ပထမဖြစ်တာက ကလေးလိုချင်လို့ ပြကြည့်တာပါ။ တွေ့တာက သားအိမ်ရောင်နေတာပါ။ အမျိုးသမီးက ဘယ်လိုမှ မခံစားရပါ။ ဘယ်အချိန်ထဲက ဖြစ်နေမှန်း ကျွန်တော့တို့ မသိကြပါဘူး။ စစ်ကြည့်တော့မှ ပိုးဝင်နေလို့လို့ ပြောပါတယ်။ ဆေးလုံး ညတိုင်ထည့် ရပါတယ်။ ၁ ပတ်လို့ ထင်ပါတယ်။ နောက် ပြန်စစ်ကြည့်တော့ မရှိတော့ပါဘူး။ နောက် မျိုးဥကြွေဆေး သောက်ရပါတယ်။ မရပါ။ ဆရာဝန်က ဆေးထည့်ပြီး ဓာတ်မှန်ရိုက်ကြည့်ဖို့ ပြောပါတယ်။ ဆေးဓာတ်မှန် ရိုက်ကြည့် ပြီးပါပြီ။ သားအိမ်ပြွန် ကျဉ်း-ပိတ်တာကြောင့် ပြောပါတယ်။
မျိုးဥက သားအိမ်ထဲကို မရောက်တိုင်လို့ ကလေးမရသေးပဲ ဖြစ်နေပါတယ်လို့ ပြောပါတယ်။ ဆရာဝန် အပြောကတော့ ချက်တိုင်ကနေ ဖောက်ပြီး Operation လုပ်ရင် ကောင်းသွားနိုင်တယ် ပြောပါတယ်။ အဲဒါ ခွဲစိတ်ရင်လူကို ဥပဒ် ဖြစ်စေတတ်ပါသလား။ ဒီအတိုင်း နေရင်ကော ပြန်ကောင်းလာတတ်ပါသလား။ ခွဲမှ စိတ်မှလားဆရာ။ နောက်တခုက အမျိုးသမီးက ပုံမှန်ရာသီလာပါတယ်။ ကျွန်တော် နားမရှင်းတာက မျိုးဥ သားအိမ်ထဲ ရောက်လို့ ရာသီလာတာလို့  ကျွန်တော် နားလည်ထားပါတယ်ဆရာ။ ပုံမှန် ရာသီလာရင် မျိုးဥ သားအိမ်ထဲရောက်တယ်ဆိုတဲ့ Issue ကိုလဲ ရှင်းပြပေးစေချင်ပါတယ်။ကျွန်တော်မှာ သုတ်ပိုးက အကောင်ရေ ၄ဝ% ပဲ အကောင်းရှိနေပါတယ်။ ခုလဲ ဆေး ၃ လ သောက်နေရပါတယ်။ သဘာဝအရ အားကောင်းလာအောင် ဘာတွေလုပ်ဖို့ လိုပါသလဲဆရာ။ ဘာတွေစားဖို့ လိုပါသလဲ။ မိသားစုနဲ့ အဝေးကို ရောက်နေလို့ တကယ် လိုအပ်မှ operation ကို လုပ်ချင်ပါတယ်။ ပြန်ဖို့ အခက်အခဲ ရှိလို့ပါ။ တကယ် လုပ်ရမယ်လုပ်မှ ဖြစ်မယ်ဆိုရင်တော့ ပြန်ရမှာပေါ့ ဆရာ။ တခြားနည်းလေးများရှိရင် လမ်းညွန်ပေးပါ။ ခုသောက်နေရတဲ့ ဆေးနာမည် ZEGAS မနက် ၁ ည ၁။ PROFERTIL ည ၁ ခြမ်းပါ။
Profertil ဆေးဟာ အင်ဒိုနီးရှား၊ သီရိသင်္ကာ နဲ့ မြန်မာနိုင်ငံတွေမှာ ရောင်းတယ်။ Clomiphene, Clomid, Serophene နဲ့ အတူတူ ဖြစ်တယ်။ PROfertil ဆေးက Semen quality သုတ်ရည် အရည်အသွေး ကောင်းဆေး ဖြစ်တယ်။ ၅ ယောက်မှာ ၁ ယောက် ကလေး ရစေတယ်။ Tablets ဆေးပြား နဲ့ Granulate ဆေးခဲမှုံ့ ၂ မျိုး ရောင်းတယ်။ ကြာကြာသောက်ရမယ် ဆေး အပြား ၁၈ဝ က ခင်ဗျာ့ မိသားစုဘဝကို ပြောင်းပေမယ်လို့ ဖတ်ရတယ်။ ကြော်ညာရေး ကောင်းသလား မမေးနဲ့။ Infertility ကလေးမရနိုင်သူများမှာ (မက်ဂျစ်) နံပါတ်ဟာ ၃ ဖြစ်ပါတယ်။ ၃ လ ဆေးသောက်ရင် ကလေးအဖေ ဖြစ်စေမယ်တဲ့။ တလစာ ဆေးတဗူးမှာ ၆ဝ ပါတယ်။
Sperm count သုတ်ပိုးနည်းစေတဲ့ အကြောင်းရင်းတွေကတော့ -
Infected semen စိုစွပ်စေတဲ့အရည် ပိုးဝင်ခြင်း၊ အတွင်းခံဘောင်းဘီ တင်းကြပ်ခြင်း၊ အထိုင်များခြင်း၊ ပူလွန်းသည့်ရေချိုးခြင်း၊ အဝလွန်ခြင်း၊ သုတ်ရည်ထွက်သည့်အကြိမ် များလွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်များခြင်း၊ စိတ်-ကိုယ် ပင်ပန်းလွန်းခြင်း၊ Zinc deficiency သွပ်ဓါတ်နည်းခြင်း၊ ဆီးကြိတ်ပိုးဝင်ခြင်း၊ မွေးရာပါ လိင်ပိုင်းအင်္ဂါ ချို့ယွင်းခြင်း၊ ကျားဟော်မုန်းသုံးခြင်း။ Varicocele ရောဂါ ရှိရင် ခွဲစိတ်ကုသပါ။
သုတ်ပိုးများစေနည်း (၁ဝ) နည်း
1. လိင်ဆက်ဆံတာ နဲ့ (မာစတာဘေးရှင်း) အကြိမ် မများလွန်းစေရ၊
2. ဆေးလိပ်၊ အရက်ဖြတ်ပါ၊
3. ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ၊
4. အဆီနည်းတဲ့ အာဟာရ ပြည့်ဝသည့် အစားအစာများ စားပါ၊
5. ကျားအင်္ဂါနေရာ အပူမများစေရ၊ အတွင်းခံ မတင်းကြပ်စေရ၊ ခြည်ထည်ကိုသာ ဝတ်ဆင်ပါ၊
6. ကိုယ်အလေးချိန် များနေရင် လျှော့ချပါ၊
7. ကိုယ်-စိတ် ပင်ပန်းမှုတွေ ပြုပြင်ပါ၊
8. ရိုးရာ-အဆီနဲ့ အနှိပ်ခံပါ၊
9. ဗီတာမင်၊ ဓါတ်ဆားတွေ သုံးစွဲပါ၊
10. ဆက်ဆံတဲ့အချိန်ဟာ နံနက် နဲ့ နေ့ပိုင်း ပိုဖြစ်သင့်တယ်။
ခွဲစိတ်တာကို အတိအကျ မသိရလို့ အတိအကျ အကြံမပေးလိုပါ။ ပြွန်ကျဉ်းလို့ ခွဲရတာဆိုရင် စိုးရိမ်စရာမရှိပါ။ ကလေး မရသူများကို အမျိုးမျိုး ကြိုးစားပေမဲ့ အောင်မြင်သွားတာ % သိပ်မများပါ။ ကိုယ့်အခြေအနေ တွက်ပြီး အချိန်ကို ဆုံးဖြတ်သင့်ပါတယ်။ အမျိုးသမီး မွေးလမ်း ပိုးဝင်တာက ဆေးပါတ်လည်ရင် ကောင်းသွားမှာပါ။ နာတာလည်း ကောင်းလာနိုင်တယ်။
အမျိုးသမီးတိုင်း အရွယ်ရောက်ချိန်ကနေ သွေးဆုံးချိန်အထိ လစဉ် ရာသီလာတယ်။ သားအိမ် အတွင်းဆုံးအလွှာက ပါးရာကနေ ထူထူလာတယ်။ ကိုယ်ဝန် မဆောင်ရင် လအကုန်မှာ အထူဆုံး အဆင့်ကနေ ပျက်စီးပြီး ရာသီသွေးအဖြစ် ဆင်းလာတယ်။ လအလည်ရက်တိတိမှာ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တယ်။ တကယ်လို့ ကျားသုတ်ပိုး ဝင်လာချိန်ဖြစ်ရင် သူတို့နှစ်ခု တခုကနေ တခုဆီကူးပြီး၊ ပူးပေါင်းတယ်။ မွေးလမ်းက ဝင်လာတဲ့ ကျားသုတ်ပိုးက သားအိမ်အဝကနေ သားအိမ်ထဲ၊ ဆက်ပြီး သားအိမ်ပြွန်ထဲ ကူးသန်း ဝင်ရောက်လာတယ်။ မမျိုးဥကလည်း မျိုးဥအိမ်ကထွက် သားအိမ်ပြွန်ထဲ ဝင်လာ၊ ပြွန်တနေရာမှာ သွားဆုံကြတယ်။ ဆုံရာကနေ ပေါင်းစပ်ပြီး၊ နှစ်ကိုယ့်တစိတ်ဖြစ်၊ သားအိမ်ထဲ ပြန်ဆင်းလာ၊ အကောင်းဆုံး တနေရာမှာ မြှုတ်ပြီး၊ ခိုအောင်းလိုက်ရင် ကိုယ်ဝန်ဖြစ်ပြီ။ တချို့မှာ ရာသီသာ ဆင်းပေမဲ့ မျိုးဥထွက်ချင်မှ ထွက်တယ်။ မျိုးဥက သားအိမ်ထဲ ရောက်တာ၊ မရောက်တာနဲ့ ရာသီနဲ့ မဆိုင်ပါ။ ကျားသုတ်ပိုးသာ ဝင်မလာရင် မမျိုးဥက မျိုးဥအိမ်ထဲဖြစ်ဖြစ်၊ အနီးအနားဖြစ်ဖြစ်၊ ဗိုက်ခေါင်းထဲဖြစ်ဖြစ်၊ တနေရာရာမှာ သက်တမ်းကုန်ရင် ပျက်စီးသွားတယ်။
Dr. တင့်ဆွေ
၁၄-၇-၂ဝ၁ဝ
Q 1: သုတ်ထွက်တဲ့ ပမာဏ အရမ်းကို နဲနေပါတယ်။ အိမ်ထောင်ကျရင် ကလေးရနိုင်ဖို့ ပြဿနာ ရှိနိုင်မလား။
Q 2: ကျွန်တော်က အသက်၂၄ နှစ်ရှိပါပြီ။ သုတ်ရည်ထုတ်တိုင်း ကျဲပါတယ်။ အဲဒါရောဂါရှိတာလား။ ဟော်မုန်းဓါတ်အား နည်းတာလား သိချင်ပါတယ်။ ဆေးကောသောက်လို့ ရမလား။ နောက်ပြီး ခလေးကော ရနိုင်ပါ့မလားဆိုတာ သိချင်ပါတယ်။
ပုံမှန် ယောက်ျား-သုတ်ရည်ဟာ အဖြူနဲ့ မီးခိုးရောင်စပ်ကြားမှာ ရှိတယ်။ တခါတလေ နဲနဲဝါတယ်။ ပန်းရောင်ရှိတယ်။ အနီရောင် ဖြစ်နေရင် သွေးပါနေလို့ပါ။ ကျားအင်္ဂါကနေ ထွက်တာနဲ့ သုတ်ရည်က ခဲလာတော့ ပြစ်ချွဲလာတယ်။ ၅ မိနစ် ကနေ နာရီဝက်မှာ ပြန်ပြီး အရည်ဖြစ်တယ်။ အဲလိုမဖြစ်ရင် ကလေးရနိုင်စွမ်းကို ထိခိုက်စေတယ်။ ပျမ်းမျှဆိုရင် တခါသုတ် ထွက်တာက ၂-၅ စီစီ (မီလီ-လီတာ) ရှိတယ်။ သုတ်မလွှတ်တာ ကြာရင် များပြီး၊ ခဏခဏ ထွက်ရရင် နည်းမယ်။ ရောဂါ မဟုတ်ပါ။
ကမ္ဘာ့ ကျန်းမာရေအဖွဲ့ WHO သတ်မှတ်ချက်ကတော့ -
• သုတ်ရည် တခါထုတ်တာဟာ အနည်းဆုံး ၂ စီစီ ထုထည်ရှိရတယ်၊
• ၁ စီစီ သုတ်ရည်ထဲမှာ Spermatozoa သုတ်ပိုးကောင်ရေ သန်း ၂ဝ ပါရတယ်၊
• တခါထုတ်တာမှာ အနည်းဆုံး သုတ်ပိုး သန်း ၄ဝ ရှိရမယ်၊
• သုတ်ပိုး ၇၅% ရှင်နေတာ ပုံမှန်ဖြစ်ရတယ်၊
• သုတ်ပိုး အနည်းဆုံး ၃ဝ% က ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်ရတယ်၊
• သုတ်ပိုး အနည်းဆုံး ၂၅% က Motility အလျင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
• သုတ်ပိုး အနည်းဆုံး ၅ဝ% က ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
Semen analysis သုတ်ပိုး အရေအတွက်နဲ့ အရည်အသွေးကို စမ်းသပ်တာဟာ ကလေး ရနိုင်စွမ်းအတွက် လုပ်တာပါ။ ဒါ ကောင်းနေယုံနဲ့တော့လဲ အသေအခြာ ကလေးရမှာဘဲလို့ မပြောနိုင်သေးပါ။ အထက်က ရေးထားတာတွေအပြင် White blood cells သွေးဖြူဥ၊ Fructose သကြားဓါတ်၊ pH အက်စစ်ဓါတ်၊ Liquefaction time အရည်ပျော်ချိန်တွေကိုပါ စစ်ဆေးတယ်။ တခါထဲနဲ့ မမှန်နိုင်ဘူး။ ၂ ခါ ၃ ခါ၊ ၂ ပါတ်၊ ၃ ပါတ် ခြားပြီး ထပ်စမ်းရတယ်။
သုတ်ရည်ရဲ့ အရည်အသွေးကို သက်ရောက်စေတဲ့ အချက်တွေ အများကြီးရှိတယ်။
• တကယ် လိင်ဆက်ဆံလို့ ထွက်တဲ့သုတ်က မာစတာဘေးရှင်း လုပ်လို့ ထွက်တာထက် သုတ်ပိုးအရေအတွက် ၁၅% ပိုများတယ်။ လှုတ်ရှားမှု နဲ့ ပုံသဏ္ဌာန်ပါ နဲနဲပိုတယ်။ ထုထည်က ၂၅-၄၅% ပိုတယ်။
• သုတ်ရည်ဟာ အပူချိန် သိပ်မခံနိုင်ဘူး။ ပူရင်၊ နွေရောက်ရင် နဲတယ်။
• Depo-Provera, Adjudin, Gossypol ဆေးတွေက ယောက်ျားတွေကို မြုံစေတယ်။
• Selective serotonin reuptake inhibitors (SSRI) နဲ့ Marijuana တွေကလဲ မကောင်းစေဘူး။
• Penicillin and Tetracycline တွေကလဲ နည်းစေတယ်။
• Anabolic steroids Hormones သုံးရင် အစွမ်းနည်းစေတယ်။
• Coffee and alcohol ကလဲ နည်းစေတယ်။
• Cola အသောက်များတာလဲ အဲလိုဘဲ။
• Soy ပဲပုတ် များတာလဲ အတူတူဘဲ။
• Zinc သွပ်ဓါတ် နည်းရင် နည်းစေတယ်။
• မနက်ခင်း ထွက်တဲ့သုတ်ထက် နောက်ပိုင်းထွက်တာက ကလေးရနိုင်စွမ်း ပိုတယ်။ (ကွဲလွဲချက်ကို သတိထားမိပါလိမ့်မယ်။ သုတေသနတခုက မနက်ခင်း ဆက်ဆံတာကို ပိုအမှတ်ပေးထားတယ်။)
• လိင်ဆက်ဆံနေတဲ့အချိန် ကြာရင် ကလေးရနိုင်စွမ်း ပိုတယ်။
• အသက်၊ ၆ဝ ကျော်လဲ ကလေးရနိုင်သေးတယ်။
ကိုယ့်အထင် တခုထဲနဲ့တော့ သုတ်အရည်အသွေး၊ အရေအတွက် မကောင်းဘူလို့ သောက မများပါနဲ့။ လူအများတကာ့ အများစုဟာ ပုံမှန်တွေချည်းပါ။ (မာစတာဘေးရှင်း) လုပ်လို့ မစိုးရိမ်ပါနဲ့။ မြန်မာ့အာဟာရ ဓါတ်စာတွေမျာ သုတ်ပွါးစာတွေ ရှိတယ်။
Dr. တင့်ဆွေ
၁၄-၁၁-၂ဝ၁ဝ
- Wet dream (2) အိပ်နေတုံးမှာ သုက်ထွက်တာ (၂)
- Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ
- အမျိုးသားများ စိတ်ဖြေခြင်း (Masturbation)
- Masturbation (မာစတာဘေးရှင်း)
- Female Masturbation (2) အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား
- Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁)
- Primolut N အမျိုးသမီးသုံးဆေး
- Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ
- True virgin အပျိုစစ်
- Virginity (1) အပျို တကယ်စစ်ပါတယ်
- အပျိုဖော်ဝင်စအရွယ်
- အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)
- Virginity fraud အပျိုရည် ပျက်ခြင်း
- သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား
- လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿနာ ...
- ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ
- (မီးနီဖြတ်ခြင်း…(သို့) ရာသီလာစဉ် လိင်ဆက်ဆံခြင်း)
- အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ
- ယောက်ျား မိန်းမ အဆစ်နာနှင့် လိင်မှုကိစ္စ
- ပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်
- ပါးစပ်နဲ့  ကာမဂုဏ် ခံစားမှု က လိင်ပိုင်းဆိုင်ရာ ချစ်တင်းနှောမှုမှာ ပိုအရေးပါလာ
- ပါးစပ်နဲ့ လိင်ဆက်ဆံတာ
- လိင်အင်္ဂါကြီးအောင်
- ယောက်ျား-အင်္ဂါ အတိုင်းအတာ
- Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂)
- Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁)
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ၁၃၇
- အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ
- Sperm count သုတ်ပိုးများစေနည်း(၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၈)
- Viagra သန်မာစေတဲ့ဆေး
- Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Early ejaculation (3) သုက်လွှတ်စောခြင်း (၃)
- Early ejaculation (2) သုက်လွှတ်စောခြင်း (၂)
- Early ejaculation (1) သုက်လွှတ်စောခြင်း (၁)
- 10 things that can deflate your Erection ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက်
- သဘာဝအတိုင်းပဲ ကောင်းပါတယ်
- အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်
- Erectile dysfunction (ED) ပန်းသေ-ပန်းညှိုးအတွက် သောက်ဆေးတွေ
- အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း
- အကြွေပန်းပေမဲ့  ရွှေနန်းထိုက်စေချင် ....( အမျိုးသားများ အတွက် ကျန်းမာရေး အသိ )
- သွားဖုံးရောင်ရမ်းသူများ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ သုံးဆခန့်မြင့်မား
- အမျိုးသမီးအားတိုးဆေးဆိုတာရှိသလား
- Female Viagra (1) အမျိုးသမီး ဗိုင်ယာဂရာ (၁)
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- G-spot တကြော့ပြန်လာပြီ
- ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ
- Love Coffee ညစ်ညမ်းကော်ဖီ
- Fake drugs ကာမထကြွဆေးအတုများ သတိထားပါ
- Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ်
- ဒစ်ပို ထိုးဆေးအကြောင်း သိချင်ရင်
- Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
- EXHIBITIONISM ကိုယ့်ဟာကို သူများကို မြင်စေချင်သူ
- Breast reduction ရင်သား သေးအောင်လုပ်ခြင်း
- Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း
- Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါဟု ပြော
- ရင်သား ဖွံ့ဖြိုးအောင်၊ ကိုယ်ခန္ဓာ အချိုးအစားလှအောင်
- ရင်သားကင်ဆာကာကွယ်ဖို့ ......
- Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ
- Benign Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
- တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ....
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- သန္ဓေတားဆေး သောက်နေသလား
- အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်...
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ 136
- တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်
- သန္ဓေတားဆေးနှင့် အသားအရေ
- Depo Provera သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း
- Mirena ဟော်မုန်းပါ သားအိမ်ထဲထားရတဲ့ သန္ဓေတားပစ္စည်း
- Natural Method သဘာဝ တနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း
- လိင် ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှု များကို သုတေသန ပညာရှင် များက ဖော်ထုတ်
- လိင်ဆက်ဆံစဉ်ကွန်ဒုံးပေါက်ပြဲသွားပါသည်။
- Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ
- ရင်သွေးမွေးဖွားမှု ထိန်းချုပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်
- ယောက်ျားများကိုထိန်းနည်း
- Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- ဂေါ်လီ ထည့်တယ်ဆိုတာ အောက်တန်းစားတွေ လုပ်တာ
- ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း
- မိန်းကလေးများ သိထားရမယ့်မီးယပ်သွေးဆုံး လက္ခဏာများ
- Menopause (1) သွေးမဆုံးခင် ဖြစ်ချင်တာတွေ (၁)
- ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါး)
- အမျိုးသမီးများတကိုယ်ရည်သန့် ရှင်းရေး
- Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?
- ချစ်တတ်မှကလေးရနှင့် သားသမီးရတနာ ရစေကြောင်း နည်းလမ်းကောင်းများ
- ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား
- သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ
- Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား
- Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ
- သားသားမီးမီး လိုချင်သည့် အမျိုးသမီးတို့ကို မျိုးအောင်နိုင်စွမ်း မြင့်တက်စေမည့် အစာများ
- သားသမီး ယူလိုသူများ အတွက် သားဥကြွေရက် သိရှိစေရန်
- Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း ......
- IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး
- Pregnancy questions ကိုယ်ဝန်ဆောင် အမေး-အဖြေ
- မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ
- “ကျားသုက်ပိုး + မ-မျိုးဥ ပေါင်ဆုံးပြီး သန္ဓေသားဖြစ်လာပုံ အဆင့်ဆင့်
- ကျေနပ်မှုရရှိသော အိမ်ထောင်သည်အမျိုးသမီးတို့ ထံမှ အကြံပေးချက်များ
- လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု
- အိမ်ထောင်သည်မေးဖြေကျောက်ရုပ်ကြီးကျနေတာပဲ
- နို့နှင့်နို့ထွက် အစားအစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ
- ကလေးယူမည့် ဖခင်များ ဆေးလိပ်ဖြတ်ရမည်
- Pregnancy H mole စပျစ်သီး-ကိုယ်ဝန်
- Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
- မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ
- Abortion မလိုချင်တဲ့ ကိုယ်ဝန်
- ဘာကြောင့်ပဲ မှား မှား အဲဒီအမှားကြောင့်
- Pro-Life and Pro-Choice အသက် နဲ့ အဖျက်
- အမျိုးသား ဆီးလမ်းကြောင်း စနစ်နှင့် မျိုးဆက်ပွား စနစ် ကျန်းမာရေး
- အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ
- Bartholin's cyst (ဘာသိုလင်-ဆစ်စ်)
- Ectopic Pregnancy သားအိမ်ပြင်ပမှာ သန္ဓေဘာလို့တည်ရသလဲ
- Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ
- Sperm and Semen သုက် နဲ့ သုက်ရည်
- မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်…
- Are you born Gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား
- မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း
- Chronic Epididymitis နာတာရှည် ယောက်ျားအကြောရောင်ခြင်း
- ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့
- “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့
- အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သော ရောဂါငါးမျိုး
- အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများHIV
- “Super Sex Bug” ဆူပါပိုး အစိုးရိမ်မကြီးပါနဲ့
- (ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနားချက်
- Polygamy and Health (1) မယား များများယူရင် (၁)
- Child sexual abuse ကလေးသူငယ် လိင်စော်ကားမှု
No comments:
Post a Comment