါ။ ဒီမိုကရေစီခေတ်မို့ ပြောခွင့်မရှိဘူးလုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ကိုယ့်သမိုင်းနဲ့ ကိုယ်ပါပဲ။
နောက်တခုက ဆင်ဆာဆိုတာရှိသင့်သလားဆိုတာပါ။ ဆင်ဆာဆိုတာ ရှိသင့်တယ်။ ဘယ်လိုဆင်ဆာမျိုးရှိသင့်သလဲ။
ရုပ်ရှင်အနုပညာအကြောင်းကိုနားလည်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကိုနားလည်တဲ့ ရှေ့ မှီနောက်မှီလူမျိုးတွေရှိသင့်ပါတယ်။
ဒါမှသာ မဖြစ်သင့်တာတွေမဖြစ်သင့်အောင်တားနိုင်ပါမယ်။ ဆင်ဆာဆိုလို့ အရင်ခေတ် ဆင်ဆာလိုမျိုး မြင်မြင်သမျှ နံကြား
ထောက်ဖြတ်တဲ့ ဆင်ဆာကိုပြောတာမဟုတ်ပါ။ မပြသင့်တာ မသင့်လျော်တာရှိရင် တာဝန်ရှိသူနဲ့ ပူးပေါင်းဆွေးနွေးတိုင်
ပင်ဖို့ အကြံညဏ်ပေးနိုင်ဖို့ ပါ။ဥပမာအားဖြင့် ဇာတ်ကားတွေမှာ ဘာသာရေးနဲ့ ပတ်သတ်တဲ့စော်ကားမှုတွေ စကားလုံး
တွေ သုံးမိရင် ဘာသာရေးအဓိကရုဏ်းအထိဖြစ်နိုင်ပါတယ်။ ဇာတ်ကားထွက်ပြီး ပြသနာ တက်ပြီးမှ ဘာမှလုပ်လို့ မရပါ
ဘူး။ ဥပမာပြောတာပါ။ တလွဲတွေလဲတွေးမနေကြပါနဲ့ ။
အားလုံး မိမိတိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
အောင်လင်းနိုင်
12.5.2012
http://www.facebook.com/notes/aung-lin-naing/%E1%80%86%E1%80%84%E1%80%B9%E1%80%86%E1%80%AC-%E1%80%86%E1%80%84%E1%80%B9%E1%80%86%E1%80%AC-%E1%80%86%E1%80%84%E1%80%B9%E1%80%86%E1%80%AC/546625905365627


No comments:

Post a Comment