အဲဒီလိုကျင်းပနေမှုမှာ ရန်ကုန်အရှေ့ပိုင်းတက္က သိုလ် (အများအခေါ် တာဝတက္ကသိုလ်) လည်း အပါအ၀င် ပါ။
အဲဒီတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ် တဲ့ဦးကျော် ရဲထွန်းဟာ အထူးစာမေးပွဲတစ်ခုကို ဖွင့်လှစ်ပေး ထားပါတယ်။
အထူးစာမေးပွဲတွင် ဖြေဆိုခွင့်ရသူကတော့ သရုပ်ဆောင်၊ မော်ဒယ်မိုးယုစံပဲဖြစ်ပါတယ်။ မတောက်တခေါက် အောင်မြင်မှုလေးရ ထား တဲ့မော်ဒယ်မင်းသမီးဟာ အများသူငါလို စာမေး ပွဲဖြေ ဆိုခန်းတွင် မဖြေရပဲ ရုတ်တရက် ကျမ်း မာရေး မကောင်းသူများ၊ မျက်မမြင်များသာလျှင် ဖြေဆိုရသောကျောင်းတွင်းကြက်ခြေနီဆေး ခန်းတွ
ပါမောက္ခချုပ်ဦးကျော်ရဲထွန်းဟာ သရုပ်ဆောင်မိုးယုစံအား စာမေးပွဲဖြေဆိုရန် အတွက် ကြက်ခြေ နီဆေး ခန်းအတွင်းတွင် သီးသန့်နေရာပေးကာ အခန်းစောင့် ဆရာ၊ ဆရာမများအားလည်း ၀င်ရောက်စေခြင်း မရှိဘဲ သူကိုယ်တိုင်စောင့်ကြပ်ကာ မိုးယုစံအား မသာမာမှုပြုလုပ်နိုင်ရန်အတွက် အခွင့်အရေး ပေးထား တယ်လို့လည်း ဆရာ၊ ဆရာမများနှင့် စာမေးပွဲခန်းစောင့်ဝန်ထမ်းများဆီမှ သိရပါတယ်။
မော်ဒယ်မင်းသမီး မိုးယုစံဟာလည်း အခွင့်ကောင်းယူကာ သူမနှင့်အတူ အဝေးသင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသူကျောင်းသားများကိုမတူမတန် ဆက်ဆံခြင်းများလည်း ရှိနေတယ်လို့ စာမေးပွဲဖြေဆိုကြသောကျောင်းသားကျောင်းသူများက ဆိုပါတယ်။
တတိယနှစ် မြန်မာစာ အဝေးသင်ကျောင်းသူတစ်ဦးက “ မိုးယုစံက ကျွန်မနဲ့ ခုံနံပါတ်သိပ်မကွာပါဘူး။ သူကျောင်းလာတတ်တာ တစ်ရက်မှ မတွေ့ရဘူး။ ကျွန်မတို့ကြတော့ အနီးကပ် ၁၀ ရက်မှာ ကျောင်းမတက်ရင် စာမေးပွဲဖြေလို့ မရဘူးပြောတယ်။ သူဖြင့်တစ်ရက်မှကျောင်းမတတ်ဘူး။
မေးခွန်းလည်းရပြီးဖြစ်သလို ကျောင်းတက်စရာလည်း မလိုဘူးနေမှာပေါ့။
ကျွန်မတို့မှာဖြင့် ဒီလောက်ဝေးတဲ့ကျောင်းကို နေ့တိုင်းလာတက်နေရတာ။လူတန်းစားခွဲခြား မှုတွေက အခုအချိန်ထိရှိနေတုံးပဲ ” ဟုသူမခံစားချက်ကိုရင်ဖွင့်ထားခဲ့ပါတယ်။
ဒါ့အပြင် မိုးယုစံကို အမှတ်တရ လက်မှတ်ထိုးခိုင်းဖူးတဲ့ ကျောင်းသားတစ်ဦးကလည်း “ကျွန်တော်က သူ့ပရိသတ်ပါ။ သူ့လက်မှတ်လေးရချင်လို့ လက်မှတ်ထိုးပေးဖို့ ပြောတဲ့ဟာ ပါချုပ်ဆရာကြီးက အတင်းအော် ထုတ်တယ်” လို့ဆိုပါတယ်။
ပါမောက္ခချုပ် ဦးကျော်ရဲထွန်းဟာ မကြာခင်မှာ ပင်စင်ယူတော့မှာဖြစ်ကာပင်စင်မယူခင် မှာ သူ့လုပ်ပိုင်ခွင့်ထဲမှ လုပ်ခွင့်ရသမျှအလွဲသုံးစားမှုများကို အကြီးအသေးမခွဲဘဲ အားလုံးကို လုပ်လေ့ရှိသူ
ဟုနာမည်ကြီးပါတယ်။
သူဟာ ကျောင်းသားကဒ်လည်ဆွဲကစ ရောင်းစားလေ့ရှိကာမသမာမှုအများဆုံးကို ပြုလုပ်လေ့ရှိ သူဖြစ်ပါတယ်။
စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမမှာလည်း ပါမောက္ခချုပ်ကို မလွန်ဆန်နိုင်ခြင်းကြောင့် မသမာမှုပြု လုပ်နေသည်ကိုသိသိနှင့် မတတ်သာဘဲ မျက်နှာလွဲခဲပစ် နေနေကြရပါတယ်။
Ko Thinker
No comments:
Post a Comment