CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
""အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း ""
ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ
လိင်ဆက်ဆံ နေစဉ် ဆီး မသွားကြပါဘူး။
ဘာကြောင့်လဲဆို တော့ ဆီးအိမ်ပေါက်ဝကို
ပိတ်ဆို့ ပေးထားတဲ့ အဆို့ရှင်ရှိလို့ပါပဲ။
ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ကို လည်း
ဆီးလမ်းကြောင်းအတိုင်း စီး ဆင်းစေပြီး
ဆီးအိမ်ဘက်သို့ စီးဆင်း မသွားအောင်၊ ဆီးနှင့်သုက်ရည် ရောနှောမသွားအောင်
ကာကွယ်ပေး ပါတယ်။
အမျိုးသမီးတွေမှာတော့ ထိုကဲ့သို့အဆို့ရှင်မျိုး မရှိပါဘူး။ အမျိုးသမီးများ
အတွက်ကတော့ လိင် ဆက်ဆံနေစဉ် ဆီးသွားဖို့ ဖြစ်နိုင်ပါ တယ်။ ဆီးအိမ်ဟာ
တင်ပါးဆုံရိုး ကွင်းထဲမှာ ရှိနေပါတယ်။ အမျိုးသမီး တွေရဲ့ဆီးအိမ်ဟာ
အသက်ကြီးလာ တာနဲ့အမျှ ဆီးထိန်းနိုင်စွမ်းလျော့ နည်းလာတာကြောင့်
လိင်ဆက်ဆံစဉ် ဆီးထွက်နိုင်ခြေ ပိုများသွားပါ တယ်။
အားနည်းလာတဲ့ တင်ပါးဆုံရိုး ကွင်ြးွကက်သားတွေဟာ ဆီးအိမ်ကို
လျော့ရဲသွားစေပြီး ဆီးလမ်းကြောင်း ပေါက်ဝကို ပိုကျယ်သွားစေတာကြောင့်
ဆီးထွက်လာခြင်းဖြစ်ပါတယ်။
ဒါ့ အပြင် မိန်းမကိုယ်ရဲ့အတွင်းနံရံရှိ G spot နေရာမှာရှိတဲ့ လိင်ဆန္ဒပြီး
မြောက်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေ သော အာရုံကြောအစုအဝေးဟာ ဆီးအိမ်ရဲ့လည်ပင်းနားမှာ တည်ရှိ နေပါတယ်။
ဒါ့ကြောင့် တုံ့ပြန်မှုလွယ် တဲ့ဆီးအိမ်ရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံနေစဉ်ဆီးသွားချင် တဲ့ စိတ်
ပိုမိုဖြစ်ပေါ်တတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ဆရာဝန် သို့မဟုတ် လိင်ဆက်ဆံ ဖော်တို
့အား ဆွေးနွေးတိုင်ပင်ခြင်းပါပဲ။
Good Health မှ ကူးယူဖော်ပြသည်။
""အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း ""
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
October 29, 2012
Rating:
5
No comments:
Post a Comment