24 November 2012 |
By SHADE Journal
ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ၊သစ္စာယှဉ်ထား၊ ရဲစားချင်းတူ၊ သူများမောင်မှာ၊ ကိုယ့်ရပ်
ရွာက တစ်ဖဝါးမခွာ၊ နေရင်းမှာပဲမြဲတော့တယ်။ သွင်မူယဉ်ကျေး
ဆံတောက်ကွေးနှင့်၊ နှမလေးစိတ်ကူး၊ ဘုန်းပျို့လူမှာ၊ ခြေဗွေငယ်
ပါသမို့၊ စိတ်ဗျာပွေလျှင်၊ ဝေးမြေနယ်ခြား၊ ထွက်လို့သွားသည်။
ပြန်ခဲ့လိမ့်လော၊ မျှော်တော်ဇောနှင့်၊ နှမမောင့်ကြောင့်မောတော့တယ်။
ကံကော်ပွင့်ဖူး၊ နဒီဦးမှာ၊ ရည်စူးမောင်ဖို့မျှောတော့တယ်။
ဘယာဝေးရန်၊ မြတ်ဘုရားထံမှာ၊ ဆုထူးမောင့်တွက်ပန်တော့တယ်။
ချစ်ဖော်လွန်းကြင်၊ ပျို့ဦးရင့်ငဲ့ ....
ရွာကိုကြည့်လျှင်၊ ကြာပင်အိုင်နှင့်၊ ဂနိုင်နှင့် ...၊
လယ်ကိုကြည့်ငြား၊ စပါးခင်းနှင့်၊ နွားရှဉ်းနှင့် ....၊
ယာကိုကြည့်လည်း၊ မြေပဲခင်းနှင့်၊ ကျွဲရှဉ်းနှင့် ...၊
လှမ်းလင့်ကြိုနေ၊ မွေးရပ်မြေသို့၊ ခြေဦးငယ်မှတည့်တည့်၊
ပြန်လမ်းကိုလှည့်ပြီးလျှင်၊ နှမနှင့်မောင်၊ မြရောင်ရှင်းရှင်း၊
သည်လယ်ကွင်းမှာ၊ ထွန်ရင်းယက်ရင်း၊ စိုက်ပျိုးရင်းနှင့်
ချစ်တင်းငယ်နှောသည်၊ ပြောစို့ငဲ့လေ ...
အလို ...နှစ်ကိုယ်တစ်ဝမ်း၊ အပျိုဖြူငယ်ကကျွမ်းပါတဲ့၊
ချစ်ပန်းငုံလေး။ ။
မည်သူ ရေးတာပါလဲခင်ဗျာ ......
ReplyDelete