အ၀တ်အစား များကို ဒီဇိုင်းထွင်တဲ့ ဒီဇိုင်နာ လောကမှာ
တိုးဝင်ဖို့ ဆိုတာ တော်ရုံ လူတစ်ယောက် အနေနဲ့ မလွယ်တဲ့ ကိစ္စ ဖြစ်ပါတယ်။
အထူးသဖြင့် အမေရိကန် ပြည်ထောင်စုလို ဒီဇိုင်နာတွေ
များပြားလှတဲ့ နိုင်ငံမျိုးမှာ မြန်မာနိုင်ငံသား တစ်ဦးအဖြစ် တိုးဝင်ဖို့
ဆိုတာ သာပြီးတော့ မလွယ်တဲ့ ကိစ္စပါ။ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်၊
နယူးယောက်မြို့က Bryand Park မှာ ကျင်းပတဲ့ ဆောင်းဦးပေါက် ဖက်ရှင်
ရက်သတ္တပတ်မှာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ Steven Oo ဆိုတဲ့ အသက်
၂၅နှစ်သာ ရှိသေးတဲ့ လူငယ် တစ်ယောက်ရဲ့ ဖက်ရှင်များ ၀င်ရောက် ပြသခွင့်
ရရှိခဲ့ပါတယ်။ ဒါကြောင့် ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ရွှေအမြုတေ ပရိသတ်များ
အတွက် စတီဗင်ဦးနဲ့ တွေ့ဆုံတင်ပြ ပေးလိုက်ပါတယ်။
စတီဗင် အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်တုန်းက ရောက်သွားခဲ့တာလဲ။ ဘာကြောင့် ရောက်သွားခဲ့တယ် ဆိုတာ ပြောပြ ပေးပါလား။
ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ခဲ့တာ ၁၉၉၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ကပါ။ ကျွန်တော့် အမေက အမေရိကန် ဗီဇာလို့ ပြောတဲ့ DVပေါက် လို့ မိသားစုလိုက် ပြောင်းရွှေ့ လာခဲ့တာပါ။ ကျွန်တော် ရန်ကုန်မှာ ကျောင်းတက်ပြီး ကိုးတန်းအောင်တော့ ကျွန်တော့် မိဘတွေက ပညာဆက် သင်ဖို့ စင်ကာပူကို ပို့ထားခဲ့ ကြတယ်။ စင်ကာပူမှာ တစ်နှစ်ခွဲ ကြာတော့ အမေ DV ပေါက်တာပဲ။
စတီဗင်က ရန်ကုန် ဘယ်ကျောင်းမှာ တက်ခဲ့တာလဲ။
ကျွန်တော် ဒဂုံ(၁)မှာ တက်ခဲ့တာပါ။ အဲဒီကပဲ ကိုးတန်း အောင်ခဲ့ပါတယ်။
USကို ရောက်တဲ့ အချိန်မှာ အသက် ဘယ်လောက် ရှိပြီလဲ။
ကျွန်တော် အဲဒီ အချိန်တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အခု ၁၀ နှစ် ကြာသွားပြီ ဆိုတော့ အသက် ၂၅နှစ် ရှိပါပြီ။
USကို ရောက်တဲ့ အချိန်မှာ အသက် ဘယ်လောက် ရှိပြီလဲ။
ကျွန်တော် အဲဒီ အချိန်တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အခု ၁၀ နှစ် ကြာသွားပြီ ဆိုတော့ အသက် ၂၅နှစ် ရှိပါပြီ။
စတီဗင်က
စင်ကာပူကနေ US ကို ကူးလာတာ ဆိုတော့ ရောက်ရောက်ချင်းမှာ ပညာရေးနဲ့
ပတ်သက်ပြီး ဘာကို စပြီး လေ့လာသလဲ။ ကျောင်းစာကို တက်တာလား၊ ဒါမှမဟုတ်
ဒီဇိုင်းစပြီး သင်တာလား။
ကျွန်တော်
စင်ကာပူမှာ ကျောင်း တက်တယ် ဆိုပေမယ့် အင်္ဂလိပ်စာ သိပ် မကျွမ်းကျင်ပါဘူး။
စင်ကာပူမှာကလည်း တရုတ်လို ပြောတတ်ရင်လည်း ဖြစ်တာဆိုတော့ အင်္ဂလိပ်စာက သိပ်
အရေးမကြီး ခဲ့ဘူးလေ။ ဒီရောက်လာတော့ High School သူ ကစပြီး ပြန်တက်ရတယ်။
အင်္ဂလိပ်စာကို အထူးဂရုစိုက် ခဲ့ရတယ်။ High School သူ မှာ အမှတ်ကောင်းမှ
တက္ကသိုလ် တက်ခွင့်ရမှာဆိုတော့ တခြား ကိစ္စတွေကို အာရုံ မစိုက်နိုင်သေးဘဲ
ကျောင်းစာကိုပဲ အာရုံ စိုက်ခဲ့ရပါတယ်။
High School ကို ဘယ်နှနှစ် တက်ရလဲ။
၎နှစ် တက်ရပါတယ်။ ပြီးတော့မှ တက္ကသိုလ် ဆက်တက်ပြီး Bachelor ဘွဲ့ ရခဲ့တယ်။ ကျွန်တော်က ၂၀၀၇ ခုနှစ်မှာ UC Berkeley တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။
၎နှစ် တက်ရပါတယ်။ ပြီးတော့မှ တက္ကသိုလ် ဆက်တက်ပြီး Bachelor ဘွဲ့ ရခဲ့တယ်။ ကျွန်တော်က ၂၀၀၇ ခုနှစ်မှာ UC Berkeley တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။
ဘာဘွဲ့လဲ စတီဗင်။
ကျွန်တော် ယူခဲ့တဲ့ ဘွဲ့ကတော့ Political Economy ပါ။ အထူးပြုတဲ့ ဘာသာရပ်ကတော့ International Business ပေါ့။
စီးပွားရေး ဘွဲ့ ရပြီးတဲ့နောက် ဘယ်လိုကနေ ဒီဇိုင်နာ ဖြစ်သွားတာလဲ။
ကျွန်တော်က
ကျောင်းပညာ အနေနဲ့ ဘွဲ့ကို ရအောင် ယူခဲ့ပြီး ကျွန်တော် ၀ါသနာပါတဲ့
ဒီဇိုင်းပညာ အတွက် ဆန်ဖရန်စစ္စကိုက Academy of Art University မှာ
သိုးမွေးထည် ဒီဇိုင်း (Knitwear Design) ကို ဆက်တက်ပြီး ဘွဲ့ယူခဲ့ပါတယ်။
အဲဒီဘွဲ့ရအောင် ဘယ်လောက် ကြာကြာ သင်ယူရသလဲ။
နှစ်နှစ်ခွဲ ကြာပါတယ်။
အခု ကျောင်းပြီးသွားပြီလား။
ပြီးသွားပါပြီ။ ကျွန်တော် အလုပ်ထဲဝင်နေပါပြီ။
US မှာ ဆိုရင်တော့ ကိုယ်က နိုင်ငံခြားသား ပေါ့နော်။ အဲဒီတော့ သူတို့ လောကထဲကို တိုးဝင်တဲ့ နေရာမှာ အခက်အခဲ ရှိသလား။
အခက်အခဲရယ်
လို့တော့ မရှိပါဘူး။ နှစ်နှစ်ခွဲ ကျောင်းတက်နေတဲ့ အချိန် အတွင်းမှာ
ကျွန်တော် ကိုယ်တိုင်ကလည်း အ၀တ်အထည် ဒီဇီုင်း ထုတ်တာကို ၀ါသနာပါတာ ဆိုတော့
ကျောင်းမှာ လေ့လာသလို အိမ်မှာလည်း အင်တာနက်က တစ်ဆင့် ဒီဇိုင်း ပညာကို
လေ့လာခဲ့တာ ဆိုတော့ အခက်အခဲ ရယ်လို့ မရှိခဲ့ပါဘူး။ ဒီမှာက ဘယ်သူဘယ်ဝါ
ချုပ်တယ် ဆိုတာထက် အင်္ကျီဒီဇိုင်း ကောင်းဖို့ပဲ အရေးကြီးပါတယ်။
ဒီဇိုင်းကောင်းတဲ့ အင်္ကျီဆိုရင် အားလုံးက စိတ်ဝင်စားပါတယ်။ ဒါကြောင့်
ကျွန်တော့် အနေနဲ့ ကျွန်တော့် ဒီဇိုင်းတွေ ကောင်းဖို့ကိုသာ
အာရုံထားပြီး လုပ်ခဲ့ရပါတယ်။ ကျွန်တော့်ကို နိုင်ငံခြားသား တစ်ယောက်
လို့လည်း သူတို့ မသတ်မှတ်ပါဘူး။ ကျွန်တော့် စကားပြောအသံ ထွက်က
သူတို့နဲ့ တစ်ထပ်တည်း ဖြစ်နေတာကြောင့် ပိုပြီး လွယ်ကူခဲ့တာ ဖြစ်မယ်
ထင်ပါတယ်။
နယူးယောက် ဖက်ရှင်ရှိုးမှာ စတီဗင်ရဲ့ ဖက်ရှင်ဒီဇိုင်းတွေ ပြနိုင်ခဲ့တယ်လို့ ကြားရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပါဦး။
တကယ်တော့
နယူးယောက်မှာ ဖက်ရှင်ရှိုးတစ်ခု ပြဖို့ဆိုတာ ကုန်ကျစရိတ် အရမ်းများပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ကျောင်းကဘွဲ့ရတဲ့ ကျောင်းသားတွေထဲက သူတို့
စိတ်ကြိုက်ကျောင်းသား တချို့ကိုရွေးပြီး နှစ်တိုင်း နယူးယောက်မှာ
ဖက်ရှင်ရှိုး လုပ်ပေးပါတယ်။ ဒီနှစ်ဆိုရင် ကျွန်တော်တို့ ၆ယောက်ရဲ့
ဖက်ရှင်တွေကို ပြရတာဖြစ်တယ်။ ကျောင်းက ကုန်ကျစရိတ် အားလုံးကို ကျခံပေးတယ်။
မော်ဒယ်လ် ငှားတဲ့ စရိတ်ကအစ၊ စရိတ် အားလုံးပါပဲ။
စတီဗင်တို့ရဲ့ ဖက်ရှင်ရှိုးမှာ ပါဝင်ကြတဲ့ သူတွေက မော်ဒယ်လ်တွေ ချည်းပဲလား။
မြန်မာနိုင်ငံမှာတော့
ဖက်ရှင်ရှိုးမှာ မင်းသမီးတွေလည်း ၀င်ပါကြတယ်လေ။ ဒီမှာက ရုပ်ရှင်
မင်းသမီးနဲ့ မော်ဒယ်လ် အရမ်း ကွာပါတယ်။ မော်ဒယ်လ်ဆိုတာ အရပ် အနိမ့်ဆုံး ၅
ပေ ၉ လက်မ ရှိပါတယ်။
ကိုယ့်ဒီဇိုင်းက
ဘယ်မော်ဒယ်လ်နဲ့ လိုက်မယ် ဆိုတာကို ဘယ်လို စဉ်းစားသလဲ။ မော်ဒယ်လ်ကို
ရွေးပြီးမှ ဒီဇိုင်း ထုတ်တာလား၊ ဒီဇိုင်း ထုတ်ပြီးမှ မော်ဒယ်လ် ရွေးတာလား။
ကျွန်တော်တို့က အဓိက
အားဖြင့် ကိုယ်ထုတ်မယ့် ဒီဇိုင်း ပုံစံကိုသာ အဓိက ထားပါတယ်။ ကိုယ့်
အ၀တ်အထည်ကို ဘယ်သူပဲ ၀တ်ဝတ် လိုက်ဖက်အောင် သူတို့ မျက်နှာကို မိတ်ကပ်သမားက
ပြုပြင် လိမ်းခြယ်ပေးလို့ ရပါတယ်။ ဆံပင်ပြင်တဲ့ ပညာရှင်ကလည်း ၀တ်စုံနဲ့
လိုက်အောင် ဆံပင်ကို ပြင်ပေးပါတယ်။ ဒါကြောင့် အဓိကအားဖြင့် အ၀တ်အထည်ရဲ့
ဒီဇိုင်းကိုသာ အဓိက ထားပါတယ်။
မြန်မာပြည်က မော်ဒယ်လ်တွေကို မြင်ဖူးသလား။
ကျွန်တော်
တစ်ခေါက် ပြန်လာတုန်းကတော့ ဓာတ်ပုံ မြင်ဖူးပါတယ်။ လူကိုတော့ တစ်ယောက်မှ
မတွေ့ဖူးပါဘူး။ ပြီးတော့ ဒီကကြိုက်တဲ့ မိန်းကလေးတွေရဲ့ မျက်နှာနဲ့
မြန်မာပြည်က ကြိုက်တဲ့ မိန်းကလေးတွေရဲ့ မျက်နှာက ကွာခြားမှု ရှိမယ်ထင်တယ်။
ဘယ်လို ကွာခြားတာလဲ။
ဒီကကြိုက်တဲ့
မျက်နှာက ပါးရိုးကျကျ ကြိုက်တယ်။ မြန်မာ ပရိသတ်ကြိုက်တာက
မျက်နှာဖောင်းဖောင်း ကလေးတွေကို ကြိုက်တယ်ထင်တယ်။ အဲဒီတော့
ဒီမှာလှတယ် ဆိုတဲ့ မိန်းကလေးကို မြန်မာ ပရိသတ်အနေနဲ့ လှတယ်လို့
ဘယ်နည်းနဲ့မှ မြင်မှာ မဟုတ်ဘူး။
မြန်မာပြည်ကို ပြန်လာပြီး စတီဗင်ထွင်တဲ့ အ၀တ်အထည် တွေကို ပြချင်စိတ် မရှိဘူးလား။
ကျွန်တော်ကိုယ်တိုင်
ကျွန်တော့် ခြေထောက်ပေါ် ရပ်တည်ပြီး စီးပွားရေး လုပ်ငန်း လုပ်နိုင်ပြီ
ဆိုရင်တော့ မြန်မာပြည်ကို ပြန်လာပြီး ဒီဇိုင်းပညာနဲ့ လုပ်ချင်ပါသေးတယ်။
လောလောဆယ်မှာတော့ ကျွန်တော် ၀န်ထမ်း အလုပ်ကို လုပ်နေရပါတယ်။
စတီဗင်က အခု ဘယ်ကုမ္ပဏီမှာ လုပ်နေတာလဲ။
BCBG
ဆိုတဲ့ ကုမ္ပဏီမှာပါ။ သူက အ၀တ်အထည် တွေကို ထုတ်လုပ်ပါတယ်။ LA မှာ
အခြေစိုက်တဲ့ အ၀တ်အထည် လုပ်ငန်း တစ်ခုပါ။ ဒီကုမ္ပဏီက အမေရိကန် ပြည်ထောင်စု
တစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း ၄၇၀ ရှိတယ်။ ဥရောပမှာလည်း ရှိတယ်။
ဒီလိုဆိုရင် စတီဗင်တို့ ကုမ္ပဏီမှာ ဒီဇိုင်နာတွေ အများကြီး ရှိမှာပေါ့။
ရှိပါတယ်။
အများကြီးပဲ။ သူ့လိုင်း နဲ့သူ ခွဲထားတယ်။ ကျွန်တော်က သိုး မွေးထည်တွေကို
ဒီဇိုင်း ထုတ်တဲ့ဘက်ကပါ။ ကျွန်တော်တို့ ကုမ္ပဏီမှာက တန်ဖိုးအလိုက်
လိုင်းတွေ ခွဲထားတာလည်း ရှိတယ်။ အမြင့်ဆုံး လိုင်းကဆိုရင် ဒေါ်လာ ငါးထောင်၊
တစ်သောင်းလောက် တန်တဲ့ အ၀တ်အစားတွေကို ထုတ်လုပ်ပါတယ်။ အဲဒီနောက်
အဆင့်ဆင့်ပေါ့။ ကျွန်တော် ထုတ်ပေးတဲ့ အ၀တ်အစား ဒီဇိုင်းတွေကတော့
ဒေါ်လာတစ်ရာ၊ တစ်ရာ့ငါးဆယ်တန် လောက်ပဲ ထုတ်တာပါ။
စတီဗင့် အနေနဲ့ မြန်မာဖက်ရှင် လောကအတွက် ပြောချင်တဲ့ စကားများ ရှိလား။
ကျွန်တော်က
လောလောဆယ်မှာတော့ မြန်မာပြည်နဲ့ အဆက်ပြတ်နေတယ်။ ကျွန်တော် ရှိတုန်းကတော့
ဒီဇိုင်း သပ်သပ်ထုတ်ပြီး ရောင်းတဲ့ ကုမ္ပဏီရယ်လို့ မရှိခဲ့ဘူး။ ၀တ်တဲ့သူ
အများစုကလည်း ထိုင်းဘက်က ၀င်လာတဲ့ ရယ်ဒီ မိတ်တွေကိုပဲ ၀တ်ကြတာ များတယ်။
ပိုက်ဆံရှိတဲ့သူ တချို့ကတော့ ကိုယ့်ကိုယ်တိုင်းနဲ့ စိတ်တိုင်းကျ ချုပ်တာ
ရှိပါတယ်။ အခု မြန်မာပြည်မှာ ဒီဇိုင်နာရယ်လို့ သီးခြား ရှိ၊ မရှိ
ကျွန်တော် မပြောတတ်ပါဘူး။
ဒီလိုဆိုရင် ဒီဇိုင်နာဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ပေါ်အောင် ပြောပြပါဆိုရင် စတီဗင် ဘယ်လိုပြောမလဲ။
ဒီဇိုင်နာဆိုတာ
အင်္ကျီ တစ်ထည်ကို စိတ်ကူးနဲ့ ထွင်ပြီး ချုပ်တတ်ရုံနဲ့ မပြီးပါဘူး။
ဝတ်မယ့်သူရဲ့ အသားအရေက အစ၊ ခန္ဓာကိုယ် အချိုးအစား၊ သူ့ရဲ့ နေထိုင်မှု
စရိုက်ပုံစံ၊ ဒီအ၀တ်ကို သူဘယ်ပွဲမှာ ၀တ်ဖို့ချုပ်မှာလဲ ဆိုတာကအစ သိဖို့
လိုပါတယ်။ အဲဒီလို သိတဲ့ သူကိုတော့ ဒီဇိုင်နာလို့ ခေါ်ပါတယ်။ ပြီးတော့
ကိုယ်ထွင် လိုက်တဲ့ အင်္ကျီဒီဇိုင်းဟာ ၀တ်လို့ရမယ့် ဒီဇိုင်းဖြစ်ရမယ်။
ရောင်းလို့ရမယ့် ဒီဇိုင်း ဖြစ်ရမယ်။ ထွင်တော့ ထွင်လိုက်ပါတယ်။ ဒါပေမယ့်
ရောင်းလို့မရတဲ့ ဒီဇိုင်းတွေကိုတော့ ဒီမှာ Costume လို့ ခေါ်ပါတယ်။
ဒါဆိုရင် Couture ဆိုတာကရော ဘာလဲ။
ဟုတ်တယ်။
အဲဒါက Costume ဘက်က မြင့်သွားပြီး အမြင့်ဆုံး ဒီဇိုင်းတွေပါ။ ဒီခေတ်
တော်တော်များများက အဲဒီလို ဒီဇိုင်းတွေကို ထုတ်လာကြတယ်။ အထူးသဖြင့်
ပြင်သစ်မှာ ဒါမျိုးတွေ ထုတ်ကြတယ်။ ဒီလို အမြင့်ဆုံးဒီဇိုင်း ထုတ်တဲ့
ကုမ္ပဏီတွေက ချုပ်လုပ်ရောင်း ချဖို့ထက် သူတို့ကုမ္ပဏီ နာမည်ကြီးဖို့
ချုပ်ပြတဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်။ ဒါတွေက ဖက်ရှင်ရှိုးမှာ ၀တ်ပြရုံလောက်
သာဖြစ်ပြီး ရောင်းတန်းအဖြစ် ထုတ်လုပ် လို့မရပါဘူး။ ဒါတွေက ကုန်ကျစရိတ်
အနေနဲ့လည်း အများကြီးရှိပါတယ်။
အိုကေ
စတီဗင်။ အခုလိုဖြေကြား ပေးတဲ့အတွက် ရွှေအမြုတေ အယ်ဒီတာ အဖွဲ့က
ကျေးဇူးတင်ပါတယ်။ ဆက်ပြီး တော့လည်း အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
Ref::::(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)
No comments:
Post a Comment