ပထမဆုံး လိင်ဆက်ဆံစဉ်ကထဲက လိင်တံတောင့်တင်းမှု အပြည့်အဝ မရခဲ့ပါဘူး။ ဒီလိုနဲ့ သိမ်ငယ်စိတ် ဝင်ခဲ့ရပါတယ်။ အရွယ်ရောက်လာမှ စာလေး ဘာလေး နည်းနည်းဖတ်လာပြီး လိင်တံ တောင့်တင်းမှုကို ဖြစ်စေတဲ့ ဆေးဝါးတွေ ရှိမှန်း သိလာပါတယ်။ Viagra လို အမျိုးအစားထဲက တချို့ဆေးတွေ သုံးကြည့်တဲ့အခါ အဆင်ပြေလာပါတယ်။ ဒါပေမယ့် Viagra ကိုတော့ မသုံးဖူးသေးပါ။ ရန်ကုန်မှာ ဘယ်မှာ ရနိုင်မလဲ သေချာမသိပါဘူး။ အဲ့လိုဆေးတွေသုံးတဲ့အခါ ခေါင်း မူးရိပ်မူးရိပ် ဖြစ်တတ်ပါတယ်။
ဆေးရဲ့ side effects ကြောင့်လား ဆိုတာ သိချင်ပါတယ်။ ပြီးတော့ ဒီလိုဆေးတွေ အသုံးများလာရင် ပန်းညှိုးတာဟာ ပိုမို ဆိုးဝါး နိုင်ပါသလား။ တစ်ခု ကြားဖူးတာက Viagra ဆေးအတုတွေဟာ လုံးဝပန်းသေသွားစေနိုင်တယ် ဆိုတာ ဟုတ်ပါသလား။ ဆေးအစစ်တွေကကော ရေရှည်သုံးရင် Long-term effects တွေရလာနိုင်ပါသလား။ ကျနော် ခု အသက် ၃ဝ ပါ။ မကြာခင် အိမ်ထောင်ပြုချင်ပါတယ်။ စီးကရက်သောက်တာ များပါတယ်။ အဲ့ဒါကော လျှော့သင့်ပါသလား။
ကလေးတွေ ငယ်သေးရင် အိပ်ယာထဲမှာ ရှူပါကြတယ်။ လူကြီးတွေမှာ “ဆီးသွားတဲ့အခါ ဖိနပ်ပေါ်ကျတယ်” လို့ ပြောကြတာက Impotency ပန်းသေ-ပန်းညှိုးရောဂါ ဖြစ်နေလို့ပါ။
ပန်းသေ-ပန်းညှိုးဖြစ်တာကို ကုစားနည်းတွေ ကြိုးစား ပမ်းစား ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးပေါ်လဲဖြစ် နောက်ထပ် ပေါ်စရာ မလိုတော့ဘူး ပြောနိုင်မဲ့ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့ပါပြီ။ ဆေးက တကယ် အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးက သိပ်ထူးလှတာ မဟုတ်လို့ အလွန်အောင်မြင်တဲ့ အသစ်တီထွင်မှု ဖြစ်တယ်။ ဒေါ်လာ သန်းထောင်ကျော် စီးပွါးရေးလဲ ဖြစ်ပါတယ်။
Viagra သောက်လိုက်ရင် Phosphodiesterase type 5 (PDE5) (အင်ဇိုင်း) ကို တားဆီးပေးတယ်။ PDE5 နည်းလာရင် Smooth muscle ကြွက်သားနုတွေကို ပြော့စေပြေီး၊ လိင်တံမှာ သွေးပိုလျှောက်လာစေတယ်။ ရလဒ်အဖြစ် Erection လိင်တံ သန်မာလာစေတယ်။
ဆေးတိုင်းမှာ Generic name ဆေးနာမယ်နဲ့ Trade name အရောင်းအဝယ်လုပ်ဘို့ပေးတဲ့ နာမယ်ဆိုပြီး နှစ်မျိုး ရှိရာမှာ Viagra က Generic နာမယ်ပါ။ တခြားနာမယ်တွေ Caverta, Sildenafil citrate, Revatio စသဖြင့် ရှိသေးတယ်။ Viagra ကို Nicknames တင်စားခေါ်တာတွေလဲ ရှိတယ်။ Vitamin V, Mo Mojo, Woodmaker, The pill for men, Soft Tabs, Blue Pill စသဖြင့်။ Kamagra ကလဲ တရားဝင်နာမယ် ဖြစ်လာတယ်။
Sildenafil citrate ဆေးဟာ Pfizer Company ရဲ့ Generic Viagra ဆိုပြီးပေးတဲ့ မူပိုင်ဖြစ်လို့ နောက်လူတွေ ဒီနာမယ် အတိုင်း ရောင်းလို့မရပါ။ Herbal Viagra, Natural Viagra ဆိုတာတွေက အတုလို့ ပြောနိုင်တယ်။ (အွန်လိုင်း) ကနေ ဝယ်ခြင်ရင် သတိထားပေးတာထဲမှာ “အဆိုးဆုံးက တရုပ်-ကုမ္ပဏီ ဖြစ်တယ်” လို့ ဆိုတယ်။ ဆေးကို စစ်ကြည့်တော့ Sildenafil citrate မပါဘူးတဲ့။
Generic Viagra ဆေးအစစ်ကို အသုံးမပြုခင် နာရီဝက် ကြိုသောက်ရပြီး၊ အစွမ်းက ၄-၆ နာရီအထိ ရှိတယ်။ လက်တွေ့ သုံးသူတွေ ပြောတာက ဆေးသောက်ပြီး၊ ၁ နာရီနဲ့ ၂ နာရီအတွင်း အစွမ်းထက်ဆုံးဘဲတဲ့။ 25, 50, 100 mg pills အနေနဲ့ ရောင်းပါတယ်။ 50 mg က အများဆုံးသုံးတဲ့ စံဖြစ်ပါတယ်။ စသုံးသူတွေကို 50 mg ဘဲ သောက်ရတယ်။ အသက်ကြီးတိုင်း များရတာ မဟုတ်ပါ။ ၆၅ နှစ် ကျော်သူ၊ ကျောက်ကပ်၊ အသဲ ချို့ယွင်းနေသူတွေကို 25 mg သာ ပေးပါတယ်။
တခါသောက်ရင် 100 mg ထက် မကျော်နဲ့။ ၂၄ နာရီအတွင်း တခြားသတ္တိတူရှိတဲ့ Tadalafil (Cialis), Vardenafil (Levitra) ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါတွေကလဲ Phosphodiesterase inhibitor ဆေးတွေဘဲ။ များသွားရင် Priapism လို့ ခေါ်တဲ့ တောင့်တင်းနေတဲ့ လိင်တံက ပြန်မကျတာ အန္တရာယ်ရှိနိုင်ပါတယ်။
သာမန် ဘေးထွက်ဆိုးကျိုးတွေသာ ရှိပါတယ်။ မျက်နှာနီမြန်း၊ ခေါင်းကိုက်၊ နှာစေးသလိုဖြစ်၊ အစာမကျေ၊ ပျို့ချင်တာ ဖြစ်တတ်တယ်။ အလင်းရောင်ကြည့်တာ နဲနဲထိခိုက်တတ်တယ်။ ခဏပါ။ နှလုံးရောဂါ အခံရှိသူတွေအတွက် မသင့်ပါ။ နှလုံး သွေးကြောကျဉ်း ရောဂါဆေး၊ Nitrostat, Nitrolingual, Nitro-Dur, Nitro-Bid, Isosorbide တွေနဲ့အတူ မသောက်ရပါ။ အရက်က Viagra ဆေးစွမ်းကို ယာယီနည်းစေတယ်။ ဆေးကို အစာမရှိချိန်သောက်ရင် မြန်တယ်။ အစာမှာ အဆီများရင် သတ္တိပြတာ နှေးမယ်။ HIV နဲ့ အသဲရောင် စီ ရှိနေသူတွေကိုပေးတဲ့ Protease inhibitors ဆေး ပေးနေရင် ဂရုစိုက်ရတယ်။
Viagra 50mg ၁ဝ လုံးကို $19.95 ဒေါ်လာ၊ 100 mg ၁ဝ လုံးကို $29.95 ဒေါ်လာ၊ 150 mg ၁ဝ လုံးကို $39.95 ဒေါ်လာ ဈေး ရှိတယ်။ Viagra နဲ့ တူတဲ့ Revatio စားဆေး 20 mg Tablets နဲ့ ထိုးဆေး Injection 10 mg per 12.5 mL ဖြစ်တယ်။
Kamagra tablet ဆိုတာ Ajanta Pharmaceuticals ကနေ ထုတ်တာပါ။ Sildenafil Citrate ပါတာပါဘဲ။ ၁ နာရီ ကြိုသောက်ရမယ်။ ၄ နာရီအထိ ခံတယ်။ အသက် သိပ်မကြီးသေးရင် 50 mg သောက်ပါ။ ၆၅ နှစ်ကျော်ရင် 25 mg သာ သောက်ပါ။ တနေ့ထဲမှာ 100 mg ထက် မများစေနဲ့။ 12 လုံးကို $40 ဒေါ်လာ၊ 100 လုံးကို $130 ဒေါ်လာ (အွန်လိုင်း) မှာ ကြော်ညာတယ်။ Kamagra ကို အမျိုးသမီး တွေမှာ သုံးရတယ်လို့ သက်သေမပြနိုင်သေးဘူး။ Viagra ကတော့ အမျိုးသမီးတွေပါ လိင်စိတ်သန်စေဘို့ သုံးနိုင်တယ်ဆိုတာ ပြောလာ နေကြပါပြီ။
စားဆေးအပြင် Kamagra Oral Jelly လဲ လာတယ်။ ဆွဲဆောင်မှုရှိတဲ့ အနံ့ပါ သေခြာ ထည့်ထားသေးတယ်။ ကြော်ညာတဲ့အခါ Natural aphrodisiacs သဘာဝ လိင်စိတ်ကြွအနံ့ Myriad flavors ပါတယ်လို့ ရေးတယ်။ ဖတ်တာနဲ့တောင် ဆွဲဆောင်မှု ရှိနေပြီ။ သရက်သီး၊ ချော့ကလက်၊ ငှက်ပျေားသီး၊ စထောဘယ်ရီ၊ ဗနီလာ၊ အနံ့တွေ ပါတယ်။ မိနစ် ၂ဝ ဆိုရင် အစွမ်းပြတယ်လို့ ဆိုတယ်။ ၅ ထုပ်ကို $35 ဒေါ်လာ၊ 10 ထုပ်ကို $40 ဒေါ်လာ။
Tadalis SX ဆေးကတော့ ၃၆ နာရီအထိ ကြာကြာ အစွမ်းပြတယ်ဆိုတယ်။ 20 mg ၁ဝ လုံးကို $59 ဒေါ်လာ ပေးရတယ်။ ဈေးချိုတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ Apcalis, Caverta, Forzest, Levitra, Lovegra, Silagra, Slimona, Tadacip, Womenra, Xenical, Zenegra စတာတွေ ဖြစ်တယ်။ အိန္ဒိယမှာ Vigora ဆေးကို သုံးကြပါတယ်။ 100 mg လေးလုံးပါ တကပ်ကို ရူးပီး ၁ဝဝ (ကျပ် ၁၉ဝဝ) ပေးရတယ်။ အနီရောင် ဆေးလုံးပါ။ 50 mg က မီးခိုးပြာရောင်၊ စိန်ပွင့်ပုံ၊ အသဲပုံ လာတယ်။
Viagra လိုဆေးကို ပန်းသေ-ပန်းညှိုးအပြင် Pulmonary arterial hypertension (PAH) ဆိုတဲ့ အဆုပ်ရောဂါကို ကုရာမှာလဲ သုံးပါတယ်။ ဒါ့ပြင် တောင်တက်သမားတွေမှာ ဖြစ်တတ်တဲ့ Pulmonary edema အဆုပ်ရောင်တာ အတွက်လဲ သုံးပါသေးတယ်။
Viagra ဆိုတဲ့ ဝေါဟာရကို တရုတ်နဲ့ ရုရှားတွေအခေါ်က Widget နဲ့ တူတယ်။ ကွန်ပြူတာနဲ့ ဆိုင်တဲ့ တတိယလူလဲ ယူသုံးနိုင်တဲ့ Stand-alone application ကို ဆိုလိုတာပါ။ ကွန်မြုနစ် အမှတ်ပေးစနစ်အရ စီးပွါးရေးဝပညာသင်တဲ့ ကျောင်းသားတွေ နောက်ဆုံး (ပရောဂျက်) ကို တင်တဲ့အခါ (အီးမေးလ်) နဲ့ လူတကာဆီ လျှောက်ပို့ခွင့် ရှိသတဲ့။ ဒီလို လုပ်တာကို Viagra Spam လို့ တင်စား ပြောကြတယ်။
လိင်တံ မသန်မာနိုင်တဲ့ Erectile dysfunction ဆိုတာ အများဆုံးက စိတ်ပိုင်းချို့ယွင်းချက် တခုခု ရှိလို့ပါ။ Stress စိတ်ဖိအားများ၊ Fatigue အားကုန်၊ Anxiety စိုးရိမ်စိတ်ကဲ၊ Depression စိတ်ကျ။ ဒီလိုဖြစ်ရသူတွေအတွက် Viagra ဆေးက ၉ဝ% ထိရောက်ပြီး၊ စိတ်ကြောင့် မဟုတ်တဲ့ တခြားအကြောင်းနဲ့ ဖြစ်သူတွေမှာ ၇ဝ-၈ဝ% ထိရောက်ပါတယ်။ တချို့က လိင်စိတ်လာစေဘို့၊ လိင်ဆက်ဆံတာမှာ ပိုသာယာစေဘို့၊ လိင်အင်္ဂါ အမြဲကြီးထွားဘို့ ရည်ရွယ်ပြီး သုံးကြပေမဲ့ အထောက်အထား မရှိပါ။
Dr. တင့်ဆွေ
၉-၁-၂ဝ၁၁
15 Jan 11, 23:06
Q 8: Viagra ဆေးက ရန်ကုန်မှာ ဝယ်လို့ရနိုင်ပါသလား။ Veetab နဲ့ Erectra -100 ဆိုတဲ့ ဆေးတွေတော့ ရှိပါတယ်။ အဲသည် ဆေးတွေကရော ဘယ်လိုမျိုး Side effect တွေ ဖြစ်လာနိုင်ပါသလဲ။
Erectra-100 ကိုမသိပါ။ ရန်ကုန်အခြေအနေလဲ မသိပါ။ Sorry! ထိုင်း-အိန္ဒိယ-တရုတ် နယ်စပ်တွေကို ဥဒဟို သွားလာ နေကြတာမို့ မှာလို့-ဝယ်လို့ ရမှာပါ။
Veetab ကတော့ အမေရိကားမှာ မရဘဲ မြန်မာပြည်မှာ ရတဲ့ Sildenafil ဆေးဖြစ်တယ်လို့ သိရပါတယ်။ Sildenafil citrate ကို Viagra, Revatio နာမည်တွေနဲ့လဲ ရောင်းတယ်။ Veetab and Kamagra အကြောင်း FDA သတိပေးချက်မှာ ဒီလို ရေးထားပါတယ်။
• Phosphodiesterase inhibitor ဆေးပါတဲ့ Erectile dysfunction လိင်အင်္ဂါသန်စေတဲ့ဆေး ဖြစ်တယ်။
• ကလေးတွေနဲ့ အမျိုးသမီးများ မသောက်ရ။
• Erythromycin ပဋိဇီဝဆေး၊ Ketoconazole, Itraconazole ပွေး-မှိုဆေးတွေနဲ့ တွဲရင် သွေးထဲ ဆေးပိုများစေမယ်။
• Isosorbide Mononitrate - Isosorbide Mononitrate ဆိုတဲ့ နှလုံး-သွေးကြောကျဉ်း ရောဂါအတွက်ဆေးတွေနဲ့ တွဲမသောက်ရ။
• ၁ နာရီ ကြိုသောက်ရင် အကောင်းဆုံး ဖြစ်တယ်။
• တနေ့ ၁ ခါထက် ပိုမသောက်ရ။
Dr. တင့်ဆွေ
- Wet dream (2) အိပ်နေတုံးမှာ သုက်ထွက်တာ (၂)
- Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ
- အမျိုးသားများ စိတ်ဖြေခြင်း (Masturbation)
- Masturbation (မာစတာဘေးရှင်း)
- Female Masturbation (2) အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား
- Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁)
- Primolut N အမျိုးသမီးသုံးဆေး
- Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ
- True virgin အပျိုစစ်
- Virginity (1) အပျို တကယ်စစ်ပါတယ်
- အပျိုဖော်ဝင်စအရွယ်
- အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)
- Virginity fraud အပျိုရည် ပျက်ခြင်း
- သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား
- လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿနာ ...
- ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ
- (မီးနီဖြတ်ခြင်း…(သို့) ရာသီလာစဉ် လိင်ဆက်ဆံခြင်း)
- အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ
- ယောက်ျား မိန်းမ အဆစ်နာနှင့် လိင်မှုကိစ္စ
- ပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်
- ပါးစပ်နဲ့  ကာမဂုဏ် ခံစားမှု က လိင်ပိုင်းဆိုင်ရာ ချစ်တင်းနှောမှုမှာ ပိုအရေးပါလာ
- ပါးစပ်နဲ့ လိင်ဆက်ဆံတာ
- လိင်အင်္ဂါကြီးအောင်
- ယောက်ျား-အင်္ဂါ အတိုင်းအတာ
- Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂)
- Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁)
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ၁၃၇
- အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ
- Sperm count သုတ်ပိုးများစေနည်း(၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၈)
- Viagra သန်မာစေတဲ့ဆေး
- Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Early ejaculation (3) သုက်လွှတ်စောခြင်း (၃)
- Early ejaculation (2) သုက်လွှတ်စောခြင်း (၂)
- Early ejaculation (1) သုက်လွှတ်စောခြင်း (၁)
- 10 things that can deflate your Erection ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက်
- သဘာဝအတိုင်းပဲ ကောင်းပါတယ်
- အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်
- Erectile dysfunction (ED) ပန်းသေ-ပန်းညှိုးအတွက် သောက်ဆေးတွေ
- အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း
- အကြွေပန်းပေမဲ့  ရွှေနန်းထိုက်စေချင် ....( အမျိုးသားများ အတွက် ကျန်းမာရေး အသိ )
- သွားဖုံးရောင်ရမ်းသူများ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ သုံးဆခန့်မြင့်မား
- အမျိုးသမီးအားတိုးဆေးဆိုတာရှိသလား
- Female Viagra (1) အမျိုးသမီး ဗိုင်ယာဂရာ (၁)
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- G-spot တကြော့ပြန်လာပြီ
- ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ
- Love Coffee ညစ်ညမ်းကော်ဖီ
- Fake drugs ကာမထကြွဆေးအတုများ သတိထားပါ
- Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ်
- ဒစ်ပို ထိုးဆေးအကြောင်း သိချင်ရင်
- Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
- EXHIBITIONISM ကိုယ့်ဟာကို သူများကို မြင်စေချင်သူ
- Breast reduction ရင်သား သေးအောင်လုပ်ခြင်း
- Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း
- Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါဟု ပြော
- ရင်သား ဖွံ့ဖြိုးအောင်၊ ကိုယ်ခန္ဓာ အချိုးအစားလှအောင်
- ရင်သားကင်ဆာကာကွယ်ဖို့ ......
- Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ
- Benign Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
- တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ....
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- သန္ဓေတားဆေး သောက်နေသလား
- အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်...
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ 136
- တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်
- သန္ဓေတားဆေးနှင့် အသားအရေ
- Depo Provera သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း
- Mirena ဟော်မုန်းပါ သားအိမ်ထဲထားရတဲ့ သန္ဓေတားပစ္စည်း
- Natural Method သဘာဝ တနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း
- လိင် ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှု များကို သုတေသန ပညာရှင် များက ဖော်ထုတ်
- လိင်ဆက်ဆံစဉ်ကွန်ဒုံးပေါက်ပြဲသွားပါသည်။
- Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ
- ရင်သွေးမွေးဖွားမှု ထိန်းချုပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်
- ယောက်ျားများကိုထိန်းနည်း
- Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- ဂေါ်လီ ထည့်တယ်ဆိုတာ အောက်တန်းစားတွေ လုပ်တာ
- ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း
- မိန်းကလေးများ သိထားရမယ့်မီးယပ်သွေးဆုံး လက္ခဏာများ
- Menopause (1) သွေးမဆုံးခင် ဖြစ်ချင်တာတွေ (၁)
- ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါး)
- အမျိုးသမီးများတကိုယ်ရည်သန့် ရှင်းရေး
- Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?
- ချစ်တတ်မှကလေးရနှင့် သားသမီးရတနာ ရစေကြောင်း နည်းလမ်းကောင်းများ
- ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား
- သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ
- Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား
- Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ
- သားသားမီးမီး လိုချင်သည့် အမျိုးသမီးတို့ကို မျိုးအောင်နိုင်စွမ်း မြင့်တက်စေမည့် အစာများ
- သားသမီး ယူလိုသူများ အတွက် သားဥကြွေရက် သိရှိစေရန်
- Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း ......
- IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး
- Pregnancy questions ကိုယ်ဝန်ဆောင် အမေး-အဖြေ
- မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ
- “ကျားသုက်ပိုး + မ-မျိုးဥ ပေါင်ဆုံးပြီး သန္ဓေသားဖြစ်လာပုံ အဆင့်ဆင့်
- ကျေနပ်မှုရရှိသော အိမ်ထောင်သည်အမျိုးသမီးတို့ ထံမှ အကြံပေးချက်များ
- လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု
- အိမ်ထောင်သည်မေးဖြေကျောက်ရုပ်ကြီးကျနေတာပဲ
- နို့နှင့်နို့ထွက် အစားအစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ
- ကလေးယူမည့် ဖခင်များ ဆေးလိပ်ဖြတ်ရမည်
- Pregnancy H mole စပျစ်သီး-ကိုယ်ဝန်
- Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
- မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ
- Abortion မလိုချင်တဲ့ ကိုယ်ဝန်
- ဘာကြောင့်ပဲ မှား မှား အဲဒီအမှားကြောင့်
- Pro-Life and Pro-Choice အသက် နဲ့ အဖျက်
- အမျိုးသား ဆီးလမ်းကြောင်း စနစ်နှင့် မျိုးဆက်ပွား စနစ် ကျန်းမာရေး
- အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ
- Bartholin's cyst (ဘာသိုလင်-ဆစ်စ်)
- Ectopic Pregnancy သားအိမ်ပြင်ပမှာ သန္ဓေဘာလို့တည်ရသလဲ
- Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ
- Sperm and Semen သုက် နဲ့ သုက်ရည်
- မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်…
- Are you born Gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား
- မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း
- Chronic Epididymitis နာတာရှည် ယောက်ျားအကြောရောင်ခြင်း
- ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့
- “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့
- အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သော ရောဂါငါးမျိုး
- အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများHIV
- “Super Sex Bug” ဆူပါပိုး အစိုးရိမ်မကြီးပါနဲ့
- (ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနားချက်
- Polygamy and Health (1) မယား များများယူရင် (၁)
- Child sexual abuse ကလေးသူငယ် လိင်စော်ကားမှု
No comments:
Post a Comment